You are here
Home > Hardware > Technology Explained > Laptop တွေ နှေးကွေးရတဲ့ အကြောင်းပြချက်များ

Laptop တွေ နှေးကွေးရတဲ့ အကြောင်းပြချက်များ

Laptop တစ်လုံးဟာ အသုံးပြုတာကြာလာတာနဲ့ အမျှ သွက်လက်မြန်ဆန်မှုတွေ လျော့ကျ ပြီး နှေးကွေး လာတတ်ပါတယ်။ အဲလိုဖြစ်လာတဲ့အခါ ဘယ်သူမဆို စိတ်အနှောင့်ဖြစ်မှာသေချာပါတယ်။ Laptop အသစ်ဝယ်ဖို့ အဆင်မပြေသေးတဲ့ user တွေကတော့ လက်ရှိအသုံးပြုနေတဲ့ နှေးကွေးနေတဲ့ Laptop ကိုပဲ သည်းခံပြီး အသုံးပြုရပါလိမ့်မယ်။ ဒါ့ကြောင့် Laptop အဟောင်းကို အသစ်တုန်းကလို ပြန်လည်မြန်ဆန် လာဖို့အတွက် နေှးကွေးစေတဲ့ အကြောင်းရင်းတွေနဲ့ ဖြေရှင်းချက်တွေကို ဖော်ပြပေးလိုက်ပါတယ်။

Spinning Hard Drive

ပထမဦးဆုံးအချက်ကတော့ Laptop တွေမှာ သုံးထားတဲ့ Spinning Hard Drive တွေကြောင့်ပါပဲ။ Spinning Hard Drive အစား မြန်ဆန်တဲ့ solid-state drive (SSD) ကိုအစားထိုးလိုက်မယ်ဆိုရင်ေတာ့ ဒီပြဿနာကို ဖြေရှင်းပြီးသားဖြစ်သွားမှာပါ။ Macbook pro ရဲ့ Spinning Hard Drive ကိုဖြုတ်ပြီး Samsung ကထုတ်တဲ့ 850 EVO SSD နဲ့ အစားထိုးလိုက်တဲ့အခါ Macbook pro ဟာ အသစ်အတိုင်းမြန်ဆန်သွားကြောင်း CNET ရဲ့ နည်းပညာ စာရေးဆရာတစ်ဦးဖြစ်တဲ့ Matt Elliott ကရေးသားဖော်ပြထားပါတယ်။ Samsung ရဲ့ 850 EVO SSD 256GB ကို ဒေါ်လာ(၁၀၀) အောက်ဈေးနှုန်းနဲ့ ရရှိနိုင်ပြီး 2TB အထိထွက်ရှိထားပါတယ်။ ကိုယ်တိုင် လဲလှယ်တပ်ဆင်မယ်ဆိုရင်တော့ Tutorial တွေသေချာလေ့လာပြီးမှ လဲလှယ်စေချင်ပါတယ်။

Hard Drive နေရာလွတ်နည်းလာခြင်း

Spinning Hard Drive ကို SSD နဲ့ လဲလှယ်စရာမလိုဘဲဖြေရှင်းနိုင်မယ့်နည်းလမ်း တစ်ခုကတော့ အသုံးမဝင်တော့တဲ့ Data တွေကို ဖျက်ပစ်ဖို့ပါပဲ။ သုံးတာကြာလာတာနဲ့အမျှ သီချင်းတွေ ၊ ဓာတ်ပုံတွေ ၊ ဗီဒီယိုတွေ ၊ App တွေနဲ့ အခြားသော File တွေကို သိမ်းဆည်းမှု များလာတဲ့အတွက် Hard Drive ထဲမှာ နေရာလွတ် နည်းသထက်နည်းလာပြီး စက်ကိုလေးလံ စေပါတယ်။ ဒါကြောင့် အသုံးမလိုတော့တဲ့ Data တွေနဲ့ မသုံးတာကြာပြီး အသုံးမဝင်တော့တဲ့ Application တွေကို uninstall ပြုလုပ်ပေးချင်က စက်ရဲ့ နှေးကွေးမှုကိုလျော့ကျစေပြီး ပြန်လည်မြန်ဆန်လာစေပါတယ်။ Windows laptop တွေမှာ Control Panel ကိုဝင်ပြီး Programs and Features အောက်က Uninstall a program ကိုရွေးပြီး အလွယ်တကူ uninstall ပြုလုပ်နိုင်ပါတယ်။ Apple ရဲ့ Mac တွေမှာဆိုရင်တော့ Uninstaller program မပါဝင်တဲ့အတွက် AppCleaner နဲ့ AppZapper တို့လို third-party app တစ်ခုခု လိုအပ်ပါတယ်။

RAM ပမာဏ

Laptop တွေရဲ့ CPU တွေက သူတို့မှာနဂိုပါဝင်ထားတဲ့ ပမာဏထက် ပိုများတဲ့ RAM တွေနဲ့ Hard Drive တွေကို လက်ခံနိုင်စွမ်းရှိပါတယ်။ ဒါ့ကြောင့် Laptop ကို ပိုမိုမြန်ဆက်လာဖို့အတွက် RAM ထပ်စိုက်တာကလည်း နည်းလမ်းကောင်းတစ်ခုဖြစ်ပါတယ်။

Multitasking

Multitasking တွေအရမ်းများလွန်းရင်လည်း Laptop ကိုလေးလံစေပါတယ်။ လုပ်ဆောင်ချက်တွေ အများကြီး ကိုတစ်ချိန်တည်းမှာ တစ်ပြိုင်နက် လုပ်ခိုင်းတဲ့အခါ မျိုးမှာ စက်ကို မနိုင်ဝန် အတင်းထမ်းခိုင်းသလို ဖြစ်စေ လို့ပါပဲ။ User အများတစ်ခုက ပထမတစ်ခုကို မပိတ်မိဘဲ နောက်တစ်ခုကို ဖွင့်မိတာမျိုး အမြဲ ဖြစ်တတ်ပါတယ်။ ဒါ့ကြောင့် Multitasking ကို အတတ်နိုင်ဆုံး အနည်းဆုံးသုံးစွဲခြင်းက စက်ရဲ့ နှေးကွေးခြင်းကို လျော့နည်းစေမှာ ဖြစ်ပါတယ်။

Current ဖြစ်ဖို့

Mac မှာပဲဖြစ်ဖြစ် Windows မှာပဲဖြစ်ဖြစ် update အသစ်ထွက်တိုင်းမှာ feature အသစ်တွေနဲ့အတူ security ပိုင်းနဲ့ performance ပိုင်းမှာ ပိုမို ကောင်းမွန်လာတတ်ပါတယ်။ ဒါ့ကြောင့် current ဖြစ်ဖို့အတွက် OS update ဖြစ်နေဖို့ လိုအပ်ပါတယ်။

Ref: CNET
Credit : digitaltimes.com.mm

Thiha Bo Bo
Myanmar End User ကို အကောင်းဆုံးဖြစ်အောင် တင်ဆက်ပေးသွားပါ့မယ်... ကျွန်တော်နဲ့အတူ Blogger life ကို စိတ်ဝင်စားသူများ Guest blogger များကိုလည်း Myanmar End User မှာ ဝင်ရောက်ရေးသားဖို့ ဖိတ်ခေါ်ပါတယ်...
http://www.myanmarenduser.com

Similar Articles

Leave a Reply

Top