You are here
Home > Hardware > Product Reviews > Google ရဲ့ Pixel နဲ့ Pixel XL စမတ်ဖုန်းများထွက်ရှိ

Google ရဲ့ Pixel နဲ့ Pixel XL စမတ်ဖုန်းများထွက်ရှိ

တစ်နှစ်တစ်ခါ Google ရဲ့စမတ်ဖုန်းအနေနဲ့ထွက်ရှိလေ့ရှိတဲ့ Nexus စမတ်ဖုန်းစီးရီးကတော့ အောက်တိုဘာ ၄ ရက်နေ့မှာပဲအဆုံးသတ်သွားပါပြီ။ ဘာကြောင့်လဲဆိုတော့ Google ရဲ့ကိုယ်ပိုင်စမတ်ဖုန်းစီးရီးအသစ်အနေနဲ့ Pixel အမည်ဖြင့်စမတ်ဖုန်း ၂ မျိုးကိုစတင်မိတ်ဆက်ပြသလိုက်ခြင်းကြောင့်ဖြစ်ပါတယ်။ ဒီ Pixel စမတ်ဖုန်း ၂ မျိုးကတော့ Pixel နဲ့ Pixel XL တို့ဖြစ်ပါတယ်။

ယခု ၂၀၁၆ ခုနှစ်ထုတ် Pixel စမတ်ဖုန်းများကို HTC နဲ့ပူးပေါင်းထုတ်လုပ်ထားတာပါ။ စမတ်ဖုန်းရဲ့ကျောဘက်ခြမ်းဒီဇိုင်းကိုတော့ Gorilla Glass 4 နဲ့ Metal Body တစ်ဝက်စီရောနှောထားတဲ့ဒီဇိုင်းအသွင်အပြင်နဲ့တွေ့မြင်ရမှာပါ။ HTC ကထုတ်လုပ်ပေးထားသော်လည်း Google ရဲ့ကိုယ်ပိုင်စမတ်ဖုန်းအနေနဲ့ထွက်ရှိလာခြင်းဖြစ်ပြီး Google ရဲ့ Logo တစ်ခုသာပါဝင်တာကိုတွေ့မြင်ရမှာပါ။

Pixel စမတ်ဖုန်းကတော့ Screen size ၅ လက်မရှိပြီး Pixel XL စမတ်ဖုန်းကတော့ Screen size ၅.၅ လက်မအရွယ်စမတ်ဖုန်းဖြစ်ပါတယ်။ ဖုန်း ၂ မျိုးလုံးကို 1080p Resolution Display တပ်ဆင်ထားပါတယ်။ Battery ပမာဏအားဖြင့် Pixel  ကို 2770 mAh ၊ Pixel XL ကို 3450 mAh Battery တပ်ဆင်ထားပါတယ်။ Pixel စမတ်ဖုန်းတွေရဲ့ Processor ပိုင်းအနေနဲ့ Qualcomm ရဲ့နောက်ဆုံးထွက် Snapdragon 821 Processor ကိုတပ်ဆင်ထားပါတယ်။ စက်လည်ပတ်မှုစနစ်အနေဲ့ Google ရဲ့နောက်ဆုံးထွက် Android version ဖြစ်တဲ့ Android 7.1 Nougat ကိုအသုံးပြုထားပါတယ်။

Camera ပိုင်းအနေနဲ့ နောက်ဘက်ခြမ်းကင်မရာ 12 MP ( 1.55µm pixels, f/2.0 aperture , Laser Detection Autofocus (LDAF), 4K (30fps) video capture) ၊ ရှေ့ဘက်ခြမ်းကင်မရာ 8 MP (f/2.4 aperture, 1.4 µm pixels, Full HD video capture (30fps)) တို့ကိုတပ်ဆင်ထားပါတယ်။ စမတ်ဖုန်းကင်မရာတွေကိုနှိုင်းယှဉ်စမ်းသပ်တဲ့အဖွဲ့ဖြစ်တဲ့ DXOMARK မှ Google Pixel,Pixel XL စမတ်ဖုန်းတွေရဲ့ဓာတ်ပုံရိုက်ကူးမှုအရည်အသွေးရလဒ်ကိုထုတ်ပြန်ခဲ့ရာ ရမှတ် ၈၉  အထိရှိပါတယ်။ ဒါဟာ DXOMARK ကစမ်းသပ်ခဲ့သမျှစမတ်ဖုန်းအားလုံးထဲမှာအမြင့်ဆုံးရမှတ်လည်းဖြစ်ပါတယ်။ Google Pixel စမတ်ဖုန်းနဲ့ရိုက်ကူးထားတဲ့ဓာတ်ပုံတွေကို ရိုက်ကူးထားတဲ့ဓာတ်ပုံအရည်အသွေးအတိုင်း Online ပေါ်က ကိုယ်ပိုင် account နဲ့ Google Photo Storage ထဲမှာသိမ်းဆည်းနိုင်မှာဖြစ်ပြီး Online Storage ပမာဏအနေနဲ့ Unlimited ပေးထားပါတယ်။

