
လက်ရှိ MecTel CDMA 800 MHz အသုံးပြုသူများသည် ဆင်းကတ်မှတ်ပုံတင်ခြင်းကို အင်းဝ
ဘဏ်ခွဲများတွင်aဆာင်ရွက်နိုင်သည့်အပြင် MecTel Viber ဖုန်းနံပါတ် ဝ၉-၃၁၃၁၃၁၃၁ သို့မဟုတ်
Viber နံပါတ် ဝ၉-၃၁ဝဝ၁၄၅၁ မှတစ်ဆင့် မှတ်ပုံတင်ခြင်းကို ပြုလုပ်နိုင်ပြီဖြစ်သည်။
မှတ်ပုံတင်လိုသူများသည် အထက်ပါ Viber ဖုန်းနံပါတ်သို့ မိမိကိုင်ဆောင်ထားသည့် ဖုန်းနံပါတ်၊
အမည်၊ မှတ်ပုံတင်နံပါတ်၊ နေရပ်လိပ်စာနှင့်အတူ ထင်ရှားသော မှတ်ပုံတင်ကို အရှေ့အနောက်
ဓာတ်ပုံရိုက်ကာပေးပို့၍ မှတ်ပုံတင်နိုင်ပြီဖြစ်သည်။
”ဆင်းကတ်တွေကို အင်းဝဘဏ်ခွဲ အခု ၄ဝ မှ မှတ်ပုံတင်နိုင်ပါတယ်။ နောက်ပြီး Viber ဖုန်းနံပါတ်
ဖြစ်တဲ့ ဖုန်းနံပါတ် ဝ၉- ၃၁၃၁၃၁၃၁ သို့မဟုတ် Viber နံပါတ် ဝ၉- ၃၁ဝဝ၁၄၅၁ ကို နာမည်၊ မှတ်
ပုံတင်နံပါတ်၊ နေရပ်လိပ်စာ၊ မှတ်ပုံတင်အရှေ့အနောက်ပုံကို ဓာတ်ပုံရိုက်ပြီး ပို့လိုက်တာနဲ့ ဆင်း
ကတ်ကို မှတ်ပုံတင်လုပ်ပေးမှာပါ။ ဒါပေမဲ့ Viber ဖုန်းနံပါတ်က မှတ်ပုံတင်မယ်ဆိုရင်တော့
Mectel ဖုန်းနံပါတ်နဲ့ပဲ မှတ်ပုံတင်လို့ရမှာပါ”ဟု MecTel မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ထို့ပြင် သုံးစွဲသူများကို အွန်လိုင်းမှတ်ပုံတင်ပြုလုပ်နိုင်သည့်လင့်ခ်ဖြစ်သော www.mectel.com.
mm မှ မှတ်ပုံတင်ပြုလုပ်ပါက ဖုန်းငွေ ၂ဝဝ ကျပ် Bonus ရရှိမည့်အခွင့်အရေးကိုလည်း စီစဉ်ပေး
ထားသည်။
ယင်းမှတ်ပုံတင်ခြင်းနှင့် ပတ်သက်သည့်အချက်အလက်များကို အသေးစိတ်သိရှိလိုပါက Call
Center 1212 သို့လည်းကောင်း Complaint Center 3456 သို့လည်းကောင်း မေးမြန်းစုံစမ်း
နိုင်သည်။
ပြည်တွင်း၌ Mectel ဆင်းကတ်အရေအတွက် ငါးသန်းနီးပါးဖြန့်ဝေထားကြောင်း MecTel မှ
တာဝန်ရှိသူတစ်ဦးက မြန်မာတိုင်း(မ်)ကို ပြောသည်။
မြန်မာတိုင်း(မ်) မှ ကူးယူဖော်ပြသည်။
Code လည်းမပေးဘူးဖြစ်နေတယ် 1212ဆက်တော့လည်းမှားယွင်းနေပါသည်တဲ့အကြုံပြုပေးပါအုံး
MEC Website က Error ရှိနေပုံရပါတယ်… အခြားနည်းလမ်းတွေနဲ့ မှတ်ပုံတင်ချင်ရင်တော့ ဒီမှာ ကြည့်နိုင်ပါတယ်… http://www.myanmarenduser.com/tag/mec/
ခင်များတို့ပေးတဲ့ဖုန်းနံပါတ်က 0931313131ကviberလည်းမရပဲနဲ့ဗျာ
MEC က အဲဒီ နံပါတ်ကိုပဲ ပေးထားတာပါ… ရမရဆိုတာတော့ သူတို့ကိုသာ Report လုပ်ပါခင်ဗျာ…