You are here
Home > PC & Mobile > MICROSOFT ရဲ့ WINDOWS 10 S အကြောင်း သိထားသင့်သမျှ

MICROSOFT ရဲ့ WINDOWS 10 S အကြောင်း သိထားသင့်သမျှ

Zawgyi Version

Microsoft ဟာ Windows 10 S လို့ခေါ်တဲ့ နောက်ဆုံးပေါ် Windows 10 ဗားရှင်းကို မကြာသေးခင်က မိတ်ဆက်ပေးခဲ့ပါတယ်။ ပညာရေးဈေးကွက်အတွက် ရည်ရွယ်ဖန်တီးထားတဲ့ Windows 10 S ဟာ Chromebook, Chrome OS တို့နဲ့ ယှဉ်ပြိုင်သွားမှာ ဖြစ်ပါတယ်။ ဒါကြောင့် Windows 10 S နဲ့ပတ်သက်တဲ့ သိထားသင့်တာတွေကို ဖော်ပြလိုက်ပါတယ်။

Windows Store app တွေကိုသာ သုံးနိုင်ပါတယ်

Windows 10 S ရဲ့ အကြီးမားဆုံးအပြောင်းအလဲကတော့ Windows Store app တွေကိုပဲ အသုံးပြုနိုင်အောင် ကန့်သတ်ထားခြင်း ဖြစ်ပါတယ်။ ဒါကြောင့် app တွေကိုအသုံးပြုလိုတဲ့ Store ကနေ app တွေကို download လုပ်ပြီး install လုပ်ရမှာပါ။ Photoshop နဲ့ Chrome လို desktop app တွေကိုတော့ Store မှာ မရနိုင်ပါဘူး။ Microsoft အနေနဲ့ desktop app တွေကို Windows Store မှာထည့်သွင်းဖို့ ခွင့်ပြုထားပေမယ့် လက်ရှိမှာတော့ app များများစားစား မရှိသေးပါဘူး။

Microsoft ဟာ Windows Store မှာ Office app တွေကို ထည့်သွင်းပေးထားပါတယ်။ Spotify ကလည်း သူ့ရဲ့ music streaming app ကို Store မှာ တင်ထားပါတယ်။ ဒါပေမဲ့ Windows 10 S ကို လူတွေပိုမိုအသုံးပြုလာစေဖို့အတွက် iTunes, Chrome နဲ့ Photoshop တို့လို နာမည်ကျော် app တွေ လိုအပ်ပါတယ်။ ဒီလိုအသုံးတည့်တဲ့ app တွေကို Windows Store မှာ မရနိုင်သေးဘူးဆိုရင်တော့ အဲ့ဒီ app တွေကို သုံးစွဲလိုသူတွေအတွက် Windows 10 S က သင့်လျော်တဲ့ရွေးချယ်စရာ မဟုတ်နိုင်ပါဘူး။

လုံခြုံရေးနဲ့ စွမ်းဆောင်ရည်

Windows 10 S မှာ လုံခြုံရေးစနစ်နဲ့ စွမ်းဆောင်ရည် ပိုမိုကောင်းမွန်အောင် ဆောင်ရွက်ထားတယ်လို့ Microsoft က ပြောကြားခဲ့ပါတယ်။ Windows Store ကမဟုတ်တဲ့ app တွေကို မသုံးနိုင်တာကြောင့် malware နဲ့ မလိုလားအပ်တဲ့ app helper တွေကို ကာကွယ်ပေးနိုင်တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် Windows 10 ရဲ့ sign in လုပ်ငန်းစဉ်ကလည်း ပိုမိုလျင်မြန်လာတာကြောင့် စာသင်ခန်းတွေမှာ သင်ခန်းစာတွေကို အလျင်အမြန်ပြုလုပ်လိုသူတွေအတွက် အထောက်အကူဖြစ်စေမှာ ဖြစ်ပါတယ်။

ဒီအပြောင်းအလဲတွေနဲ့အတူ Windows Store app တွေနဲ့ Microsoft Edge browser ကိုပဲသုံးနိုင်မယ့် ကန့်သတ်ချက်တွေကြောင့် ဘက်ထရီသက်တမ်းကလည်း ပိုကောင်းလာပါတယ်။ ကျောင်းသားတွေနဲ့ laptop တွေကို တစ်နေကုန်အသုံးပြုနိုင်ဖို့အတွက် Windows 10 S ထုတ်ကုန်တွေအတွက် ဘက်ထရီသက်တမ်းကို Microsoft က အာရုံစိုက်ဆောင်ရွက်ထားပါတယ်။

Unicode Version








အသစ်ထွက်ရှိထားတဲ့ Microsoft ရဲ့ Surface laptop
အသစ်ထွက်ရှိထားတဲ့ Microsoft ရဲ့ Surface laptop

