You are here
Home > Hardware > Buying Guides > Xiaomi Phone တစ်လုံး ဝယ်ယူရာတွင် သတိထားရမည့် အချက်များ

Xiaomi Phone တစ်လုံး ဝယ်ယူရာတွင် သတိထားရမည့် အချက်များ

Redmi Pro နဲ့ Redmi Note 4 ကတော့ လောလောဆယ် ဘာအသံမှမကြားရသေးပါဘူး။ Xiaomi Phone တစ်လုံးဝယ်ရင် Error ကင်းတဲ့ဖုန်းတစ်လုံး ဝယ်ယူနိုင်ကြပါစေ။

Sim card မသိတဲ့ပြဿနာ

Redmi Note 3 Pro ဝယ်ယူရာတွင် MPT , Telenor , Ooredoo Sim Card ဖတ် မဖတ် အရင် စမ်းသပ်ပေးပါ။ အခုနောက်ဝင်တဲ့ အလုံးတွေမှာ Sim Card မသိတဲ့ ပြသာနာတွေ ကြုံတွေ့နေရပါတယ်။ Mi 5/Pro ဝယ်ယူရာတွင် နောက်ဝင်တဲ့အလုံးတွေမှာ back key တွေ menu key တွေ နှိပ်မရတဲ့ ပြသာနာကြုံတွေ့နေရပါတယ်။ ဘယ်အချိန်မှာ ဖြစ်တတ်လဲဆိုရင် မှန်မကွဲကပ်လိုက်တဲ့အချိန်ကစပြီး back key တွေ menu key တွေ အလုပ်မလုပ်တော့ဘူး။ အရင်အလုံးတွေမှာ မဖြစ်ဘဲ နောက်ဝင်တဲ့အလုံး တစ်ချို့အလုံးတွေမှာ ဖြစ်တတ်ပါတယ်။

Sensor ပြဿနာ

Mi Max , Mi Max Pro တွင်တော့ ဖုန်းခေါ်တဲ့အခါ Sensor အလုပ်မလုပ်တဲ့ ပြသာနာကြုံတွေ့နေရပါတယ်။ ဓါတ်ပုံရိုက်ပြီး ပြန်ကြည့်တဲ့အခါမှာလည်း Rotate လှည့်မရတဲ့ ပြသာနာလည်း ကြုံတွေ့ရတတ်ပါတယ်။ Mi Note , Mi Note Pro မှာဆိုရင် Mec Card မသိတဲ့ ပြသာနာကြုံတွေ့ရတတ်ပါတယ်။ Mec Card သိပြန်တော့လည်း MPT Card ပြန်ထည့်တဲ့အခါမှာ အလုပ်မလုပ်ပြန်တော့ပါဘူး။ Redmi Note 3 Pro နဲ့ Mi Max , Mi Max Pro တွေမှာ MPT နဲ့  ဖုန်းပြောရင် လိုင်းပျက်တောင်းပျက်တောင်း ဖြစ်ပါတယ်။ 2G Only ထားပြီးပြောမယ်ဆိုရင် ကြည်ပါတယ်။ ဒါကတော့ ဒီဖုန်းဝယ်ရင် MPT ပြသာနာ ကြုံတွေ့ရမည် ဖြစ်ပါသည်။

 

refer – Aung Min Han

အဆင်ပြေပါစေ။

Warmly Welcome

KoHtoo ( MMAS )

Thiha Bo Bo
Myanmar End User ကို အကောင်းဆုံးဖြစ်အောင် တင်ဆက်ပေးသွားပါ့မယ်... ကျွန်တော်နဲ့အတူ Blogger life ကို စိတ်ဝင်စားသူများ Guest blogger များကိုလည်း Myanmar End User မှာ ဝင်ရောက်ရေးသားဖို့ ဖိတ်ခေါ်ပါတယ်...
http://www.myanmarenduser.com

Similar Articles

Leave a Reply

Top