You are here
Home > PC & Mobile > Internet > Telenor SIM Card ကို အွန်လိုင်းမှ Register လုပ်ပုံလုပ်နည်း

Telenor SIM Card ကို အွန်လိုင်းမှ Register လုပ်ပုံလုပ်နည်း

၁၅၀၀ တန် SIM Card တွေ ပေါများလာတဲ့အနောက်ပိုင်းမှာ Smartphone တွေ အသုံးများလာသလို အင်တာနက်ကိုလည်း လူကြီးလူငယ်မရွေး သုံးလာကြပါပြီ။ အင်တာနက်တွေ အရင်ထက်မြန်ဆန်လွယ်ကူလာတာနဲ့အမျှ လူတိုင်းက အင်တာနက်ကို အားကိုးလာကြပါတယ်။ အင်တာနက် အသုံးပြုခြင်းက အချိန်၊ လူအင်အား၊ နှင့်ငွေကြေးတို့ကို များစွာ သက်သာစေပါတယ်။

အွန်လိုင်းပေါ်က မှတ်ပုံတင်မလား (သို့) သက်ဆိုင်ရာ အရောင်းပြခန်းတွေမှာ မှတ်ပုံတင်မလား

ဒီမေးခွန်းကိုမေးရင် လူတိုင်းနီးပါး အွန်လိုင်းကနေ မှတ်ပုံတင်မယ်လို့ပဲ ပြန်ဖြေကြလိမ့်မယ်ဆိုတာ ၉၉% သေချာပါတယ်။ အကြောင်းရင်းကတော့ အရောင်းပြခန်းကို မသွားရတဲ့အတွက် အချိန်၊ ငွေ၊ နှင့် လူအင်အားကို သက်သာစေတဲ့အတွက်ပဲ ဖြစ်ပါတယ်။ ဒါကြောင့် အွန်လိုင်းပေါ်မှာ သက်တောင့်သက်သာ မှတ်ပုံတင်နည်းကို ရေးသားပေးလိုက်ပါတယ်။

မှတ်ပုံတင်ကို ဓါတ်ပုံရိုက်ယူပါ

ပထမဆုံး အွန်လိုင်းပေါ်မှ ဆင်းမ်ကတ်များ မှတ်ပုံတင်ရန်အတွက် မိမိနိုင်ငံသား မှတ်ပုံတင် (သို့မဟုတ်) သက်သေခံကတ်များကို Scan ဖတ်စက်ရှိပါက Scan ဖတ်စက်ဖြင့် JPEG, JPG စသည့် ရုပ်ပုံ Format ပြုလုပ်ထားပါ။ Scan ဖတ်စက် မရှိသူများ မိမိဖုန်းကင်မရာဖြင့် မိမိနိုင်ငံသားမှတ်ပုံတင် (သို့မဟုတ်) သက်သေခံကတ်ပြားကို ဓါတ်ပုံရိုက်ယူနိုင်ပါတယ်။ ဓါတ်ပုံရိုက်ယူတဲ့အခါမှာ Upload ပမာဏကို အများဆုံး 3 Mb သတ်မှတ်ထားတဲ့အတွက် ဖုန်းကင်မရာရဲ့ Resolution ကိုလျှော့ပြီး ရိုက်ယူရမှာ ဖြစ်ပါတယ်။ နမူနာပုံစံကို အောက်မှာကြည့်နိုင်ပါတယ်။

မှတ်ပုံတင်နမူနာအရှေ့ဘက်
မှတ်ပုံတင်နမူနာအရှေ့ဘက်

အပေါ်ပုံကတော့ နိုင်ငံသားစီစစ်ရေးကတ် ရှေ့ဘက်ပုံဖြစ်ပြီး အောက်ကပုံကတော့ နိုင်ငံသားစီစဉ်ရေးကတ် ကျောဘက်ပုံပဲ ဖြစ်ပါတယ်။

မှတ်ပုံတင်နမူနာအနောက်ဘက်
မှတ်ပုံတင်နမူနာအနောက်ဘက်

နမူနာအားဖြင့် နိုင်ငံသားစီစဉ်ရေးကတ်ဖြင့် ဖော်ပြပေးထားတာဖြစ်ပေမယ့် အခြားသော ပတ်စပို့စ်များနှင့် ယာယီကတ်များကိုလည်း အထက်ပါပုံများအတိုင်း Crop ပြုလုပ်ပေးရမှာဖြစ်ပါတယ်။

MPT SIM Card ကို အွန်လိုင်းကနေ Register လုပ်ပုံလုပ်နည်း | Ooredoo SIM Card ကို အွန်လိုင်းမှ Register လုပ်ပုံလုပ်နည်း

Telenor SIM Card မှတ်ပုံတင်ခြင်း

ပထမဆုံး မှတ်ပုံတင်ဖို့အတွက် အောက်ပါ အချိတ်အဆက်ကို သွားပါ။

https://ecaf.telenor.com.mm

အောက်ပါပုံကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။

Telenor SIM စတင် မှတ်ပုံတင်ရမည့်နေရာ
Telenor SIM စတင် မှတ်ပုံတင်ရမည့်နေရာ

မှတ်ပုံတင်ရန် စတင်လုပ်ဆောင်မည်ဆိုပါက စတင်မည်ကို နှိပ်ပေးရမှာ ဖြစ်ပါတယ်။ စတင်မည်ကို နှိပ်လိုက်ပါက အောက်ပါပုံကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။

