You are here
Home > Lifestyle > Self Improvement > TELENOR ၏ အလုပ္သင္ဝန္ထမ္းအစီအစဥ္ ေလွ်ာက္ထားႏိုင္

TELENOR ၏ အလုပ္သင္ဝန္ထမ္းအစီအစဥ္ ေလွ်ာက္ထားႏိုင္

TELENOR ၏ အလုပ္သင္ဝန္ထမ္းအစီအစဥ္ ေလွ်ာက္ထားႏိုင္
TELENOR ၏ အလုပ္သင္ဝန္ထမ္းအစီအစဥ္ ေလွ်ာက္ထားႏိုင္

Zawgyi Version

Telenor Myanmar မွ အလုပ္သင္ဝန္ထမ္းအစီအစဥ္ကို ေလွ်ာက္ထားႏိုင္ေၾကာင္း သတင္းရရွိသည္။

အဆိုပါအစီအစဥ္ကို ယခုႏွစ္မွ စတင္ကာ တစ္ႏွစ္လွ်င္ႏွစ္ႀကိမ္ ျပဳလုပ္ေပးမည္ျဖစ္ေၾကာင္းသိရ သည္။ သတင္းအခ်က္အလက္ႏွင့္ နည္းပညာ၊ ကြန္ပ်ဴတာသိပၸံ၊ ကြန္ပ်ဴတာနည္းပညာ၊ အီလက္ထေရာနစ္ႏွင့္ လွ်ပ္စစ္ဆိုင္ရာအင္ဂ်င္နီယာ၊ စီးပြားေရးစီမံခန္႔ခြဲမႈ၊ လူ႔အရင္းအျမစ္ စီမံခန္႔ခြဲမႈ၊ လူထုဆက္ဆံေရးရာႏွင့္ ဆက္သြယ္ျပန္ၾကားေရးရာ စသည့္ဘာသာရပ္မ်ားကို အဓိကျပဳထားသည့္ ေက်ာင္းၿပီးစႏွင့္ တက္ေရာက္ဆဲေက်ာင္းသား ေက်ာင္းသူမ်ားေလွ်ာက္ထားႏိုင္ေၾကာင္း၊ အဆိုပါအစီအစဥ္ကို ေလွ်ာက္ထားႏိုင္ရန္အတြက္ Telenor ၏လုပ္ငန္းက႑မ်ားႏွင့္ ဆက္စပ္မႈရွိေသာ အျခားဘာသာရပ္မ်ားကို အဓိကျပဳသူမ်ားလည္း ပါ၀င္ႏိုင္ေၾကာင္း သိရသည္။

ႏွစ္စဥ္ ႏွစ္ႀကိမ္ေခၚယူမႈတြင္ ေမလအတြက္ အလုပ္သင္ေရြး ခ်ယ္မႈကို မတ္လႏွင့္ဧၿပီလမ်ား တြင္လည္းေကာင္း၊ ေအာက္တိုဘာလအတြက္ ေရြးခ်ယ္မႈကိုၾသဂုတ္လႏွင့္ စက္တင္ဘာလမ်ားတြင္လည္းေကာင္း ေဆာင္ရြက္မည္ျဖစ္ေၾကာင္း၊ စိတ္ပါ၀င္စားသူမ်ား အေနျဖင့္ ေလွ်ာက္လႊာမ်ားကို Telenor ၏၀က္ဘ္ဆိုက္မွရယူၿပီး [email protected] သို႔ ေပးပို႔ေလွ်ာက္ထားႏိုင္ေၾကာင္း သိရသည္။ အဆိုပါအစီအစဥ္ကို ၂၀၁၆ ခုႏွစ္တြင္ စတင္ခဲ့ျခင္းျဖစ္ၿပီး တကၠသိုလ္၊ ေကာလိပ္ေျခာက္ ခုတို႔မွ အလုပ္သင္ ၂၆ ဦးကို ေရြးခ်ယ္လက္ခံခဲ့ေၾကာင္းသိရသည္။

ေမလအတြက္ အလုပ္သင္ဝန္ထမ္းအစီအစဥ္ကို ေဆာင္ရြက္ၿပီး ျဖစ္ကာ ေက်ာင္းသူ၊ ေက်ာင္းသား ၁၃ ဦးပါ၀င္ခဲ့ေၾကာင္းသိရသည္။ ယင္းတို႔သည္ Telenor ၏ နည္းပညာ၊ ေစ်းကြက္ေဖာ္ေဆာင္ေရးႏွင့္ လူမႈအက်ိဳးျပဳအစီအစဥ္လုပ္ငန္းက႑မ်ားတြင္ ေလ့လာသင္ယူၾကမည္ျဖစ္ေၾကာင္း၊ သက္ဆိုင္ရာအလုပ္ခြင္သို႔ မဝင္ေရာက္မီ အလုပ္ခြင္အတြင္း သိသင့္သည္ မ်ားကို ရွင္းလင္းေျပာၾကားမည့္ သံုးရက္ၾကာ အလုပ္ခြင္မိတ္ဆက္ အစီအစဥ္ကိုစတင္တက္ေရာက္ ၾကရမည္ျဖစ္ေၾကာင္း သိရသည္။

