You are here
Home > Hardware > Technology Explained > Laptop ရဲ့ Lip ကို ပိတ်လိုက်ပေမယ့်လည်း သီချင်းတွေ ဖွင့်လို့ရအောင် လုပ်နည်း

Laptop ရဲ့ Lip ကို ပိတ်လိုက်ပေမယ့်လည်း သီချင်းတွေ ဖွင့်လို့ရအောင် လုပ်နည်း

ဖုန်းတွေလို Screen off လိုက်တာနဲ့ Laptop မှာလည်း Lid ( မော်နီတာ) ကိုပိတ်လိုက်တာနဲ့ Sleep ဖြစ်မသွားပဲ သီချင်းတွေ Software တွေ Run နေအောင် ပြုလုပ်နည်းကို မသိသေးသူများအတွက် တင်ပေးလိုက်ပါတယ်။

တကယ်တော့ Laptop တွေမှာ ပုံမှန်အားဖြင့် Lid ကို ပိတ်ရင် Sleep ဖြစ်ပါဆိုပြီး Setting ချိန်ထားတာ ဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ Lid ကို ပိတ်လိုက်တဲ့အခါ Software တွေ Run နေအောင်ဆိုရင် Sleep ဖြစ်မသွားဖို့လိုပါတယ်။ Sleep မဖြစ်ဖို့ဆိုရင် Sleep နေရာမှာ Do nothing ကို ပြောင်းထားပေးရမှာ ဖြစ်ပါတယ်။  Do nothing ထားလိုက်ရင် မော်နီတာ ပိတ်သွားမှာဖြစ်ပြီး စက်ကတော့ Run နေဦးမှာ ဖြစ်ပါတယ်။ ဒီလိုထားလိုက်ရင် တစ်ခု သတိထားရမှာက ဘက်တရီနဲ့ သုံးနေတဲ့အချိန်ဆို ဘက်ထရီကုန်သွားနိုင်ပါတယ်။ ဘက်ထရီ 0% အထိ ကုန်သွားရင် ဘက်ထရီပျက်သွားနိုင်ပါတယ်။ ဒါကြောင့် ဘက်ထရီ ကုန်မသွားစေဖို့ သတိထားဖို့တော့ လိုပါလိမ့်မယ်။

Lip setting ကို ပြောင်းမယ်

ကျွန်တော်တို့ ခုလုပ်မယ့်ဟာက Power နဲ့ ဆိုင်တာ ဖြစ်တဲ့အတွက် Control panel ကနေ Power settings ကို သွားရမှာ ဖြစ်ပါတယ်။ Control panel ကို သွားဖို့အတွက် Run box ကနေ control လို့ ရိုက်ခေါ်နိုင်ပါတယ်။ Run box မခေါ်တတ်တဲ့ သူတွေကတော့ Start ရဲ့ Search ကနေ control လို့ ရိုက်လိုက်ပါ။ ဒါဆို Control panel ဆိုတာလေး ပေါ်လာပါလိမ့်မယ်။

Control panel ကို search ကနေ ရှာဖွေပုံ
Control panel ကို search ကနေ ရှာဖွေပုံ

Control panel ကို search ကနေ ရှာဖွေပုံ မှာ control လို့ ရိုက်ပြီး Control panel ကို ရှာထားတာ ဖြစ်ပါတယ်။ control လို့ရိုက်ပြီး Enter ခေါက်ရင်လည်း Control panel ကို တန်းရောက်ပါတယ်။ အောက်ကပုံကို ဆက်ကြည့်ပါ။

Control panel ကို Categories view အနေနဲ့ မြင်တွေ့ရပုံ
Control panel ကို Category view အနေနဲ့ မြင်တွေ့ရပုံ

Control panel ကို Category view အနေနဲ့ ပုံပါအတိုင်း မြင်တွေ့ရပါက View by: Category မှာ Category ကို ကလစ်လုပ်ပါက Larg icons နဲ့ Small icons ကျလာပါလိမ့်မယ်။ နှစ်သက်ရာတစ်ခုကို ရွေးလိုက်ပါ။ ပြီးပါက Power options ကို ရှာပြီး ဖွင့်ပါ။ အောက်ပါပုံအတိုင်း Power options ကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။

Power options ကို မြင်တွေ့ရပုံ
Power options ကို မြင်တွေ့ရပုံ

Power options မှ အဝါရောင်ပြထားတဲ့ Chose what closing the lid does ကို ကလစ်လုပ်ပါ။ အောက်ပုံကို ဆက်ကြည့်ပါ။

Lip ပိတ်လိုက်ပါက Do nothing ပြုလုပ်ထားပုံ
Lid ပိတ်လိုက်ပါက Do nothing ပြုလုပ်ထားပုံ

Chose what closing the lid does ကို ကလစ်လုပ်လိုက်ပါက ပုံမှာ အဝါရောင်ပြထားတဲ့ When I close the lid ရဲ့ On battery နဲ့ Plugged in မှာ When I press the power button မှာ ကဲ့သို့ Sleep ဖြစ်နေပါလိမ့်မယ်။ Sleep ကို ကလစ်လိုက်ပါက Do nothing, Sleep, Hibernate, နဲ့ Shutdown ကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။ Do nothing ကို ရွေးချယ်ပါ။ တကယ်၍ Battery နဲ့ Run တဲ့အခါ Sleep ပဲ ထားချင်တယ်ဆိုပါက On battery နေရာမှာ Sleep ကိုပဲ ထားပါ။ ဒါဆို Download ဆွဲပြီး lid ပိတ်ထားတာ ဖြစ်ဖြစ်၊ သီချင်းဖွင့်ပြီး Lid ပိတ်ထားတာ ဖြစ်ဖြစ် Laptop ဟာ Sleep ဖြစ်မသွားပဲ ဆက်လက် အလုပ်လုပ်နေမှာ ဖြစ်ပါတယ်။

Myanmar End User သို့ နည်းပညာ အခက်အခဲများနှင့် နည်းပညာ ဆောင်းပါးများ စောင့်ဖတ်ချင်ပါက Myanmar End User ရဲ့ Facebook page နဲ့ Group ကို Like ပြီး Join ထားဖို့ မမေ့ပါနဲ့နော်…

Facebook page >> www.facebook.com/MyanmarEndUser
Facebook group >> www.facebook.com/groups/myanmarenduser
Website >> www.myanmarenduser.com

Thiha Bo Bo
Myanmar End User ကို အကောင်းဆုံးဖြစ်အောင် တင်ဆက်ပေးသွားပါ့မယ်... ကျွန်တော်နဲ့အတူ Blogger life ကို စိတ်ဝင်စားသူများ Guest blogger များကိုလည်း Myanmar End User မှာ ဝင်ရောက်ရေးသားဖို့ ဖိတ်ခေါ်ပါတယ်...
http://www.myanmarenduser.com

Similar Articles

Leave a Reply

Top