မှတ်ပုံတင်မည့် ဖုန်းနံပါတ်ထည့်ရန်
မှတ်ပုံတင်မည့် ဖုန်းနံပါတ်ထည့်ရန်

မိုဘိုင်းဖုန်းနံပါတ် ဆိုသည့်နေရာမှာ မှတ်ပုံတင်မယ့် Telenor ဖုန်းနံပါတ်ကို ထည့်ပေးရမှာ ဖြစ်ပါတယ်။ ဖုန်းနံပါတ် ထည့်ပြီးပါက ဝင်လိုက်ပါ ကို နှိပ်ပါ။ တချိန်တည်းမှာပဲ မိုဘိုင်းဖုန်းနံပါတ်နေရာမှာ ထည့်လိုက်တဲ့ ဖုန်းနံပါတ်ကို SMS မှ နံပါတ် ၄ လုံး ပေးပို့မှာ ဖြစ်ပါတယ်။ အောက်ပါပုံကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။

ဖုန်းနံပါတ် မှန်ကန်ကြောင်း အတည်ပြုပါ
ဖုန်းနံပါတ် မှန်ကန်ကြောင်း အတည်ပြုပါ

SMS မှ ပေးပို့လာသော နံပါတ် ၄ လုံးကို SMS မှ မှန်ကန်ကြောင်းအတည်ပြုသော ကုတ်နံပါတ် နေရာမှာ ထည့်ပါ။ ထည့်ပြီးပါက ဝင်လိုက်ပါကို နှိပ်ပါ။ မှတ်ပုံတင်ပြီးသော နံပါတ်ဖြစ်ပါက ပထမပုံကို မြင်တွေ့ရမှာ ဖြစ်ပြီး မှတ်ပုံမတင်ရသေးပါက ဒုတိယပုံကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။ မှတ်ပုံတင်ပြီးကြောင်း မြင်တွေ့ရပါက ဆက်လက်လုပ်ဆောင်ရန် မလိုတော့ပါ။ အကယ်၍ မိမိမှတ်ပုံတင်နံပါတ် မဟုတ်ပဲ အခြားသော မှတ်ပုံတင်နံပါတ် ဖြစ်ပါက Telenor showroom သို့ သွားရောက်ကာ ပြန်လည် မှတ်ပုံတင်ရမှာ ဖြစ်ပါတယ်။

မှတ်ပုံမတင်ရသေးပါက ဒုတိယပုံအတိုင်း ဆက်လက်လုပ်ဆောင်ပါ။

မှတ်ပုံတင်ထားပြီး နံပါတ်ဖြစ်ပါက မြင်ရမည့်ပုံ
မှတ်ပုံတင်ထားပြီး နံပါတ်ဖြစ်ပါက မြင်ရမည့်ပုံ

 

မှတ်ပုံမတင်ရသေးသူများ မြင်တွေ့ရမည့်ပုံ
မှတ်ပုံမတင်ရသေးသူများ မြင်တွေ့ရမည့်ပုံ

မှတ်ပုံမတင်ရသေးသော နံပါတ်ဖြစ်ပါက ရှေ့သို့ ကို နှိပ်ပါ။ အောက်ပါပုံကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။

မှတ်ပုံတင် Upload တင်ရန်
မှတ်ပုံတင် Upload တင်ရန်

ပုံမှာ ပြထားတဲ့အတိုင်း မှတ်ပုံတင်များကို Upload ပြုလုပ်ရန် Browse ကို နှိပ်ပြီး ရွေးချယ်ပေးရမှာ ဖြစ်ပါတယ်။ အပြာရောင်လေးထောင့်ကွက်လေးတွေကိုတော့ အမှန်ခြစ် ထားပေးရမှာ ဖြစ်ပါတယ်။ ပြီးပါက အတည်ပြုမည် ကို နှိပ်ပါ။ အောက်က ပုံကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။

မှတ်ပုံတင်များ Upload ဖြစ်သွားပါက မြင်တွေ့ရမည့်ပုံ
မှတ်ပုံတင်များ Upload ဖြစ်သွားပါက မြင်တွေ့ရမည့်ပုံ

မှတ်ပုံတင် Upload ပြုလုပ်ခြင်း ပြီးဆုံးသွားပါက အထက်ပါပုံကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။ အတည်ပြုမည် ကို နှိပ်ပြီး Telenor SIM Online Registration ကို ပြီးဆုံးစေမှာ ဖြစ်ပါတယ်။

မှတ်ပုံတင်ခြင်း ပြီးဆုံးကြောင်း ပြသောပုံ

MPT SIM Card ကို အွန်လိုင်းကနေ Register လုပ်ပုံလုပ်နည်း | Ooredoo SIM Card ကို အွန်လိုင်းမှ Register လုပ်ပုံလုပ်နည်း

Thiha Bo Bo
Myanmar End User ကို အကောင်းဆုံးဖြစ်အောင် တင်ဆက်ပေးသွားပါ့မယ်... ကျွန်တော်နဲ့အတူ Blogger life ကို စိတ်ဝင်စားသူများ Guest blogger များကိုလည်း Myanmar End User မှာ ဝင်ရောက်ရေးသားဖို့ ဖိတ်ခေါ်ပါတယ်...
http://www.myanmarenduser.com

Similar Articles

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.

Top