Google Pixel စမတ်ဖုန်းတွေမှာဖြစ်တဲ့ပြဿနာတွေကိုဖြေရှင်းပေးဖို့ 24hr Customer Care Service ကိုပါ Google ကထည့်သွင်းပေးထားပါတယ်။ သူတို့ရဲ့အချိန်မရွေးစကားလှမ်းပြောနိုင်ပြီး သင့်ရဲ့ ဖုန်း Screen မြင်ကွင်းကိုပါ ယင်း Customer Care Service ဆီကိုမျှဝေပြီးအကြံဉာဏ် ၊ အကူအညီတောင်းနိုင်ပါတယ်။

Google Pixel စမတ်ဖုန်းတွေမှာ Google Assistant လို့ခေါ်တဲ့ AI ပါဝင်လာပါပြီ။ Google Assistant ဟာ ယခင် Android version 6 မှာပါခဲ့တဲ့ Google Now ထက်ပိုပြီးအသိဉာဏ်မြင့်မားသလို အပြန်အလှန်စာရိုက်ပြောဆိုနိုင်ပါသေးတယ်။ Google Assistant ကနေတဆင့် ဖုန်းထဲမှာရှိတဲ့လုပ်ငန်းဆောင်တာမှန်သမျှကိုအလွယ်တကူချိတ်ဆက်နိုင်သလို Google နဲ့ချိတ်ဆက်ထားတဲ့အတွက် Google ကနေရှာလို့ရတဲ့အရာမှန်သမျှ ၊ လုပ်ပေးလို့ရတဲ့အရာမှန်သမျှကို Google Assistant ကလုပ်ပေးနိုင်ပါတယ်။

Google Pixel စမတ်ဖုန်းတွေအတွက် ဖုန်း Case အလန်းလေးတွေကိုပါ Google ကထုတ်လုပ်ပေးထားပါပြီ။

Google Pixel စမတ်ဖုန်း ၂ မျိုးလုံးကို RAM 4GB တပ်ဆင်ထားပြီး Storage အနေနဲ့ 32GB နဲ့ 128GB ဟူ၍ ၂ မျိုးထုတ်လုပ်ပေးထားပါတယ်။ စမတ်ဖုန်းအရောင်အနေနဲ့ အဖြူ ၊ အနက် ၊ အပြာ ဟူ၍ အရောင် ၃ မျိုးထုတ်လုပ်ပေးထားပါတယ်။ ဈေးနှုန်းအားဖြင့် Pixel (32 GB Model) ၆၄၉  ဒေါ်လာ ၊ Pixel (128 GB Model) ၇၄၉  ဒေါ်လာ ၊ Pixel XL (32 GB) ၇၆၉  ဒေါ်လာ ၊ Pixel XL (128 GB) ၈၆၉  ဒေါ်လာဖြစ်ပါတယ်။

Myanmar Mobile App မှ ကူးယူဖော်ပြသည်

Thiha Bo Bo
Myanmar End User ကို အကောင်းဆုံးဖြစ်အောင် တင်ဆက်ပေးသွားပါ့မယ်... ကျွန်တော်နဲ့အတူ Blogger life ကို စိတ်ဝင်စားသူများ Guest blogger များကိုလည်း Myanmar End User မှာ ဝင်ရောက်ရေးသားဖို့ ဖိတ်ခေါ်ပါတယ်...
http://www.myanmarenduser.com

Similar Articles

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.

Top