You are here
Home > Hardware > Desktop Computer မွာပါရွိတဲ့ Power Supply အေၾကာင္း သိေကာင္းစရာ

Desktop Computer မွာပါရွိတဲ့ Power Supply အေၾကာင္း သိေကာင္းစရာ

Desktop Computer မွာပါရွိတဲ့ Power Supply အေၾကာင္း သိေကာင္းစရာ
Desktop Computer မွာပါရွိတဲ့ Power Supply အေၾကာင္း သိေကာင္းစရာ

ကြန္ပ်ဴတာတစ္လံုးမွာ power supply က အေရးၾကီးတဲ့ အစိတ္အပိုင္းတစ္ခု ျဖစ္ပါတယ္။ မားသားဘုတ္နဲ႔ အျခားေသာ peripheral device ေတြကို power ေပးရလို႔ပါပဲ။ အ၀င္ AC ကေန အထြက္ DC ကို ေျပာင္းလဲေပးျပီး power ေတြကို distribute လုပ္ေပးရတဲ့ တာ၀န္ကို ထမ္းေဆာင္ရပါတယ္။ မရိွမျဖစ္လိုအပ္တဲ့ ဒီလို power supply တစ္လံုးကြန္ပ်ဴတာမွာ မေကာင္းဘူးဆိုရင္ ဘယ္လိုေတြျဖစ္လာမလဲဆိုတာ ေလ့လာၾကည့္ႏိုင္ပါတယ္။

– Power supply ပ်က္ႏိုင္သည့္ အေၾကာင္းတရားမ်ား

1. FAN
2. Components
3. Cord
4. Connector
5. Electrical surge
6. Default industry

1. FAN – power supply မွာ fan ပါရိွပါတယ္။ ဒီ fan လည္မႈ မလည္မႈေပၚ မူတည္ျပီးေတာ့ troubleshoot လုပ္တဲ့ ေနရာမွာ သံုးသပ္ျပီး လုပ္ေဆာင္လို႔ ရပါတယ္။ အခ်ိဳ႕ power supply ေတြဆို fan ကလည္လို႔ လည္မွန္းေတာင္မသိဘူး အရမ္းညင္သာတယ္၊ ဆူညံမႈ နည္းေလေကာင္းေလေပါ့။ မနက္ ႏွစ္နာရီ သံုးနာရီဆို ေတာ္ေတာ္သိသာတယ္ စက္ေရွ႕မွာ ထိုင္ဖူးရင္ေပါ့။ ဒီ power supply မွာပါတဲ့ fan က တစ္မိနစ္မွာ အပတ္ေရ ဘယ္ေလာက္နဲ႔ လည္ပတ္တယ္ဆိုျပီးေတာ့ တိုင္းတာပါတယ္။ Revolution per minute RPM နဲ႔တိုင္းပါတယ္။ FAN လည္ႏႈန္းက်သြားရင္ power supply က heat ေတြ အရမ္းတက္လာျပီး ပူလာမယ္။ ေနာက္ဆံုး မခံႏိုင္ေတာ့ပဲ ေလာင္သြားမယ္။ ဒါေၾကာင့္ Power supply fan ပံုမွန္လည္ပတ္မႈမရိွပဲ ေႏွးသြားရင္ (သို႔) ပ်က္စီးသြားရင္ power supply ပ်က္ႏိုင္ပါတယ္။

2. Components – power supply ထဲမွာ circuit board ပါရိွပါတယ္။ အဲဒီ circuit board မွာပါတဲ့ components ေတြရဲ႕ ခ်ိဳ႕ယြင္းမႈ ဒါမွမဟုတ္ အပူေၾကာင့္ capacitor မ်ား ေလာင္ကြ်မ္းျခင္း၊ converter circuit ေလာင္ကြ်မ္းျခင္းေၾကာင့္ Power supply ပ်က္စီးႏိုင္ပါတယ္။

3. Cord – ၾကိဳးကေတာ့ ပ်က္ခဲလွပါတယ္။ သူကေပါက္ျပဲ ပ်က္စီးရင္လည္း leakage ျဖစ္တာေၾကာင့္ တစ္ေၾကာင္း ေပါက္ျပဲပ်က္စီးတဲ့ေနရာနဲ႔ motherboard ေပၚက component တစ္ခုခု (သို႔) casing နဲ႔သြားထိျပီး short ျဖစ္ႏိုင္ပါတယ္။ ေပါက္ျပဲတဲ့ေနရာကို တိပ္နဲ႔ပတ္ထားလို႔ေတာ့ ရပါတယ္။ ဒါေပမယ့္ အထြက္ဗို႔ကို တိုင္းၾကည့္ရမွာ ျဖစ္ပါတယ္။

