You are here
Home > Lifestyle > Finance > အသက် ၃၀ အရွယ်မှာ ချမ်းသာဖို့ ဆိုရင်

အသက် ၃၀ အရွယ်မှာ ချမ်းသာဖို့ ဆိုရင်

အသက် ၃၀ အရွယ်မှာ ချမ်းသာဖို့ ဆိုရင်
အသက် ၃၀ အရွယ်မှာ ချမ်းသာဖို့ ဆိုရင်

💰ငွေနောက်ကိုလိုက်ပါ

ကနေ့ ခေတ်စီးပွားရေးအရဆိုရင် သမရိုးကျနည်းတွေနဲ့ ချမ်းသာဖို့ ကခက်ခဲလွန်းပါတယ်။ပထမဆုံးခြေလှမ်းကတော့သင့်ဝင်ငွေတိုးလာဖို့ အာရုံစိုက်ရမယ်။ငွေတွေထပ်ခါ ထပ်ခါဝင်နေဖို့ အာရုံစိုက်နေရမယ်။ခုငွေနောက်ကိုစလိုက်ပါ။ဒီလိုလုပ်ခြင်းအားဖြင့်သင်ဟာ ငွေကိုဘယ်လိုထိန်းချုပ်ရမလဲဆိုတာသိလာပြီး အခွင့်အလမ်းတွေကိုမြင်လာမှာဖြစ်ပါတယ်

💰မကြွားဝါပါနဲ့ ။ တိတ်တဆိတ်ကြိုးစားပါ

သင်ရဲ့လုပ်ငန်း သင့်ရဲ့ရင်းနှီးမြှပ်နှံမှုတွေက ဝင်ငွေမပေါသေးဘဲနဲ့ တန်ဖိုးကြီးကားတွေ, တန်ဖိုးကြီးနာရီတွေဝယ်မဝတ်ပါနဲ့ ။သင့်အလုပ်ကြောင့်လူသိပါစေ။သင်ဝယ်တဲ့အရာတွေကြောင့်လူမသိပါစေနဲ့ ။

💰ရင်းနှီးမြှပ်နှံဖို့ ငွေစုပါ။ ငွေစုဖို့ အတွက်ငွေမစုပါနဲ့ 

ငွေစုဖို့ အတွက်တစ်ခုထဲတော့အကြောင်းပြချက်က ရင်းနှီးမြှပ်နှံဖို့ပါဘဲ။ငွေစုပြီးဆိုတာနဲ့ စုတဲ့ငွေကိုလူံးဝမထိပါနဲ့ ။ဘာအတွက်မှလည်းမသုံးပါနဲ့ ။အရေးပေါ်အတွက်ဆိုရင်တောင်မသုံးပါနဲ့ ။ဒီလိုလုပ်ခြင်းဟာ သင့်ရဲ့ဝင်ငွေကိုတိုးလာစေပါတယ်။

💰အကြွေးယူတာကိုရှောင်ပါ

သင်ဘယ်တော့မှငွေမချေးရအောင် အကောင်းဆူံးငွေကြေးကိုထိန်းချုပ်ပါ။စည်းကမ်းတွေသတ်မှတ်ထားပါ။ချမ်းသာတဲ့သူတွေဟာ ရင်းနှီးမြှပ်နှံမှုအသစ်တွေပြုလုပ်ဖို့ ငွေကြေးစီးဆင်းမှုတိုးတတ်ဖို့ အတွက်သာအကြွေးယူကြတာပါ။ဆင်းရဲတဲ့သူတွေကတော့ ပစ္စည်းတွေဝယ်ဖို့ ငွေချေးကြတယ်။ဒီတော့ ဆင်းရဲတဲ့သူတွေကပိုဆင်းရဲပြီး ချမ်းသာတဲ့သူတွေက ပိုချမ်းသာကြပါတော့တယ်

💰ငွေကို သဝန်တိုတတ်တဲ့ချစ်သူတယောက်လိုပြုမူဆက်ဆံပါ

ငွေတွေပေါများလာပါစေလို့ ဘယ်လောက်ဆုတောင်းနေနေ အချည်းနှီးပါဘဲ။ငွေကြေးပိုင်းဆိုင်ရာလွပ်လပ်မှုရှိရမယ်ဆိုတာ ဦးစားပေးတစ်ခုအနေနဲ့ သတ်မှတ်ထားပါ။ချမ်းသာဖို့ ဆိုရင် ငွေကိုဦးစားပေးတစ်ခုအနေနဲ့ သတ်မှတ်ထားရမယ်။ငွေဆိုတာ သဝန်တိုတတ်တဲ့ချစ်သူလိုဘဲ။သင်ကသူမကိုဂရုမစိုက်ရင် သူမကလည်းသင့်ကိုဂရုစိုက်မှာမဟုတ်ပါဘူး။ဒီထက်ဆိုးလာရင် သူမကသင့်ထက်ပိုကောင်းတဲ့သူတယောက်နဲ့ တွေ့ ပြီးသင့်ကိုစွန့် ခွာကောင်းစွန့် ခွာသွားနိုင်ပါတယ်

💰ပိုက်ဆံကဘယ်တော့မှအိပ်မနေပါဘူး

ပိုက်ဆံဟာ နာရီကိုလည်းမသိဘူး။အချိန်ဇယားတွေကိုလည်းမသိဘူး။အားလပ်ရပ်တွေကိုလည်းမသိဘူး။ငွေက အလုပ်ကြိုးစားတဲ့သူတွေကိုချစ်တယ်။

💰ဆင်းရဲတယ်ဆိုတာ အဓိပ္ပါယ်မရှိတဲ့အရာဘဲ

ဘီဂတ်က ,” ဆင်းဆင်းရဲရဲနဲ့ မွေးလာတာသင့်အပြစ်မဟုတ်ဘူး။ဆင်းဆင်းရဲရဲနဲ့ သေသွားရင်တော့သင့်အပြစ်ဘဲ” လို့ ပြောဖူးပါတယ်။

💰အကောင်းဆုံးစိတ်ခွန်အားပေးနိုင်သူ အကြံပေးနိုင်သူကိုရှာပါ

တိုးတတ်အောင်မြင်ဖို့ ဆိုရင် မိမိကိုတွန်းအားအကောင်းဆုံးပေးနိုင်တဲ့သူကိုရှာဖွေရမယ်။ဒါဟာအကောင်းဆုံးနည်းလမ်းပါဘဲ

💰ကိုယ်ပိုင်လုပ်ငန်းတစ်ခုစတင်ပါ

အမွေတွေ ဘာတွေ စဉ်းစားမနေနဲ့ ။စွန့် ဦးလုပ်ကိုင်သူတွေဟာအကောင်းဆုံး လုပ်ဆောင်နိုင်ပါတယ်။မီလျီယျံနာအများစုဟာ ကိုယ်တိုင်ကြိုးစားပြီးကြွယ်ဝလာသူတွေဖြစ်ပါတယ်။

Credit >> Facebook

Thiha Bo Bo

Myanmar End User ကို အကောင်းဆုံးဖြစ်အောင် တင်ဆက်ပေးသွားပါ့မယ်… ကျွန်တော်နဲ့အတူ Blogger life ကို စိတ်ဝင်စားသူများ Guest blogger များကိုလည်း Myanmar End User မှာ ဝင်ရောက်ရေးသားဖို့ ဖိတ်ခေါ်ပါတယ်…
Facebook Profile: Fb/dev.thihabobo
Email: [email protected]

http://www.myanmarenduser.com

Similar Articles

Leave a Reply

Top
Skip to toolbar