You are here
Home > Posts tagged "Social Engineering"

ဖုန်းကံထူးတယ်ဆိုပြီး အယုံသွင်းခြင်း (သို့မဟုတ်) Social Engineering


ကျွန်တော်တို့ IT လောကမှာဆိုရင် SE လို့ခေါ်တဲ့ Social Engineering ဆိုတာ ရှိပါတယ်။ Computer လုံခြုံရေးကို ထိုးဖောက်ဖို့ သို့မဟုတ် တစ်ကိုယ်ရေ လုံခြုံရေးကို ထိုးဖောက်ဖို့အတွက် သတင်းအချက်အလက်ကို အယုံသွင်းပြီး လှည့်ဖျားရယူတာဖြစ်ပါတယ်။ တကယ်တော့ Social Engineering ဟာ IT လောကထဲမှာချည်း ရှိတာမဟုတ်ပါဘူး။ အပြင်လောကမှာလည်း ရှိပါတယ်။ လက်တလော ရေပန်းစားနေတဲ့ ဖုန်းလိမ်ရောင်းတဲ့ ကိစ္စပဲ ဖြစ်ပါတယ်။ လူကြီးမင်းရဲ့ ဖုန်းနံပါတ် ကံစမ်းမဲပေါက်လို့ဆိုပြီး ဖုန်းဝင်လာပါလိမ့်မယ်။ ပြီးပါက ၃ သိန်းကျော်တန်တဲ့ ဖုန်းကို ၁ သိန်း ၃ သောင်းနဲ့ ရပါမယ်။ အပိုအနေနဲ့ ၅ သောင်းတန် လက်ပတ်နာရီတစ်လုံးပါ လက်ဆောင်ပေးဦးမှာ ဖြစ်ပါတယ်ဆိုပြီး ဖုန်းဆက်လာပါလိမ့်မယ်။

Top