You are here
Home > PC & Mobile > Android > MIUI Smartphone များတွင် Mobile Data ကို အသုံးလိုသည့် App များကိုသာ ဖွင့်သုံးနည်း

MIUI Smartphone များတွင် Mobile Data ကို အသုံးလိုသည့် App များကိုသာ ဖွင့်သုံးနည်း

Mobile Data အသုံးပြုသူတော်တော်များများဟာ Mobile data သုံးစွဲမှုမှာ အော်ပရေတာတွေနဲ့ ပြဿနာတွေ ဖြစ်လေ့ရှိကြပါတယ်။ အချို့ ပြဿနာတွေက အော်ပရေတာတွေရဲ့ System error တွေကြောင့် ဖြစ်သလို အချို့ ပြဿနာတွေကတော့ Mobile data သုံးစွဲသူတွေရဲ့ ပေါ့လျော့ နားမလည်မှုတို့ကြောင့် ဖြစ်ကြပါတယ်။ ဘယ်လိုအခြေအနေမျိုးတွေကို Mobile data အသုံးပြုသူတွေ ပေါ့လျော့နားမလည်ရတာလည်းဆိုတော့ – Wifi hotspot ဖွင့်ပေးတာ၊ Mobile application တွေရဲ့ Permission တွေကို နားမလည်တာ၊ Smartphone ရဲ့ Background data သုံးစွဲမှုကို မသိတာ စတာတွေကြောင့် Mobile data ဖွင့်သုံးတဲ့အခါမှာ ကိုယ်မသုံးပဲ Data တွေအများအပြားသုံးစွဲပြီး ဖုန်းဘေလ်တွေ ကုန်သွားတဲ့အဖြစ်တွေ ကြားသိနေရပါတယ်။

တစ်ဆက်တည်း ဒီကနေ တစ်ခုအသိပေးချင်တာက အော်ပရေတာတွေက ချပေးတဲ့ Mobile data plan တွေ အကြောင်းပဲ ဖြစ်ပါတယ်။ Data plan ကို တစ်ခု ဝယ်သုံးပြီဆိုရင် နောက်တစ်ခုကို ဝယ်သုံးလို့မရနိုင်ပါဘူး။ ဒါတွေကို အော်ပရေတာတွေက သတိမပေးထားကြပါဘူး။ ဘာကြောင့်လဲဆိုတော့ Data plan တစ်ခုသုံးလို့ မကုန်သေးပဲ နောက်တစ်ခုကို ထပ်လျှောက်ရင် နောက်ဆုံးလျှောက်တဲ့ Plan သာ သက်ရောက်မှု ရှိမှာပါ။ ဆိုလိုတာက Data plan အများကြီးလျှောက်ရင် ငွေကုန်တာပဲ အဖတ်တင်မှာဖြစ်ပြီး တကယ်အလုပ်လုပ်တဲ့ Plan ကတော့ နောက်ဆုံး လျှောက်တဲ့ Plan ပဲ သက်ရောက်မှု ရှိမှာကို ဆိုလိုတာပါ။ ဒါဆိုအရင်ဝယ်ထားတာတွေက ဆုံးပြီးပေါ့။ Mobile data plan ဝယ်သုံးတဲ့ သူတွေ သတိထားသင့်ပါတယ်။

