You are here
Home > PC & Mobile > Internet > MPT SIM Card များကိုလည်း Messenger မှ မှတ်ပုံတင်နိုင်ပြီ

MPT SIM Card များကိုလည်း Messenger မှ မှတ်ပုံတင်နိုင်ပြီ

MPT SIM Card များကိုလည်း Messenger မှ မှတ်ပုံတင်နိုင်ပြီ
MPT SIM Card များကိုလည်း Messenger မှ မှတ်ပုံတင်နိုင်ပြီ

ဆင်းကတ်တွေ မှတ်ပုံတင်ရာမှာ တော်တော်များများ အဆင်မပြေဖြစ်နေကြပါတယ်။ ဒါကြောင့် အော်ပရေတာတွေကလည်း အဆင်ပြေနိုင်မယ့် နည်းလမ်းတွေကို လုပ်ဆောင်ပေးလျက်ရှိပါတယ်။ ခုတော့ အော်ရီဒူး ကလည်း ဆင်းကတ်တွေမှတ်ပုံတင်ရာမှာ ပိုမိုလွယ်ကူစေဖို့ Facebook ရဲ့ Messenger ကနေတဆင့် မှတ်ပုံတင်လို့ရနိုင်အောင် ဆောင်ရွက်ပေးလိုက်ပါပြီဖြစ်ကြောင်း MPT ရဲ့ Facebook စာမျက်နှာမှာ အောက်ပါအတိုင်း ဖော်ပြထားပါတယ်။

ဆင်းမ်ကတ်စာရင်းမသွင်းရသေးတဲ့မိဘပြည်သူများအတွက် အထူးသတင်းကောင်း
ယနေ့မှစပြီး Facebook Messenger ကနေ လွယ်လွယ်ကူကုနှင့် ဆင်းမ်ကတ်မှတ်ပုံတင်လို့ရပါပြီ။

ဘယ်လိုမှတ်ပုံတင်ကြမလဲ?

၁) မိမိ၏ဖုန်းတွင် *88# ကို ဖုန်းခေါ်ဆိုပါ
၂) Screen တွင် မိမိ၏ဖုန်းနံပါတ်ပေါ်လာပါလိမ့်မည်
၃) ပေါ်လာသည့် Screen ကို Screenshot ရိုက်ပါ
၎) MPT Official Facebook Page Message သို့  မိမိ၏အမည်အရင်း၊ မှတ်ပုံတင်အမှတ် (နိုင်ငံခြားသားဖြစ်ပါက နိုင်ငံကူးလက်မှတ်အမှတ်) နှင့်တကွ ရိုက်ထားသည့် Screenshot ၊ မိမိ၏ မှတ်ပုံတင်ကို ရိုက်ကူးထားသည့် ဓါတ်ပုံတို့ကို ပူးတွဲပေးပို့ပါ။

ကဲ…အပြာရောင်အမှန်ခြစ်လေးပါသော @mptofficialpage ကို Facebook မှသော်လည်းကောင်း၊ Messenger မှသော်လည်းကောင်း တိုက်ရိုက်ရှာပြီး ဆင်းမ်ကတ် register လုပ်လိုက်ကြရအောင်။ MPT ၏ တရားဝင်စာမျက်နှာ၏ username မှာ @mptofficialpage ဖြစ်ပြီး Fan ၆.၈ သန်းရှိပါသည်။

အသေးစိတ် ပြုလုပ်နည်းကတော့

Telenor SIM Card ကို Facebook ကနေ ဘယ်လိုမှတ်ပုံတင်မလဲ

ဆိုသည့် ဆောင်းပါးနဲ့ ဆင်တူပဲ ဖြစ်ပါတယ်… အဲဒီမှာ လေ့လာကြည့်နိုင်ပါတယ်…

Facebook မှ နည်းပညာ သတင်း၊ ဆောင်းပါးတွေ ဖတ်ချင်ရင်တော့ Facebook page >> https://www.facebook.com/MyanmarEndUser

နည်းပညာ အခက်အခဲတွေ ဆွေးနွေးဖို့ဆိုရင် Facebook group >> https://www.facebook.com/groups/myanmarenduser

နည်းပညာ သတင်း၊ ဆောင်းပါးတွေ ဖတ်ချင်ရင်တော့ Website >> http://www.myanmarenduser.com

Thiha Bo Bo
Myanmar End User ကို အကောင်းဆုံးဖြစ်အောင် တင်ဆက်ပေးသွားပါ့မယ်... ကျွန်တော်နဲ့အတူ Blogger life ကို စိတ်ဝင်စားသူများ Guest blogger များကိုလည်း Myanmar End User မှာ ဝင်ရောက်ရေးသားဖို့ ဖိတ်ခေါ်ပါတယ်... Facebook Profile: Fb/dev.thihabobo Email: [email protected]
http://www.myanmarenduser.com

Similar Articles

2 thoughts on “MPT SIM Card များကိုလည်း Messenger မှ မှတ်ပုံတင်နိုင်ပြီ

  1. MPT လူကြီးမင်းများခင်ဗျား
    ကျနော်က MPT mobile sim card နဲ့ အင်တာနက်သုံးနေသူဖြစ်ပါတယ်။ ဒီနေ့မနက် online မှာ မှတ်ပုံတင်ဖို့ ကျနော့် နံပါတ်ကို ကွက်လပ်မှာဖြည်တော့ ဒီနံပါတ် မရှိဘူး၊ သို့မဟုတ် သေနေတယ် ဆိုတဲ့ စာတန်းပေါ်လာပါတယ်။ ဒီနံပါတ်နဲ့ ကျနော် အင်တာနက်သုံးလာတာ (၃)နှစ်လောက်ရှိပါပြီ။ မနေ့ကတင် ငွေ (၁၀ ,၀၀၀) ကျပ်ဖြည့်ထားပါတယ်။ ခုကျနာ် online မှာ မှတ်ပုံတင်ဖို့ ဒီ ကဒ်ကိုဘဲ သုံးနေတာပါ။ မှတ်ပုံတင်တော့မှာ ဒီလိုတုန့်ပြန်တာဟာ customer အပေါ် မတရားရာကျတယ်လို့ ကျနော်မြင်ပါ တယ်။
    တရားသဖြင့် တုန့်ပြန်စေလိုပါတယ်။
    လေးစားစွာဖြင့်
    မောင်မောင်

    1. ဟုတ်ကဲ့ပါခင်ဗျာ…
      ကျွန်တော်တို့က MPT က မဟုတ်ပါဘူး… လူကြီးမင်းရဲ့ အခက်အခဲကို ကြားသိရတာ စိတ်မကောင်းပါဘူး… လူကြီးမင်းအနေနဲ့ MPT ရဲ့ Official facebook page ဖြစ်တဲ့ https://www.facebook.com/mptofficialpage ကို ဆက်သွယ်နိုင်ပါတယ်… သို့မဟုတ် MPT ရဲ့ Call center ဖြစ်တဲ့ 106 ကို ဖုန်းဆက်မေးမြန်းနိုင်ပါတယ်ခင်ဗျာ…

Leave a Reply

Top
Skip to toolbar