4. Connector – power supply အထြက္မွာ DC ကိုေျပာင္းလဲေပးတဲ့ motherboard ကိုေပးတဲ့ ပါ၀ါ connector, hard disk, CD Rom ကိုေပးတဲ့ Power connector ေတြပါရိွတယ္။ ဒီ power connector ေတြက မေကာင္းရင္ (မ်ားေသာအားျဖင့္ အထြက္ ဗို႔အား မမွန္ရင္ေပါ့ေလ ) တျခား ပစၥည္းေတြကို ထိခိုက္ႏိုင္ပါတယ္။ ဒါေၾကာင့္ connector ေကာင္းဖို႔ လိုပါတယ္။ အထြက္ ဗို႔အား မွန္ဖို႔လိုပါတယ္။ အထြက္ ဗို႔အား မမွန္လို႔ hard disk သံုး၊ ေလးလံုးေလာက္ ပ်က္ခဲ့ဖူးတာလဲ ရိွခဲ့ဖူးေတာ့ connnector ေတြ အထြက္ ဗို႔အား မမွန္ရင္လည္း power connector ကိုျဖဳတ္လဲလို႔ အဆင္မေျပဘူးေလ။ တစ္ခုမေကာင္းရင္ တျခားေခါင္းေတြနဲ႔ ေျပာင္းသံုး ဒါပဲရိွပါတယ္။ ေကာင္းတဲ့ေခါင္းကေနမွ ျပန္ပြားထုတ္ျပီး သံုးရံုပဲရိွတာပဲ။ Hard disk, CD Rom တို႔ကို power ေပးတဲ့ connector က ေလးခုေလာက္ အနည္းဆံုးပါတယ္၊ motherboard connecotor ကေတာ့ အပိုမပါဘူး၊ motherboard connector မေကာင္းလို႔ကေတာ့ အသစ္လဲရဖို႔ မ်ားတယ္။

5. Electric surge – မီးအား ရုတ္တရက္ ျမင့္တက္လိုက္၊ က်သြားလိုက္ ျဖစ္မႈေၾကာင့္ power supply က power load မခံႏိုင္ေတာ့ပဲ power supply ပ်က္စီးႏိုင္ပါတယ္။

6. Default industry – စက္ရံုကေနျပီးေတာ့ ရာနဲ႔ ေထာင္နဲ႔ ခ်ီတဲ့ Power supply ကို ထုတ္လိုက္တာဆိုေတာ့ အပ်က္အစီး အနည္းငယ္ေတာ့ ရိွၾကမွာပါပဲ။ သူငယ္ခ်င္းတစ္ေယာက္လဲ ၾကံဳဖူးတယ္၊ ဘယ္ေလာက္မွ မၾကာေသးဘူး၊ ၀ယ္ျပီး တစ္ပတ္ေလာက္ပဲ ရိွေသးတယ္။ စက္က သူ႔အလိုလုိ ထိုးရပ္သြားတယ္။ တျခား Power supply အစားထိုးၾကည့္ေတာ့ အေကာင္းပကတိအတိုင္း အလုပ္လုပ္ေနတာျဖစ္လို ႔ Power supply ပ်က္တာ ေသခ်ာတာျဖစ္တဲ႔အတြက္ ျပန္လဲလိုက္ရပါတယ္။

– Power supply ပ်က္ျပီဆိုလွ်င္ သိႏိုင္သည့္ အခ်က္မ်ား

1. Crashes
2. Heat
3. Noise and Smell
4. Startup Failure
5. Unexpected shut down
6. Quick shut down

Crashes – power supply ပ်က္လ်င္ မေမွ်ာ္လင့္ပဲ ရုတ္တစ္ရက္ ပါ၀ါ လံုး၀မလာေတာ့ျခင္း (သို႔) Restart ခဏခဏ က်ေနျခင္း၊ processor နဲ႔ RAM တို႔ရဲ႕ Heat က သာမွန္ထက္ ပို၍ပူလာျခင္းဟာ power supply ကိုပ်က္စီးေစႏိုင္တဲ့ လကၡဏာ ေတြပဲျဖစ္ပါတယ္။ ေနာက္ကြန္ပ်ဴတာမွာ power supply failure error message ေတြ အမ်ိဳးမ်ိဳးျပေနတတ္ပါတယ္။