လိုရင်းအကြောင်းအရာကို ဆက်ကြည့်ရအောင်ပါ။ MIUI တွေကို Xiaomi Smartphone များနှင့် Redmi Smartphone များတွင် အသုံးပြုထားပါတယ်။ ဒါကြောင့် Xiaomi နှင့် Redmi ဖုန်းများမှာ Mobile Data ကို မလိုအပ်ပဲ သုံးစွဲဖို့အတွက် Setting ပါရှိပြီး ဖြစ်ပါတယ်။ ဥပမာအားဖြင့် – Wifi သုံးစွဲနေသူတစ်ယောက်ဟာ Google play store ကို Wifi နဲ့ပဲ သုံးစွဲပါလိမ့်မယ်။ ဒီတော့ Mobile data နဲ့ Google play store သုံးစွဲမှုကို ပိတ်ထားသင့်ပါတယ်။ ဒါမှ Mobile data ဖွင့်သုံးတဲ့အခါမှာ Background data သုံးစွဲမှုမရှိအောင် ဖြစ်ပါတယ်။ တကယ်လို့ Mobile data သုံးစွဲမှုကို ပိတ်မထားရင် Auto update တွေကြောင့် ဖုန်းဘေလ်က မတွေးဝံ့စရာပါပဲ။ Auto update မလုပ်ရင်တောင် Server နဲ့ ချိတ်ဆက်မှုတွေလုပ်တာကြောင့် Data သုံးစွဲမှုတွေ ရှိပါတယ်။ ဒါကြောင့် Mobile data သုံးစွဲဖို့ တကယ်မလိုအပ်တဲ့ Mobile application တွေကို data သုံးတဲ့အခါ သုံးစွဲမှုမရှိအောင် ပိတ်ထားသင့်ပါတယ်။ ဘယ်လိုပိတ်ရမလဲဆိုတာ အောက်မှာ ဆက်ကြည့်ပါ။

MIUI မှာ Mobile data အသုံးပြုဖို့ မလိုအပ်တဲ့ Application တွေကို Mobile data သုံးစွဲခွင့် ပိတ်နည်း

ပထမဆုံး MIUI ရဲ့ Security app ကို ရှာပါ။

Open Security App
Open Security App

Security ကို တွေ့ပြီဆိုရင် ဖွင့်ပါ။

Open Data Usage
Open Data Usage

Security က Data Usage ကို ဖွင့်ပါ။

Open Restrict Data Usage
Open Restrict Data Usage

Data Usage က Restrict Data Usage ကို ထပ်ဖွင့်ပါ။

Restrict apps
Restrict apps

Restrict apps ပုံမှာ မြင်ရတဲ့အတိုင်း ကျွန်တော်တို့ Mobile data သုံးဖို့မလိုတဲ့ application တွေကို အနီရောင်အမှားပုံလေးတွေ ထားပေးပြီး Mobile data သုံးဖို့လိုတဲ့ application တွေကိုတော့ အစိမ်းရောင်အမှန်လေးတွေ ပေးထားလိုက်ပါ။ ဒါဆိုရင် Mobile data ကို စိတ်ချလက်ချ သုံးလို့ရပါပြီ။ ပိုပြီး စိတ်ချလက်ချသုံးချင်ရင်တော့ သုံးတဲ့အခါမှ ကိုယ်သုံးမယ့် application ကို အစိမ်းရောင်အမှန်လေး ထားသုံးတာကတော့ စိတ်ချရဆုံး ဖြစ်ပါလိမ့်မယ်။

Mobile data ကို Hotspot ဖွင့်ပြီး အခြားဖုန်း၊ ကွန်ပျူတာတွေက သုံးမယ်ဆို သုံးမယ့် ဖုန်းနဲ့ ကွန်ပျူတာတွေရဲ့ Auto update တွေကို ပိတ်ထားဖို့တော့ လိုလိမ့်မယ်နော်… မဟုတ်ရင်တော့ ခဏလေးအတွက် ဖြည့်ထားတဲ့ ဘေလ်တွေ အကုန် ကုန်သွားပါလိမ့်မယ်… 🙂

 

Facebook မှ နည်းပညာ သတင်း၊ ဆောင်းပါးတွေ ဖတ်ချင်ရင်တော့ Facebook page >> www.facebook.com/MyanmarEndUser

နည်းပညာ အခက်အခဲတွေ ဆွေးနွေးဖို့ဆိုရင် Facebook group >> www.facebook.com/groups/myanmarenduser

နည်းပညာ သတင်း၊ ဆောင်းပါးတွေ ဖတ်ချင်ရင်တော့ Website >> www.myanmarenduser.com

Thiha Bo Bo
Myanmar End User ကို အကောင်းဆုံးဖြစ်အောင် တင်ဆက်ပေးသွားပါ့မယ်... ကျွန်တော်နဲ့အတူ Blogger life ကို စိတ်ဝင်စားသူများ Guest blogger များကိုလည်း Myanmar End User မှာ ဝင်ရောက်ရေးသားဖို့ ဖိတ်ခေါ်ပါတယ်...
http://www.myanmarenduser.com

Similar Articles

Leave a Reply

Top