You are here
Home > Lifestyle > Finance > အွန်လိုင်းပေါ်မှ ငွေရှာခြင်း မိတ်ဆက်

အွန်လိုင်းပေါ်မှ ငွေရှာခြင်း မိတ်ဆက်

အွန်လိုင်းပေါ်မှ ငွေရှာခြင်း မိတ်ဆက်
အွန်လိုင်းပေါ်မှ ငွေရှာခြင်း မိတ်ဆက်

အခုဆိုရင် မြန်မာနိုင်ငံမှာလည်း အွန်လိုင်းကနေ အပိုဝင်ငွေရှာဖွေလို့ ရနိုင်နေပါပြီ။ အခြားနိုင်ငံတွေမှာတော့ စီးပွားရေးတစ်ခုလို ဖြစ်နေခဲ့တာ ကြာပါပြီ။ ကျွန်တော်ဟာ နည်းလမ်းမျိုးစုံနဲ့ အွန်လိုင်းကနေ အပိုဝင်ငွေရှာနည်းတွေကို လက်လှန်းမှီသလောက် လေ့လာခဲ့ပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်က IT သမားတစ်ယောက်ဖြစ်တဲ့အတွက် အွန်လိုင်းကို မသုံးချင်လည်းပဲ သုံးနေရတဲ့သူ ဖြစ်နေလို့ပါပဲ။ ဒီလိုပဲ အွန်လိုင်းအမြဲသုံးနေရတဲ့ သူတွေရှိသလို၊ အွန်လိုင်းမသုံးလည်း စာရေးဝါသနာပါတဲ့သူ၊ ကိုယ် ဝါသနာပါရာကို ဖန်တီးတတ်သူတွေအတွက် အွန်လိုင်းဟာ စီးပွားရေး နယ်ပယ်တစ်ခုဆိုလည်း မမှားပါဘူး။ ဒါပေမယ့် အရင်တုန်းကတော့ မြန်မာနိုင်ငံမှာ အွန်လိုင်းဆိုတာကြီးက အရမ်းကို ခက်ခဲခဲ့တဲ့အတွက် ကျွန်တော်တို့ ဘာမှလုပ်မရခဲ့ပါဘူး။ ခုချိန်မှာတော့ တော်တော်များများ အကောင်အထည်ဖော်လို့ ရတော့မှာပါ။ ဒါက ပြည်တွင်းမှာနေထိုင်တဲ့ သူတွေအတွက် ဖြစ်ပါတယ်။

ပြည်ပမှာ နေသူတွေကတော့ တော်တော်များများ အခွင့်အရေး ရှိပါတယ်။ အားလုံးနီးပါး လုပ်လို့ရပါတယ်။ ကိုယ့်ဘက်က လုပ်နိုင်ဖို့ပဲ လိုတာပါ။ ဒီတော့ ကျွန်တော်တို့ ဘာလုပ်နိုင်လဲ။

အွန်လိုင်းပေါ်က ငွေရှာနိုင်တဲ့ နည်းတွေကတော့…

၁။ Website

၂။ စာရေးခြင်း

၃။ ကုန်ပစ္စည်းများ ရောင်းချခြင်း

၄။ Blogging

၅။ အိမ်ကနေ အလုပ်လုပ်ခြင်း

၁။ Website

Website တွေက ငွေဘယ်လိုရနိုင်မလဲ။ မြန်မာနိုင်ငံမှာလည်း ခုဆို Website ကြီးတွေ ရှိနေပါပြီ။ Zawgyi Mark တို့လို Ads.com.mm တို့လို Facebook တို့လို Website တွေကနေ ငွေရရှိအောင် ပြုလုပ်နိုင်ပါတယ်။ ဥပမာအားဖြင့် Facebook မှာ ဝယ်ရောင်းလုပ်ကြတာ၊ Zawgyi Mark လို Online Market Place တွေမှာ ကိုယ့်ရဲ့ ရောင်းကုန်ကို တင်ရောင်းတာ၊ Ads.com.mm တို့လို အဟောင်းတွေပြန်ရောင်းတာ စသဖြင့် ငွေရှာနိုင်ပါတယ်။ ဒါ့အပြင် Website ကနေ ငွေရနိုင်တဲ့ အခြားသော နည်းလမ်းတွေ အများအပြား ရှိပါသေးတယ်။

၂။ စာရေးခြင်း

စာရေးခြင်းလို့ ဆိုလိုက်တာနဲ့ နိုင်းနိုင်းစနေကို ကျွန်တော် ပြေးမြင်မိပါတယ်။ နိုင်းနိုင်းစနေဟာလည်း အွန်လိုင်းမှာ စာရေးရင်း နောက်ဆုံး စာအုပ်ထုတ်နိုင်တဲ့ အဆင့်အထိ ရောက်သွားခဲ့ပါတယ်။ သူဟာ တရုတ်စာကောင်းပေကောင်းတွေကို မြန်မာဘာသာပြန်ဆိုရေးသားရင်း အောင်မြင်တဲ့ စာရေးဆရာတစ်ယောက် ဖြစ်သွားခဲ့ပါတယ်။ သူရေးတဲ့ စာတွေ အွန်လိုင်းမှာခုထိ လူကြိုက်များတုန်းပါပဲ။ ဒါက အွန်လိုင်းကနေတဆင့် အောင်မြင်သွားတာကို ပြောပြတာပါ။ ငွေရအောင်ကတော့ အောင်မြင်သွားရင် ငွေရတာပဲလေ။ နောက်ထပ်နည်းတွေက ရေးထားတဲ့ စာတွေကို Website ၊ စာနယ်ဇင်းတွေကို ပို့တာ။ ပြီးတော့ Blog ပြုလုပ်ပြီး Blog ကတဆင့် ဝင်ငွေရအောင် လုပ်တာ။ Blog ကနေ ငွေရအောင် ဘယ်လိုလုပ်မလဲဆိုတာတော့ ခေါင်းစဉ် (၄) ဖြစ်တဲ့ Blogging မှာ ဆက်ကြည့်ပါ။