Heat – power supply ပ်က္ျပီဆိုရင္ အရမ္းပူလာျပီး လက္နဲ႔ထိရင္ေတာင္ အေရျပားေလာင္တဲ့အထိ ျဖစ္ႏိုင္တယ္။ အတြင္းက fan က လည္ႏႈန္းတအား ေႏွးသြားလို႔ အပူေတြ အရမ္းထြက္လာတာ ျဖစ္တယ္။ ထိုအတူပဲ CPU နဲ႔ RAM ေတြရဲ႕ temperature ေတြလည္း ျမင့္တက္လာေစႏိုင္တယ္။

Noise and Smell – Power supply က ၀ယ္တုန္းကေတာ့အေကာင္း fan လည္သံေလးက ညင္ညင္သာသာေလး ယခုေတာ့ ဆူဆူညံျဖစ္ေနမယ္။ ေနာက္မီးခိုးနံ႔ လိုလို ေျငာ္နံ႔ လိုလို ရေနမယ္ဆိုရင္ power supply ပ်က္ဖို႔ရာ လကၡဏာေတြ ျဖစ္ပါတယ္။ Fan လည္တဲ့ အသံက မနည္းရုန္းေနရတဲ့ အသံ (သို႔) တအားဆူေနသလား နားေထာင္ၾကည့္ရင္ သိႏိုင္ပါတယ္။ Power supply အနားကပ္ၾကည့္လုိ႔ ေျငာ္နံ႔ မီးခိုးနံ႔ ရေနရင္ power supply လဲရဖို႔မ်ားေနျပီ။

Startup Failure – ကြန္ပ်ဴတာ Power စဖြင့္ဖြင့္ခ်င္းမွာကိုက ဘာမွကို မလာေတာ့တာ power supply fan လည္တဲ့ အသံလည္း မၾကားရသလို power လံုး၀ကို မထြက္ေတာ့တာမ်ိဳး ျဖစ္ပါတယ္။ ဒါဆိုရင္ motherboard နဲ႔ တစ္ျခား peripheral device ေတြကို power မေရာက္ေတာ့ပါဘူး။ Motherboard ဟာ power မရေတာ့တဲ့အတြက္ power supply ပ်က္တဲ့ လကၡဏာပါပဲ။

Unexpected shut down – မေမွ်ာ္လင့္ပဲ သံုးေနတုန္း shut down ျဖစ္ျဖစ္သြားျခင္းဟာ power supply ပ်က္စီးတဲ့ လကၡဏာ တစ္ခုျဖစ္ပါတယ္။

Quick shut down – power ေတာ့ on လို႔ရပါရဲ႕ POST လုပ္ငန္းစဥ္ လုပ္ေနတုန္းပဲ ရိွေသးတယ္။ ျမန္ျမန္ဆန္ဆန္ပဲ shut down ျဖစ္ျပီး power freeze ျဖစ္သြားတယ္ဆိုရင္လည္းပဲ power supply မေကာင္းေတာ့တဲ့ လကၡဏာ ျဖစ္ပါတယ္။ တစ္နည္းအားျဖင့္ Power အလံုအေလာက္မရတာလဲ ျဖစ္ႏိုင္ပါတယ္။

– Power supply ပ်က္ျပီဆိုရင္ ဘာလုပ္မလဲ

အသစ္လဲရံုပဲေပါ့။ ကိုယ္တိုင္ power supply ျပင္တဲ့သူ မဟုတ္ရင္ေပါ့၊ သာမန္ user ေတြအေနနဲ႔ power supply ကို ဖြင့္ျပီး ျပင္ဖို႔ မၾကိဳးစားပါနဲ႔လို႔ ေျပာရမွာပဲ။ အထဲက circuit ဘုတ္မွာ condenser(capacitor) ေတြပါရိွတယ္။ ဒီ capacitor ေတြက power ရရိွစဥ္တုန္းက charge ေတြကို သိုေလွာင္ထားတဲ့ high voltage ေတြျဖစ္ပါတယ္။ သူကအႏၱရယ္မ်ားပါတယ္၊ ဒါေၾကာင့္ ကြ်မ္းက်င္သူသာ ကိုင္သင့္၊ ျပင္သင့္ပါတယ္။ Power supply ၀ယ္မယ္ဆိုရင္ watts မ်ားေလ ပိုေကာင္းေလပါပဲ။

