You are here
Home > Hardware > Buying Guides > iPhone 7 နှင့် 7 Plus များကို Ooredoo Myanmar မှ အရစ်ကျဝယ်ယူနိုင်

iPhone 7 နှင့် 7 Plus များကို Ooredoo Myanmar မှ အရစ်ကျဝယ်ယူနိုင်

iPhone 7 ဒါမှမဟုတ် iPhone 7 plus ကိုအရစ်ကျ ဝယ်ယူချင်သူတွေအတွက် လိုအပ်တဲ့ အသေးစိတ် အချက်အလက်လေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

အရစ်ကျ ဝယ်ယူရာတွင် လိုအပ်သော အချက်များ

အရစ်ကျဝယ်ယူချင်သူများအနေနဲ့ အသက် ၁၈ နှစ်ပြည့်မှတ်ပုံတင်မိတ္တူ၊ တစ်လအတွင်းထုတ်ယူထားသော ရပ်ကွက်ထောက်ခံစာမူရင်း၊ အိမ်ထောင်စုစာရင်း မိတ္တူ  (သိုမဟုတ်) အိမ်ငှားစာချုပ်မိတ္တူ  (သို့မဟုတ်) အိမ်ပိုင်ဆိုင်မှု မိတ္တူ  (သို့မဟုတ်) တစ်လအတွင်း ထုတ်ယူထားသောရဲစခန်းထောက်ခံစာ မူရင်း နှင့် ကုမ္ပဏီမှ ရယူထားသော ဝင်ငွေထောက်ခံစာတို့ကို ယူဆောင်လာရပါမယ်။ ဒါကြောင့် နောက်ဆုံးထွက်ရှိထားတဲ့ iPhone 7 ဒါမှမဟုတ် iPhone 7 plus ကို အရစ်ကျ ရယူချင်သူများအနေနဲ့ လိုအပ်တဲ့ စာရွက်စာတမ်းများကိုရယူပြီး သတ်မှတ်ထားတဲ့ အူရီဒူးအရောင်းဆိုင်များမှာ နိုဝင်ဘာ ၄ ရက်နေ့မှာ စတင်ဝယ်ယူနိုင်မှာပါ။ ၁၂လ ထိအရစ်ကျပေးချေပြီး ဝယ်ယူနိုုင်ပါပြီ။

ဝယ်ယူရရှိနိုင်တဲ့အူရီဒူးဆိုင်ခွဲနေရာတွေကတော့

(၁) အမှတ် ၇၉၃ ၊ ဗန္ဓုလလမ်း၊ လမ်းမတော်မြို့နယ်။

(၂) အမှတ် ၁၉၂ ၊ ကမ္ဘာအေးဘုရားလမ်း ၊ ဗဟန်းမြို့နယ် ၊ ဒုတိယထပ် ၊ ဆိုင်နံပါတ် ၂ နဲ့

(၃) အမှတ် ၁၂၅ ၊ အနော်ရထာလမ်း ၊ ပန်းဆိုးတန်းလမ်း နဲ့ ၃၆လမ်းကြား ၊ Naing Group တာဝါ ၊ အခန်း ၇ တို့ပဲဖြစ်ပါတယ်။

Thiha Bo Bo
Myanmar End User ကို အကောင်းဆုံးဖြစ်အောင် တင်ဆက်ပေးသွားပါ့မယ်... ကျွန်တော်နဲ့အတူ Blogger life ကို စိတ်ဝင်စားသူများ Guest blogger များကိုလည်း Myanmar End User မှာ ဝင်ရောက်ရေးသားဖို့ ဖိတ်ခေါ်ပါတယ်...
http://www.myanmarenduser.com

Similar Articles

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.

Top