You are here
Home > Hardware > Buying Guides > Screen ကို ၃၆၀ ဒီဂရီ လှန်လို့ရတဲ့ HP X360

Screen ကို ၃၆၀ ဒီဂရီ လှန်လို့ရတဲ့ HP X360

Screen ကို ၃၆၀ ဒီဂရီ လှန်လို့ရတဲ့ HP X360
Screen ကို ၃၆၀ ဒီဂရီ လှန်လို့ရတဲ့ HP X360

Zawgyi Version


Specifications













THA PYAY PWINT


E-mail: [email protected]

Unicode Version

HP Laptop တွေဟာ အကြမ်းခံတဲ့ Laptop စာရင်းထဲမှာ ပါဝင်ပါတယ်။ ကွန်ပျူတာလောကမှာ တန်ဖိုးနည်းနည်းနဲ့ Laptop တစ်လုံးလို Tablet တစ်လုံးလို ကိုင်လို့ရမယ့် စွမ်းဆောင်ရည်အသင့်တင့်ရှိတဲ့ Laptop တစ်လုံးကို HP ကနေပြီး အသုံးပြုသူတွေလက်ထဲ ထည့်ပေးလိုက်ပါပြီ။ ဘာတွေ ထူးခြားလည်းဆိုတော့ အရမ်းကို ထူးခြားပါတယ်။ Intel Pentium နဲ့ ၃၆၀ ဒီဂရီ လှန်လို့ရတဲ့ မျက်နှာပြင်ပါရှိပါတယ်။ ဒါ့အပြင် ပိုထူးခြားသွားတာက မျက်နှာပြင်က Touch screen ဖြစ်တာကြောင့်ပါပဲ။ Intel Pentium ကို အသုံးပြုထားတဲ့အတွက် စွမ်းဆောင်ရည် အသင့်တင့်ရှိပြီး တန်ဖိုးနည်းပါတယ်။ ဒီလို တန်ဖိုးသင့် Laptop တွေမှာ Touch screen လို နည်းပညာတွေ ထည့်ပေးတာ နည်းပါးလှပါတယ်။ ဒါကြောင့် စွမ်းဆောင်ရည်သင့်၊ တန်ဖိုးသင့်ပြီး နည်းပညာမြင့် ကိုင်ချင်သူတွေအတွက် HP ရဲ့ X360 ဟာ အရမ်းကို စမတ်ကျလွန်းပါတယ်။

Specifications

HP X360 ရဲ့ Specifications တွေကို ကြည့်ရအောင်။

ပထမဆုံးအနေနဲ့ Processor ကို Intel Pentium N3710 1.6 MHz ကို အသုံးပြုထားတဲ့အတွက် Core i series တို့လို စွမ်းဆောင်ရည်အမြင့်မဟုတ်ပေမယ့် စွမ်းဆောင်ရည် အသင့်တင့် ရှိပါတယ်။

Memory အနေနဲ့ DDR3l 1600 MHz 4 GB ကိုတပ်ဆင်ထားတဲ့အတွက် လုပ်ဆောင်မှုတွေ မြန်ဆန်မှုရှိမှာ ဖြစ်ပါတယ်။

Storage ကလည်း 500 GB SATA 5400 rpm Hard Disk Drive ကို အသုံးပြုထားတဲ့အတွက် စွမ်းဆောင်ရည်မြင့် Laptop တွေနဲ့ ယှဉ်ရင် မထူးခြားလှပါဘူး။

Graphic အနေနဲ့ Intel HD Graphic 405 ကို အသုံးပြုထားပါတယ်။ Intel HD Graphic 405 ဟာ ၂၀၁၅ ခုနှစ်၊ ဧပြီလ က Intel က Mobile အတွက် ထုတ်ပေးထားတာဖြစ်ပါတယ်။

Display ကတော့ ၁၁.၆ လက်မ LED display ဖြစ်ပါတယ်။ သေးသေးလေးနဲ့ ချစ်ဖို့ကောင်းနေမှာ အမှန်ပါပဲ။

သေးပေမယ့် DVD Writer Super Multi Drive ကို ထည့်ပေးထားပါသေးတယ်။ ဒါကြောင့် CD/DVD ကူးချင်တယ်ဆိုရင်လည်း ကူးလို့ရနိုင်ပါတယ်။

ဘက်ထရီအနေနဲ့ Li-ion 3 Cells အသုံးပြုထားတဲ့အတွက် ၃ နာရီလောက်တော့ အသာအယာ သုံးနိုင်မှာ ဖြစ်ပါတယ်။

ဒါ့အပြင် အခြားသော Laptop များနည်းတူ Webcam, Card Reader, HDMI, နဲ့ USB 3.0 တို့လည်း ပါဝင်ပါတယ်။

Network ချိတ်ဆက်မှုအတွက် Gigabyte LAN, Wireless နဲ့ Bluetooth 4.0 တို့ကို အသုံးပြုထားတာ ဖြစ်တဲ့အတွက် ကောင်းမွန်တဲ့ Network ချိတ်ဆက်မှုကို ပေးစွမ်းနိုင်မှာ ဖြစ်ပါတယ်။

ဘယ်မှာ ဘယ်ဈေးနဲ့ ရနိုင်သလဲ

ရရှိနိုင်တဲ့ နေရာကတော့ Tha Pyay Pwint Computer & CCTV, Sales & Service & Networking မှာ $449 နဲ့ ရရှိနိုင်ပါတယ်။ August, 2017 မှာ $20 Discount ထပ်ပေးထားပါသေးတယ်။ ဒါကြောင့် $429 အပြင် လက်ဆောင်ပစ္စည်း ၁၀ မျိုးနဲ့ ထီးတစ်ချောင်း မေတ္တာလက်ဆောင် ရရှိနိုင်ပါတယ်။ ဒါ့အပြင် တသက်တာ အခမဲ့ ပြင်ဆင်ခွင့်ကိုလည်း ရရှိမှာ ဖြစ်ပါတယ်။ Tha Pyay Pwint ရဲ့ လိပ်စာကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။

THA PYAY PWINT

COMPUTER SALES, CCTV SERVICES, AND NETWORKING

Ph: 01-385501, 09-73048948, 09-8752348
E-mail: [email protected]
Facebook: https://www.facebook.com/ThaPyayPwint.TPP/ 
Address: No (214), Seik Kan Thar St; (Middle), Kyauktada Tsp; Yangon.

Review overview
Summary စွမ်းဆောင်ရည်သင့်၊ တန်ဖိုးသင့်ပြီး စမတ်ကျကျ ကိုင်ချင်သူတွေအတွက် HP X360 ဟာ ထိပ်ဆုံးက ရွေးချယ်ရမယ့် Laptop တစ်လုံးပါပဲ...
5
Tagged
Thiha Bo Bo
Myanmar End User ကို အကောင်းဆုံးဖြစ်အောင် တင်ဆက်ပေးသွားပါ့မယ်... ကျွန်တော်နဲ့အတူ Blogger life ကို စိတ်ဝင်စားသူများ Guest blogger များကိုလည်း Myanmar End User မှာ ဝင်ရောက်ရေးသားဖို့ ဖိတ်ခေါ်ပါတယ်... Facebook Profile: Fb/dev.thihabobo Email: [email protected]
http://www.myanmarenduser.com

Leave a Reply

Top