You are here
Home > PC & Mobile > Android > Sony Xperia XZ Premium

Sony Xperia XZ Premium

Sony Xperia XZ Premium အရှေ့ဘက်ကို မြင်ရပုံ
Sony Xperia XZ Premium အရှေ့ဘက်ကို မြင်ရပုံ

ဒီရက်ပိုင်း MWC 2017 မှာ မိတ်ဆက်ခဲ့သမျှ  စမတ်ဖုန်း အသစ်တွေထဲမှာ အကောင်းဆုံးလို့ သတ်မှတ်ရမယ့် စမတ်ဖုန်းကတော့ Sony ရဲ့ Xperia XZ Premium စမတ်ဖုန်းပါပဲ။ ကမ္ဘာ့ပထမဆုံး အနေနဲ့ (3840×2160 pixel, High Dynamic Range) အရည်အသွေး ရှိပြီး ရုပ်ထွက် အလွန်ကို ကြည်လင်ပြတ်သားလွန်းတဲ့ 4k HDR Display ကို တပ်ဆင် အသုံးပြုထားတဲ့ စမတ်ဖုန်း ဖြစ်သလို ၊ Snapdragon ရဲ့နောက်ဆုံးထွက် အဆင့်မြင့် Processor ဖြစ်တဲ့ Snapdragon 835 Processor ကို ပထမဆုံး အသုံးပြု ထွက်ရှိလာတဲ့ စမတ်ဖုန်း ဖြစ်ခဲ့ပါပြီ။ Sony Xperia Z5 premium မှာတုန်းကလည်း 4K Display ကို အသုံးပြုခဲ့ပေမယ့် ယခု Sony Xperia XZ Premium ရဲ့ 4K HDR Display ကို Amazon ရဲ့ 4K HDR Content ပိုင်းနဲ့ ပူးပေါင်းဆောင်ရွက်ခဲ့ပြီး 4K HDR Display ရဲ့ HDR element တွေဟာ အရောင်ဖော်စပ်မှုနဲ့ ရုပ်ထွက်ဖော်ပြမှုပိုင်းမှာ တကယ်ကို အံ့အားသင့်ဖွယ်ရာ ကောင်းမွန်တာကြောင့် XZ Premium စမတ်ဖုန်းရဲ့ 4K HDR Displayဟာ Z5 Premium စမတ်ဖုန်းတုန်းက 4K Display ထက် အပြတ်သာလွန်ပါတယ်။

Sony Xperia XZ Premium အနောက်ဘက်ကို မြင်ရပုံ
Sony Xperia XZ Premium အနောက်ဘက်ကို မြင်ရပုံ

Sony ရဲ့ Camera Sensor တွေက မိုဘိုင်းကင်မရာလောကမှာတော့ ပြိုင်ဘက်မရှိလောက်အောင် ကောင်းမွန်တဲ့အတွက် တခြားနာမည်ကြီး ဖုန်းကုမ္ပဏီတွေ အားလုံးနီးပါးက ၎င်းတို့ရဲ့ စမတ်ဖုန်းတွေမှာ Sony Sensor များကိုသာ ဝယ်ယူတပ်ဆင် အသုံးပြုကြပါတယ်။ ဒါဆို Sony ရဲ့ ကိုယ်တိုင်ထုတ် Xperia XZ Premium စမတ်ဖုန်းရဲ့ ကင်မရာ အနေအထားကတော့ အလွန်ကောင်းမွန်မယ်ဆိုတာ ထူးထွေညွှန်းစရာတောင် လိုမယ်မထင်တော့ပါဘူး ။ Sony Xperia XZ Premium မှာ Motion Eye လို့ခေါ်တဲ့ ကင်မရာစနစ် ပါဝင်ပါတယ် ။ ဒီစနစ်ဟာ 960 frames per second နှုန်းနဲ့ Super slow motion အနေအထားကို 720p အရည်အသွေးနဲ့ ရိုက်ကူးနိုင်စေမှာပါ။ ၁ စက္ကန့်အချိန်ကာလအတွင်းမှာ ဖြစ်ပျက်သမျှ အနေအထားတွေကို အသေးစိတ်ပုံရိပ်များစွာ ဖမ်းယူမယ့် အနေအထားပါပဲ။ အဲဒီဖုန်းမှာ 19 MP အနောက်ကင်မရာနဲ့ 13 MP အရှေ့ကင်မရာ ပါဝင်ပါတယ်။ XZ Premium ဟာ Sony က ကြေညာထားတဲ့ memory stacked ExmorRS sensor ပါဝင်တဲ့ ပထမဦးဆုံး စမတ်ဖုန်းဖြစ်ပါတယ်။ သူဟာ ပုံတွေကိုရိုက်ကူးတဲ့ အချိန်မှာ သာမန်ထက် ၅ဆ ပိုမြန်ဆန်စေပါတယ်။ ကင်မရာမှာ Anti-distortion shutter ကို Triple image sensing နည်းပညာနဲ့အတူ တွေ့နိုင်ပြီး Predictive Hybrid Autofocus နဲ့ SteadyShot ကို 5-axis stabilization နဲ့ ခံစားအသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

