You are here
Home > Lifestyle > Entertainment > Password လေး ဖျက်ချင်လို့…

Password လေး ဖျက်ချင်လို့…

#ပတ်စဝေါ့လေး ဖျက်ချင်လို့#

အန်တီ – ကွန်ပျူတာက ပတ်စဝေါ့လေး ဖျက်ချင်လို့….
ကျွန်တော် – ဘာဝင်းဒိုးလဲ အိတ်စ်ပီလား..? ဝင်းဒိုး ဆဲဗင်းလား…?
အန်တီ – ဝယ်ထားတာ သိပ်မကြာသေးဘူး…
ကျွန်တော် – ဒါဆို ဆဲဗင်းပေါ့… ဟုတ်.. ဟုတ်… ပတ်စဝေါ့ ရမူဗာအခွေလေး မမေ့အောင် ဂရုစိုက်ရမယ်…

အိမ်ရောက်သော်…

ကွန်ပျူတာ တက်လာပြီး ပတ်စဝေ့ါအကွက်လဲ ပေါ်လာရော…

အန်တီ – ပတ်စဝေါ့က… *&^%$#@
ကျွန်တော် – ပတ်စဝေါ့ ဖျက်မို့ဆို…
အန်တီ – ဟုတ်တယ်… အဲဒါမထားပဲ ပတ်စဝေ့ါအလွတ်ပဲ ထားချင်လို့…

ဟီး… ဒါနဲ့ Control Pannel ထဲကနေ ပတ်စဝေါ့ဖျက်တာလုပ်ပေးခဲ့ပါတယ်… ဉာဏ်ပူဇော်ခကိုတော့ စာအိတ်နဲ့ ပေးတာ အိမ်ရောက်လို့ ကြည့်တော့ တပုလင်းဖြစ်နေတယ်… ဒါလဲ အတင်းပေးလို့ ယူခဲ့ရတာပါ…

 

လေးစားစွာဖြင့်

ကိုထွဋ်

ဦးထွဋ်အောင်ကျော်
မင်္ဂလာပါ... ကျွန်တော် သိသလောက် တတ်သလောက်ကို အားလုံး နားလည် အဆင်ပြေအောင် ပို့စ်တွေ တင်ပေးသွားပါ့မယ်... အရင်ကတော့ ဂရုလေးထောင်ထားပါတယ်... အကောင့်ပျက်သွားလို့ ပို့စ်တွေပါပါသွားလို့... အခုပြန်စရေးတာမို့ တပို့စ်နဲ့ တပို့စ်ကြား စိတ်ရှည်ပေးဖို့ ကြိုတောင်းပန်ထားပါရစေ... ဖေ့စ်ဘွတ်မှာလဲ Ethical Hacking သမာဓိ ထွင်းဖောက်ခြင်း ဆိုတဲ့ Page လေးလဲ ထောင်ထားပါတယ်... Hacking ပိုင်းမှာ သိသလောက်လေးတွေ မျှဝေထားတာပါ...

    Similar Articles

    Leave a Reply

    This site uses Akismet to reduce spam. Learn how your comment data is processed.

    Top