အထက္က အေၾကာင္းအရာေတြက power supply ကိုပဲ ဦးတည္ျပီး ေဆြးေႏြးတာျဖစ္လို႔ ဘယ္အပိုင္းက ျဖစ္တယ္ဆိုတာ စဥ္းစားလို႔ရေအာင္ ေဆြးေႏြးလိုက္ရျခင္း ျဖစ္ပါတယ္။ အေၾကာင္းအရာေတြ ေခါင္းထဲမွာရွိေနရင္ စဥ္းစားရလြယ္ပါတယ္။

Source >> https://www.facebook.com/ipconmdy/posts/454120194925848:0

[Unicode]

ကွန်ပျူတာတစ်လုံးမှာ power supply က အရေးကြီးတဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်ပါတယ်။ မားသားဘုတ်နဲ့ အခြားသော peripheral device တွေကို power ပေးရလို့ပါပဲ။ အဝင် AC ကနေ အထွက် DC ကို ပြောင်းလဲပေးပြီး power တွေကို distribute လုပ်ပေးရတဲ့ တာဝန်ကို ထမ်းဆောင်ရပါတယ်။ မရှိမဖြစ်လိုအပ်တဲ့ ဒီလို power supply တစ်လုံးကွန်ပျူတာမှာ မကောင်းဘူးဆိုရင် ဘယ်လိုတွေဖြစ်လာမလဲဆိုတာ လေ့လာကြည့်နိုင်ပါတယ်။

– Power supply ပျက်နိုင်သည့် အကြောင်းတရားများ

1. FAN
2. Components
3. Cord
4. Connector
5. Electrical surge
6. Default industry

1. FAN – power supply မှာ fan ပါရှိပါတယ်။ ဒီ fan လည်မှု မလည်မှုပေါ် မူတည်ပြီးတော့ troubleshoot လုပ်တဲ့ နေရာမှာ သုံးသပ်ပြီး လုပ်ဆောင်လို့ ရပါတယ်။ အချို့ power supply တွေဆို fan ကလည်လို့ လည်မှန်းတောင်မသိဘူး အရမ်းညင်သာတယ်၊ ဆူညံမှု နည်းလေကောင်းလေပေါ့။ မနက် နှစ်နာရီ သုံးနာရီဆို တော်တော်သိသာတယ် စက်ရှေ့မှာ ထိုင်ဖူးရင်ပေါ့။ ဒီ power supply မှာပါတဲ့ fan က တစ်မိနစ်မှာ အပတ်ရေ ဘယ်လောက်နဲ့ လည်ပတ်တယ်ဆိုပြီးတော့ တိုင်းတာပါတယ်။ Revolution per minute RPM နဲ့တိုင်းပါတယ်။ FAN လည်နှုန်းကျသွားရင် power supply က heat တွေ အရမ်းတက်လာပြီး ပူလာမယ်။ နောက်ဆုံး မခံနိုင်တော့ပဲ လောင်သွားမယ်။ ဒါကြောင့် Power supply fan ပုံမှန်လည်ပတ်မှုမရှိပဲ နှေးသွားရင် (သို့) ပျက်စီးသွားရင် power supply ပျက်နိုင်ပါတယ်။

2. Components – power supply ထဲမှာ circuit board ပါရှိပါတယ်။ အဲဒီ circuit board မှာပါတဲ့ components တွေရဲ့ ချို့ယွင်းမှု ဒါမှမဟုတ် အပူကြောင့် capacitor များ လောင်ကျွမ်းခြင်း၊ converter circuit လောင်ကျွမ်းခြင်းကြောင့် Power supply ပျက်စီးနိုင်ပါတယ်။

3. Cord – ကြိုးကတော့ ပျက်ခဲလှပါတယ်။ သူကပေါက်ပြဲ ပျက်စီးရင်လည်း leakage ဖြစ်တာကြောင့် တစ်ကြောင်း ပေါက်ပြဲပျက်စီးတဲ့နေရာနဲ့ motherboard ပေါ်က component တစ်ခုခု (သို့) casing နဲ့သွားထိပြီး short ဖြစ်နိုင်ပါတယ်။ ပေါက်ပြဲတဲ့နေရာကို တိပ်နဲ့ပတ်ထားလို့တော့ ရပါတယ်။ ဒါပေမယ့် အထွက်ဗို့ကို တိုင်းကြည့်ရမှာ ဖြစ်ပါတယ်။