၃။ ကုန်ပစ္စည်း ရောင်းချခြင်း

Website မှာလည်းပဲ ကုန်ပစ္စည်းရောင်းချခြင်းဆိုတာ ပါပြီးသားပါ။ ကျွန်တော် ပြောနေတာ အွန်လိုင်းကိစ္စဖြစ်တဲ့အတွက် အွန်လိုင်းပေါ်က အရာအားလုံးဟာ တစ်ခုနဲ့ တစ်ခု ဒွန်တွဲနေပါတယ်။ ဒါကြောင့် ကုန်ပစ္စည်းရောင်းမယ်ဆို ကျွန်တော်တို့ Website လုပ်ပြီး ရောင်းလို့ရမယ်။ Facebook တို့လို Social media တွေကတဆင့် ရောင်းလို့ရပါမယ်။

၄။ Blogging

Blog ဆိုတာ အွန်လိုင်းမှတ်စုတစ်ခုလို့ ပြောလို့ရပါတယ်။ ကိုယ့်ရဲ့ မှတ်စုလေးတွေကို အခြားသူတွေကို ပြန်လည်မျှဝေပေးတာ ဖြစ်ပါတယ်။ ကိုယ် ပြန်လည်မျှဝေတဲ့ အကြောင်းအရာတွေဟာ လူစိတ်ဝင်စားရင် စိတ်ဝင်စားသလောက် ကြည့်ရှုသူများမှာ ဖြစ်ပါတယ်။ ကြည့်ရှုသူများရင် ကျွန်တော်တို့ Blog မှာ ကြော်ငြာထည့်ပြီး ဖြစ်ဖြစ်၊ ကုန်ပစ္စည်းတစ်ခုခုကို အခကြေးငွေနဲ့ မိတ်ဆက်ပေးတာဖြစ်ဖြစ် ဝင်ငွေရှာနိုင်ပါတယ်။ အွန်လိုင်းပေါ်မှာလည်း အွန်လိုင်းကြော်ငြာ ကုပ္မဏီတွေ ရှိပါတယ်။ သူတို့ဆီက Plublisher အကောင့်လုပ်ပြီး ဝင်ငွေရအောင် လုပ်နိုင်ပါတယ်။ အဲဒီ ကြော်ငြာတွေက Click လုပ်ပြီးကြည့်တာ ဖြစ်ဖြစ်၊ Blog ကို လာလည်တဲ့သူက စာမျက်နှာတွေကို ကြည့်ရှုရင် ကြည့်ရှုသလို ဝင်ငွေရပါတယ်။

၅။ အိမ်ကနေ အလုပ်လုပ်ခြင်း

ဒါကတော့ မြန်မာနိုင်ငံမှာ သိပ်ပြီး ခေတ်မစားသေးပါဘူး။ နိုင်ငံတကာမှာတော့ ဒီဇိုင်းနာတွေ၊ ပရိုဂရမ်မာတွေ စသဖြင့် အိမ်က လုပ်နိုင်တဲ့ အလုပ်တွေကို ရုံးတက်စရာမလိုပဲ လုပ်နိုင်ပါတယ်။ မြန်မာနိုင်ငံမှာတော့ Website မရှိပေမယ့် အဲလိုနားလည်မှုနဲ့ လုပ်နေတဲ့သူတွေလည်း လုပ်နေကြပါတယ်။

ဒါတွေကတော့ အွန်လိုင်းက ဝင်ငွေရှာနိုင်တဲ့ အချက်လေးတွေပဲ ဖြစ်ပါတယ်။ အွန်လိုင်းကနေ လုပ်တာဖြစ်တဲ့အတွက် Bank account လိုပါတယ်။ အချို့အလုပ်တွေကတော့ ငွေထုတ်၊ ငွေလွှဲကို သက်ဆိုင်ရာ ရုံးမှာပဲ ထုတ်ပေးပါတယ်။ ဒီဆောင်းပါးက မိတ်ဆက်ပေးတာပဲ ဖြစ်ပါတယ်။ နောက်ဆောင်းပါးတွေမှာ တစ်ခုချင်းစီကို အသေးစိတ် ရေးပေးသွားမှာပါ။

နောက်ထပ် ဆောင်းပါးတွေကို စောင့်ဖတ်ချင်တယ်ဆိုရင်တော့ Myanmar End User ရဲ့ Facebook page ကို Like ပြီး See first လုပ်ထားလိုက်ပါ။

Facebook page >> www.facebook.com/MyanmarEndUser

နည်းပညာ အခက်အခဲတွေ ဆွေးနွေးဖို့ဆိုရင်

Facebook group >> www.facebook.com/groups/myanmarenduser

နည်းပညာ သတင်း၊ ဆောင်းပါးတွေ ဖတ်ချင်ရင်တော့

Website >> www.myanmarenduser.com

Thiha Bo Bo
Myanmar End User ကို အကောင်းဆုံးဖြစ်အောင် တင်ဆက်ပေးသွားပါ့မယ်... ကျွန်တော်နဲ့အတူ Blogger life ကို စိတ်ဝင်စားသူများ Guest blogger များကိုလည်း Myanmar End User မှာ ဝင်ရောက်ရေးသားဖို့ ဖိတ်ခေါ်ပါတယ်...
http://www.myanmarenduser.com

Similar Articles

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.

Top