You are here
Home > Hardware > Technology Explained > SSD ဆိုသည် မှာ

SSD ဆိုသည် မှာ

SSD (Solid State Drive)
SSD (Solid State Drive)

Solid State Drive လို့ အဓိပ္ပါယ် ရပါတယ်။ နေ့စဉ် သုံးစွဲ နေကြတဲ့ ဒက်စတော့ ၊ လက်ပ်တော့ပ် ကွန်ပြူတာ တွေ မှာ အရင် က ဆို hard disk ကို အသုံးပြု ကြပေမယ့်၊ တဖြည်းဖြည်း ပိုပြီး ပေါ့ပါး၊ မြန်ဆန် တဲ့ SSD ကို အစားထိုး သုံးစွဲလာကြပါပြီ။ Hard disk များသည် platter ကို read/write head များ နှင့် ဖတ်ခြင်းမျိုး ဖြစ်တာကြောင့်၊ data အသွင်း အထုတ် လုပ်ဖို့ အချိန် ကြာမြင့် ပါတယ်၊ လွတ်ကျပါကလည်း အလွယ်တကူ ပျက်ဆီး နိုင်ပါတယ်၊ အားသာချက် တခုအနေ နဲ့ ကတော့ တဖြည်းဖြည်း ဈေး သက်သာ လာ ခြင်း ပဲ ဖြစ်ပါတယ်။
SSD အနေ နဲ့ ကတော့ data ကို memory chips မှာ သိမ်းဆည်း ပါတယ်၊ ကွန်ပြူတာ power off လုပ်လည်း SSD မှာ သိမ်းဆည်း ထား သည့် data သည် ပျောက်ပျက် မသွား နိုင်ပါဘူး၊ တချို့ကွန်ပြူတာ တွေ (laptop and ultrabooks) မှာ SSD ကို motherboard ပေါ် မှာ တပ်ဆင် ပေးလိုက် ပါတယ်၊ workstation လိုမျိုး မှာ ကျတော့ PCI Express card အနေ နဲ့ ရှိ နိုင်ပါတယ်၊ ကွန်ပြူတာ ရဲ့ slot သို့ ထည့်သွင်း တပ်ဆင် အသုံးပြုတာ မျိုး လည်း ရှိပါတယ်၊ ဒါကြောင့် SSD သည် internal ရော external ရော ပါ ထည့် သွင်း အသုံးပြု နိုင်တယ် လို့ ဆိုရပါမယ်။