4. Connector – power supply အထွက်မှာ DC ကိုပြောင်းလဲပေးတဲ့ motherboard ကိုပေးတဲ့ ပါဝါ connector, hard disk, CD Rom ကိုပေးတဲ့ Power connector တွေပါရှိတယ်။ ဒီ power connector တွေက မကောင်းရင် (များသောအားဖြင့် အထွက် ဗို့အား မမှန်ရင်ပေါ့လေ ) တခြား ပစ္စည်းတွေကို ထိခိုက်နိုင်ပါတယ်။ ဒါကြောင့် connector ကောင်းဖို့ လိုပါတယ်။ အထွက် ဗို့အား မှန်ဖို့လိုပါတယ်။ အထွက် ဗို့အား မမှန်လို့ hard disk သုံး၊ လေးလုံးလောက် ပျက်ခဲ့ဖူးတာလဲ ရှိခဲ့ဖူးတော့ connnector တွေ အထွက် ဗို့အား မမှန်ရင်လည်း power connector ကိုဖြုတ်လဲလို့ အဆင်မပြေဘူးလေ။ တစ်ခုမကောင်းရင် တခြားခေါင်းတွေနဲ့ ပြောင်းသုံး ဒါပဲရှိပါတယ်။ ကောင်းတဲ့ခေါင်းကနေမှ ပြန်ပွားထုတ်ပြီး သုံးရုံပဲရှိတာပဲ။ Hard disk, CD Rom တို့ကို power ပေးတဲ့ connector က လေးခုလောက် အနည်းဆုံးပါတယ်၊ motherboard connecotor ကတော့ အပိုမပါဘူး၊ motherboard connector မကောင်းလို့ကတော့ အသစ်လဲရဖို့ များတယ်။

5. Electric surge – မီးအား ရုတ်တရက် မြင့်တက်လိုက်၊ ကျသွားလိုက် ဖြစ်မှုကြောင့် power supply က power load မခံနိုင်တော့ပဲ power supply ပျက်စီးနိုင်ပါတယ်။

6. Default industry – စက်ရုံကနေပြီးတော့ ရာနဲ့ ထောင်နဲ့ ချီတဲ့ Power supply ကို ထုတ်လိုက်တာဆိုတော့ အပျက်အစီး အနည်းငယ်တော့ ရှိကြမှာပါပဲ။ သူငယ်ချင်းတစ်ယောက်လဲ ကြုံဖူးတယ်၊ ဘယ်လောက်မှ မကြာသေးဘူး၊ ဝယ်ပြီး တစ်ပတ်လောက်ပဲ ရှိသေးတယ်။ စက်က သူ့အလိုလို ထိုးရပ်သွားတယ်။ တခြား Power supply အစားထိုးကြည့်တော့ အကောင်းပကတိအတိုင်း အလုပ်လုပ်နေတာဖြစ်လို ့ Power supply ပျက်တာ သေချာတာဖြစ်တဲ့အတွက် ပြန်လဲလိုက်ရပါတယ်။

– Power supply ပျက်ပြီဆိုလျှင် သိနိုင်သည့် အချက်များ

1. Crashes
2. Heat
3. Noise and Smell
4. Startup Failure
5. Unexpected shut down
6. Quick shut down

Crashes – power supply ပျက်လျင် မမျှော်လင့်ပဲ ရုတ်တစ်ရက် ပါဝါ လုံးဝမလာတော့ခြင်း (သို့) Restart ခဏခဏ ကျနေခြင်း၊ processor နဲ့ RAM တို့ရဲ့ Heat က သာမှန်ထက် ပို၍ပူလာခြင်းဟာ power supply ကိုပျက်စီးစေနိုင်တဲ့ လက္ခဏာ တွေပဲဖြစ်ပါတယ်။ နောက်ကွန်ပျူတာမှာ power supply failure error message တွေ အမျိုးမျိုးပြနေတတ်ပါတယ်။

Heat – power supply ပျက်ပြီဆိုရင် အရမ်းပူလာပြီး လက်နဲ့ထိရင်တောင် အရေပြားလောင်တဲ့အထိ ဖြစ်နိုင်တယ်။ အတွင်းက fan က လည်နှုန်းတအား နှေးသွားလို့ အပူတွေ အရမ်းထွက်လာတာ ဖြစ်တယ်။ ထိုအတူပဲ CPU နဲ့ RAM တွေရဲ့ temperature တွေလည်း မြင့်တက်လာစေနိုင်တယ်။