ဖုန်းရဲ့ ရှေ့ဘက်ခြမ်းနဲ့ နောက်ဘက်ခြမ်းကို အပွန်းအစင်းဖြစ်မှုဒဏ်ကို အလွန်ခံနိုင်တဲ့ Gorilla Glass 5 မှန်အမျိုးအစားနဲ့ ကာကွယ်ထားပါတယ်။ ရေစိုခံ စမတ်ဖုန်းဖြစ်ပြီး ဖုန်သဲနဲ့ အမှုန်တွေလုံးဝမဝင်အောင် ကာကွယ်ပေးထားပါတယ် ။ RAM 4GB , internal memory 64GB ပါဝင်ပါတယ်။ screen size ကတော့ ၅.၅ လက်မဖြစ်ပါတယ်။ Battery အနေနဲ့ 3230 mAh Battery ပါဝင်ပြီး အမြန်အားသွင်းစနစ် quickcharge 3.0 ပါဝင်ပါတယ်။ ဖုန်းရဲ့ System ပိုင်းအနေနဲ့ Android 7.1 Nougat ကိုအသုံးပြုထားပါတယ်။

Sony Xperia XZ Premium ကို Luminous Chrome, Deepsea Black စတဲ့အရောင် ၂ မျိုးနဲ့ထုတ်လုပ်ပေးထားပါတယ် ။ XZ Premium စမတ်ဖုန်းကို ၂၀၁၇ သြဂုတ်လနောက်ပိုင်းမှစတင်ရောင်းချမှာဖြစ်ပြီး ဈေးနှုန်းအသေးစိတ်ကိုတော့မသိရသေးပါဘူး ။

Credit >> သက်နိုင်စိုး (MMAS) https://www.facebook.com/thetnaing.mmas

Thiha Bo Bo
Myanmar End User ကို အကောင်းဆုံးဖြစ်အောင် တင်ဆက်ပေးသွားပါ့မယ်... ကျွန်တော်နဲ့အတူ Blogger life ကို စိတ်ဝင်စားသူများ Guest blogger များကိုလည်း Myanmar End User မှာ ဝင်ရောက်ရေးသားဖို့ ဖိတ်ခေါ်ပါတယ်... Facebook Profile: Fb/dev.thihabobo Email: [email protected]
http://www.myanmarenduser.com

Similar Articles

2 thoughts on “Sony Xperia XZ Premium

  1. Sony Xperia XZ မှာ မြန်မာဖောင့်နှင့် ကီးဘုဘ်ကို ဘယ်လိုသွင်းရပါသလဲ. သိချင်ပါတယ်..root လုပ်ဖို့ လိုပါသလား

    1. ​နောက်​ဆုံးထွက်​တဲ့ android 7.0 မြှင့်​လိုက်​ရင်​ zawgyi တစ်​ခါတည်းပါတယ်​ font style ​ပြောင်းသုံးလိုက်​ရုံပဲ

Leave a Reply

Top