HDD and SSD
HDD and SSD

SSD မှာ အသုံးပြု တဲ့ flash memory သည် USB thumb drive မှာ အသုံးပြု တဲ့ memory နဲ့ ကွာခြားပါတယ်၊ SSD က ပိုမို မြန်ဆန် ပြီး၊ ကြာရှည်ခံပါတယ်၊ data ပမာဏ အတူတူ ကို သိမ်းဆည်း ထား မယ်ဆို ရင် SSD က ဈေးပို
ကြီး ပါတယ်၊ SSD ကို ၂၀၀၀ ခုနှစ် နောက်ပိုင်း netbooks များ တွင် စတင် အသုံးပြု လာတယ် လို့ ဆိုနိုင်ပါတယ်၊
SSD ကို 2.5-inch form factor အရွယ်အစား အနေ နဲ့လည်း တွေ့မြင်နိုင်ပါတယ်၊ အဲဒီ အရွယ် အစား ရှိ တဲ့ hard disk များကို SSD နဲ့ အလွယ် တကူ အစားထိုးနိုင်ပါတယ်၊ 2.5-inch form factor ရှိတဲ့ SSD သည်၊ 4 TB ပမာဏ အထိ ရှိ တတ် ပေမယ်၊ တချို့ ဆာဗာ တွေ မှာ တော့၊ 16 TB ပမာဏ အထိ တတ်ဆင် အသုံးပြု သည် ကို တွေ့ရှိရလေသည်။
SSD သည် ဈေး ပို ကြီးသည် ဟု ဆိုခဲ့သလို ပဲ၊ 1TB internal 2.5-inch hard drive တခု သည် $50 လောက် ရှိချိန် မှာ ၊ ပမာဏတူ တဲ့ SSD ကတော့ $220 လောက် ရှိပါတယ်၊ နောက်ပြီး SSD သည် common usage အတွက် အများ ဆုံး ပမာဏ 4TB အထိပဲ ရှိ နိုင်ပါတယ်၊ speed က တော့ SSD ရဲ့ အား အသာ ဆုံး နေရာ လို့ ပြောလည်း ရပါတယ်၊ SSD ကို primary drive အနေ နဲ့ အသုံး ပြု တဲ့၊ PC နဲ့ Mac ကွန်ပြူတာ တွေ သည်၊ boot လုပ်တဲ့ အခါ၊ အပလီကေးရှင်း တွေ ကို အသုံးပြုတဲ့ အခါ၊ ဖိုင်တွေ တနေရာ မှ တနေရာသို့ ရွှေ့ပြောင်း တဲ့ အခါမျိုး တွေ မှာ hard drive ထက် ပိုမို မြန်ဆန် ပါတယ်။
Hard disk တွေ မှာ တော့၊ ဖိုင် တွေ သိမ်း/ဖျက် တာ တွေ လုပ်ရင်း fragmentation ဆိုတာ မျိုး ဖြစ်နိုင်ပေမယ်၊ SSD မှာ တော့ မရှိ နိုင်ပါဘူး၊ hard drive ကတော့ platter, stepper motor နဲ့ read/write head တွေ ပေါ် မှာ အခြေခံ တည်ဆောက် ထားခြင်း ကြောင့်၊ ကြမ်းကြမ်းတမ်းတမ်း ကိုင်တွယ် လို့ ဖြစ်စေ၊ ပြုတ်ကျ လို့ဖြစ်စေ၊ ငလျှင် လှုပ်ခြင်း အစရှိသည့် သဘာဝ ဘေးအန္တရယ်မျိုးကြောင့် ဖြစ်စေ ပျက်စီး နိုင်ပေမယ်၊ SSD ကတော့ ဒါမျိုး မဖြစ်နိုင်ပါဘူး။
SSD မှာ လှုပ်ရှား ရတဲ့ အပိုင်းမျိုး မပါဝင်တာ ကြောင့်၊ hard disk လိုမျိုး အသံထွက် ဆူညံနိုင် ခြင်းမျိုးလည်း မရှိပါဘူး၊ SSD မှာ hard disk လိုပဲ အသုံးပြု ချိန် ကြာမြင့်လာတဲ့ အခါ (၆ နှစ် နဲ့ အထက်လို့ ဆိုပါတယ်) သူ့ ရဲ့ flash memory ကို ရေး/ဖျက် လို့ မရတာ မျိုးတွေ ရှိလာနိုင်ပါတယ်၊ ဒါကြောင့် SSD ရော hard disk ပါ အသုံးပြု ချိန် နှစ်ချီ ကြာမြင့် ပြီ ဆိုရင် တော့၊ failure ကို ကာကွယ် ရန် အတွက် tool တခုခု ကို အင်စတော လုပ်ပြီး၊ hard disk (သို့) SSD ၏ အခြေအနေ ကို စဉ်ဆက် မပြတ် စောင့်ကြည့်နိုင်ပါတယ်။

မူရင်း >> https://www.facebook.com/it.mm.world/posts/1138821282868472

Thiha Bo Bo
Myanmar End User ကို အကောင်းဆုံးဖြစ်အောင် တင်ဆက်ပေးသွားပါ့မယ်... ကျွန်တော်နဲ့အတူ Blogger life ကို စိတ်ဝင်စားသူများ Guest blogger များကိုလည်း Myanmar End User မှာ ဝင်ရောက်ရေးသားဖို့ ဖိတ်ခေါ်ပါတယ်... Facebook Profile: Fb/dev.thihabobo Email: [email protected]
http://www.myanmarenduser.com

Leave a Reply

Top
Skip to toolbar