Unicode Version

Telenor Myanmar မှ အလုပ်သင်ဝန်ထမ်းအစီအစဉ်ကို လျှောက်ထားနိုင်ကြောင်း သတင်းရရှိသည်။

အဆိုပါအစီအစဉ်ကို ယခုနှစ်မှ စတင်ကာ တစ်နှစ်လျှင်နှစ်ကြိမ် ပြုလုပ်ပေးမည်ဖြစ်ကြောင်းသိရ သည်။ သတင်းအချက်အလက်နှင့် နည်းပညာ၊ ကွန်ပျူတာသိပ္ပံ၊ ကွန်ပျူတာနည်းပညာ၊ အီလက်ထရောနစ်နှင့် လျှပ်စစ်ဆိုင်ရာအင်ဂျင်နီယာ၊ စီးပွားရေးစီမံခန့်ခွဲမှု၊ လူ့အရင်းအမြစ် စီမံခန့်ခွဲမှု၊ လူထုဆက်ဆံရေးရာနှင့် ဆက်သွယ်ပြန်ကြားရေးရာ စသည့်ဘာသာရပ်များကို အဓိကပြုထားသည့် ကျောင်းပြီးစနှင့် တက်ရောက်ဆဲကျောင်းသား ကျောင်းသူများလျှောက်ထားနိုင်ကြောင်း၊ အဆိုပါအစီအစဉ်ကို လျှောက်ထားနိုင်ရန်အတွက် Telenor ၏လုပ်ငန်းကဏ္ဍများနှင့် ဆက်စပ်မှုရှိသော အခြားဘာသာရပ်များကို အဓိကပြုသူများလည်း ပါဝင်နိုင်ကြောင်း သိရသည်။

နှစ်စဉ် နှစ်ကြိမ်ခေါ်ယူမှုတွင် မေလအတွက် အလုပ်သင်ရွေး ချယ်မှုကို မတ်လနှင့်ဧပြီလများ တွင်လည်းကောင်း၊ အောက်တိုဘာလအတွက် ရွေးချယ်မှုကိုသြဂုတ်လနှင့် စက်တင်ဘာလများတွင်လည်းကောင်း ဆောင်ရွက်မည်ဖြစ်ကြောင်း၊ စိတ်ပါဝင်စားသူများ အနေဖြင့် လျှောက်လွှာများကို Telenor ၏ဝက်ဘ်ဆိုက်မှရယူပြီး [email protected] သို့ ပေးပို့လျှောက်ထားနိုင်ကြောင်း သိရသည်။ အဆိုပါအစီအစဉ်ကို ၂၀၁၆ ခုနှစ်တွင် စတင်ခဲ့ခြင်းဖြစ်ပြီး တက္ကသိုလ်၊ ကောလိပ်ခြောက် ခုတို့မှ အလုပ်သင် ၂၆ ဦးကို ရွေးချယ်လက်ခံခဲ့ကြောင်းသိရသည်။

မေလအတွက် အလုပ်သင်ဝန်ထမ်းအစီအစဉ်ကို ဆောင်ရွက်ပြီး ဖြစ်ကာ ကျောင်းသူ၊ ကျောင်းသား ၁၃ ဦးပါဝင်ခဲ့ကြောင်းသိရသည်။ ယင်းတို့သည် Telenor ၏ နည်းပညာ၊ ဈေးကွက်ဖော်ဆောင်ရေးနှင့် လူမှုအကျိုးပြုအစီအစဉ်လုပ်ငန်းကဏ္ဍများတွင် လေ့လာသင်ယူကြမည်ဖြစ်ကြောင်း၊ သက်ဆိုင်ရာအလုပ်ခွင်သို့ မဝင်ရောက်မီ အလုပ်ခွင်အတွင်း သိသင့်သည် များကို ရှင်းလင်းပြောကြားမည့် သုံးရက်ကြာ အလုပ်ခွင်မိတ်ဆက် အစီအစဉ်ကိုစတင်တက်ရောက် ကြရမည်ဖြစ်ကြောင်း သိရသည်။

Credit >> Internet Journal

Thiha Bo Bo

Myanmar End User ကို အေကာင္းဆံုးျဖစ္ေအာင္ တင္ဆက္ေပးသြားပါ့မယ္… ကြ်န္ေတာ္နဲ႔အတူ Blogger life ကို စိတ္ဝင္စားသူမ်ား Guest blogger မ်ားကိုလည္း Myanmar End User မွာ ဝင္ေရာက္ေရးသားဖုိ႔ ဖိတ္ေခၚပါတယ္…
Facebook Profile: Fb/dev.thihabobo
Email: [email protected]

http://www.myanmarenduser.com

Similar Articles

Leave a Reply

Top
Skip to toolbar