Zawgyi Version

Default browser နဲ့ search setting တွေကို ကန့်သတ်ထားပါတယ်

Windows Store မှာ browser အမျိုးမျိုးရှိပေမယ့် Windows 10 S သုံးစွဲသူတွေကတော့ default browser ကို ပြောင်းလဲနိုင်မှာ မဟုတ်ပါဘူး။ ဒါကြောင့် Windows 10 S မှာ app တစ်ခုက link တစ်ခုကိုနှိပ်လိုက်တဲ့အခါ Microsoft Edge browser ပွင့်လာမှာ ဖြစ်ပါတယ်။ ဒါဟာ Chrome browser ကိုပဲသုံးနိုင်တဲ့ Google Chrome OS နဲ့ အတူတူပါပဲ။

Windows 10 S မှာ Microsoft Edge ကို Bing search engine နဲ့ပဲသုံးနိုင်အောင် Microsoft က ကန့်သတ်ထားပါတယ်။ ဒါကြောင့် address bar မှာ query တွေကို အလွယ်တကူထည့်သွင်းပြီး ရှာဖွေဖို့အတွက် Google search ကို ပြောင်းလဲနိုင်မှာ မဟုတ်ပါဘူး။ Google search ကို သုံးချင်တယ်ဆိုရင်တော့ Google.com ကိုသွားရောက်ပြီး အသုံးပြုရမှာ ဖြစ်ပါတယ်။

Windows 10 ရဲ့ အသွင်အပြင်နဲ့ အလုပ်လုပ်ပုံ တူညီပါတယ်

Windows 10 S ဟာ Windows 10 ရဲ့ lite version မဟုတ်ပါဘူး။ သူ့ရဲ့ အသွင်အပြင်နဲ့ လုပ်ဆောင်ချက်တွေက Windows 10 နဲ့ အလွန်တူညီပါတယ်။ HP နဲ့ Acer တို့လို PC ကုမ္ပဏီတွေက Windows 10 S သုံးထားတဲ့ laptop တွေကို ဒီနှစ်နွေမှာ ရောင်းချသွားမှာ ဖြစ်ပါတယ်။ ကျောင်းတွေအနေနဲ့လည်း Windows 10 Pro ကနေ Windows 10 S ကို အခမဲ့ ပြောင်းလဲနိုင်မှာ ဖြစ်ပါတယ်။

Windows 10 S ကနေ Windows 10 Pro ကို upgrade လုပ်နိုင်ပါတယ်

Windows Store မှာမရနိုင်တဲ့ desktop app တွေကို သုံးစွဲလိုတယ်ဆိုရင်တော့ Windows 10 S ကနေ Windows 10 Pro ကို upgrade လုပ်နိုင်ပါတယ်။ Windows 10 S ကနေ Windows 10 Pro ကို ဒီနှစ်ကုန်အထိ အခမဲ့ upgrade လုပ်နိုင်ပါတယ်။ သတ်မှတ်ရက်ကျော်သွားတဲ့အခါမှာတော့ upgrade လုပ်တဲ့အခါ ၄၉ ဒေါ်လာ ကျသင့်မှာဖြစ်ပါတယ်။

Windows 10 S က Windows RT 2.0 မဟုတ်ဘူးလား

မဟုတ်ပါဘူး။ Windows RT နဲ့ Windows 10 S က အများကြီး ကွာခြားပါတယ်။ Microsoft ဟာ Windows 10 S ကို ပညာရေးနယ်ပယ်အတွက် ရည်ရွယ်ထုတ်လုပ်ထားတာပါ။ Tablet သုံးစွဲသူတွေအတွက် မဟုတ်ပါဘူး။ နောက်ပြီး Windows Store ကနေ desktop app တွေကိုရနိုင်တဲ့အခါ အဲ့ဒီ app တွေကို Windows 10 S မှာ သုံးနိုင်ပါတယ်။ နောက်ပြီး Windows 10 Pro ကိုလည်း upgrade လုပ်နိုင်ပါတယ်။

Ref: TheVerge

အင်တာနက် ဂျာနယ်မှ ကူးယူဖော်ပြသည်။

Unicode Version

Default browser နဲ့ search setting တှကေို ကနျ့သတျထားပါတယျ









Ref: TheVerge


Thiha Bo Bo
Myanmar End User ကို အကောင်းဆုံးဖြစ်အောင် တင်ဆက်ပေးသွားပါ့မယ်... ကျွန်တော်နဲ့အတူ Blogger life ကို စိတ်ဝင်စားသူများ Guest blogger များကိုလည်း Myanmar End User မှာ ဝင်ရောက်ရေးသားဖို့ ဖိတ်ခေါ်ပါတယ်...
http://www.myanmarenduser.com

Similar Articles

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.

Top