Noise and Smell – Power supply က ဝယ်တုန်းကတော့အကောင်း fan လည်သံလေးက ညင်ညင်သာသာလေး ယခုတော့ ဆူဆူညံဖြစ်နေမယ်။ နောက်မီးခိုးနံ့ လိုလို ငြော်နံ့ လိုလို ရနေမယ်ဆိုရင် power supply ပျက်ဖို့ရာ လက္ခဏာတွေ ဖြစ်ပါတယ်။ Fan လည်တဲ့ အသံက မနည်းရုန်းနေရတဲ့ အသံ (သို့) တအားဆူနေသလား နားထောင်ကြည့်ရင် သိနိုင်ပါတယ်။ Power supply အနားကပ်ကြည့်လို့ ငြော်နံ့ မီးခိုးနံ့ ရနေရင် power supply လဲရဖို့များနေပြီ။

Startup Failure – ကွန်ပျူတာ Power စဖွင့်ဖွင့်ချင်းမှာကိုက ဘာမှကို မလာတော့တာ power supply fan လည်တဲ့ အသံလည်း မကြားရသလို power လုံးဝကို မထွက်တော့တာမျိုး ဖြစ်ပါတယ်။ ဒါဆိုရင် motherboard နဲ့ တစ်ခြား peripheral device တွေကို power မရောက်တော့ပါဘူး။ Motherboard ဟာ power မရတော့တဲ့အတွက် power supply ပျက်တဲ့ လက္ခဏာပါပဲ။

Unexpected shut down – မမျှော်လင့်ပဲ သုံးနေတုန်း shut down ဖြစ်ဖြစ်သွားခြင်းဟာ power supply ပျက်စီးတဲ့ လက္ခဏာ တစ်ခုဖြစ်ပါတယ်။

Quick shut down – power တော့ on လို့ရပါရဲ့ POST လုပ်ငန်းစဉ် လုပ်နေတုန်းပဲ ရှိသေးတယ်။ မြန်မြန်ဆန်ဆန်ပဲ shut down ဖြစ်ပြီး power freeze ဖြစ်သွားတယ်ဆိုရင်လည်းပဲ power supply မကောင်းတော့တဲ့ လက္ခဏာ ဖြစ်ပါတယ်။ တစ်နည်းအားဖြင့် Power အလုံအလောက်မရတာလဲ ဖြစ်နိုင်ပါတယ်။

– Power supply ပျက်ပြီဆိုရင် ဘာလုပ်မလဲ

အသစ်လဲရုံပဲပေါ့။ ကိုယ်တိုင် power supply ပြင်တဲ့သူ မဟုတ်ရင်ပေါ့၊ သာမန် user တွေအနေနဲ့ power supply ကို ဖွင့်ပြီး ပြင်ဖို့ မကြိုးစားပါနဲ့လို့ ပြောရမှာပဲ။ အထဲက circuit ဘုတ်မှာ condenser(capacitor) တွေပါရှိတယ်။ ဒီ capacitor တွေက power ရရှိစဉ်တုန်းက charge တွေကို သိုလှောင်ထားတဲ့ high voltage တွေဖြစ်ပါတယ်။ သူကအန္တရယ်များပါတယ်၊ ဒါကြောင့် ကျွမ်းကျင်သူသာ ကိုင်သင့်၊ ပြင်သင့်ပါတယ်။ Power supply ဝယ်မယ်ဆိုရင် watts များလေ ပိုကောင်းလေပါပဲ။

အထက်က အကြောင်းအရာတွေက power supply ကိုပဲ ဦးတည်ပြီး ဆွေးနွေးတာဖြစ်လို့ ဘယ်အပိုင်းက ဖြစ်တယ်ဆိုတာ စဉ်းစားလို့ရအောင် ဆွေးနွေးလိုက်ရခြင်း ဖြစ်ပါတယ်။ အကြောင်းအရာတွေ ခေါင်းထဲမှာရှိနေရင် စဉ်းစားရလွယ်ပါတယ်။

Source >> https://www.facebook.com/ipconmdy/posts/454120194925848:0

Thiha Bo Bo
Myanmar End User ကို အေကာင္းဆံုးျဖစ္ေအာင္ တင္ဆက္ေပးသြားပါ့မယ္... ကြ်န္ေတာ္နဲ႔အတူ Blogger life ကို စိတ္ဝင္စားသူမ်ား Guest blogger မ်ားကိုလည္း Myanmar End User မွာ ဝင္ေရာက္ေရးသားဖုိ႔ ဖိတ္ေခၚပါတယ္... Facebook Profile: Fb/dev.thihabobo Email: [email protected]
http://www.myanmarenduser.com

Similar Articles

Leave a Reply

Top
Skip to toolbar