You are here
Home > PC & Mobile > Security > HP Laptop တွေက မယုံရတော့ဘူးလား???

HP Laptop တွေက မယုံရတော့ဘူးလား???

#HP Laptop တွေက မယုံရတော့ဘူးလား???#

HP 460 နောက်ပိုင်း မော်ဒယ်လ်တွေမှာ ကိုယ့်ရိုက်ထည့်လိုက်တဲ့ ကီးဘုတ်လက်ကွက်က အရေးကြီးတဲ့ ဒေတာတွေ ဖြစ်တဲ့ user account information(gmail & facebook etc) တွေ ခရက်ဒစ်ကတ် အကောင့် နံပါတ်တွေကို မှတ်ယူထားနိုင်တဲ့ Keylogger ဆော့ဝဲလ်ကို ကြိုတင်ထည့်သွင်းထားပါတယ်လို့ လုံခြုံရေး သုတေသန ပညာရှင် Michael Myng က ဆိုထားပါတယ်…

HP ဘက်ကလဲ သူတို့ဘက်က လုံခြုံရေးဆိုင်ရာ ချွတ်ယွင်းချက်ပါလို့ ပြောကြားထားပါတယ်… အဲအတွက်လဲ keylogger ကို ပြန်ဖျက်ဖို့ software patch ကို ထုတ်ပြန်ထားပြီး ဖြစ်တယ်လို့လဲ ပြောပါတယ်…
သက်ရောက်မှု ရှိခဲ့တဲ့ အမျိုးအစားတွေက EliteBook ProBook Pavilion တွေပဲ ဖြစ်ပါတယ်..
မိုက်ကယ် ပြောစကား အရဆိုရင်တော့ keylogger က ပါလာပေမယ့် default အားဖြင့်တော့ disabled ဖြစ်နေပါတယ်တဲ့… သို့သော် ဟက်လုပ်ချင်တဲ့ သူ ဟာ open source tools တခုခုကို သုံးပြီး registry တန်ဖိုးကို ပြောင်းလဲပြီး ဟက်လို့ ရမယ်လို့ ပြောကြားထားပါတယ်…

ဒီလိုနေရာမျိုးမှာပါတဲ့…

“registry key:
HKLM\Software\Synaptics\%ProductName%
HKLM\Software\Synaptics\%ProductName%\Default”

 

တွေ့ရတဲ့ နေရာတွေကတော့ Touchpad Driver ဆိုတဲ့ ဖိုတာထဲမှာ SynTP.sys file အနေနဲ့ပါ…
မေလထဲမှာ ထပ်မံတွေ့ရှိတာကတော့ Audio Drivers Folder ထဲမှာပါ…

ps: မြန်မာပြည်အနေနဲ့ ခြိမ်းခြောက်မှု အရမ်း မရှိပေမယ့် ဒီသတင်းအရတော့ HP Laptop တွေ အနည်းငယ်တော့ ဈေးကျသွားမယ် ထင်ပါတယ်…

Source: Internet

လေးစားစွာဖြင့်
ကိုထွဋ်

ဦးထွဋ်အောင်ကျော်
မင်္ဂလာပါ... ကျွန်တော် သိသလောက် တတ်သလောက်ကို အားလုံး နားလည် အဆင်ပြေအောင် ပို့စ်တွေ တင်ပေးသွားပါ့မယ်... အရင်ကတော့ ဂရုလေးထောင်ထားပါတယ်... အကောင့်ပျက်သွားလို့ ပို့စ်တွေပါပါသွားလို့... အခုပြန်စရေးတာမို့ တပို့စ်နဲ့ တပို့စ်ကြား စိတ်ရှည်ပေးဖို့ ကြိုတောင်းပန်ထားပါရစေ... ဖေ့စ်ဘွတ်မှာလဲ Ethical Hacking သမာဓိ ထွင်းဖောက်ခြင်း ဆိုတဲ့ Page လေးလဲ ထောင်ထားပါတယ်... Hacking ပိုင်းမှာ သိသလောက်လေးတွေ မျှဝေထားတာပါ...

    Similar Articles

    Leave a Reply

    This site uses Akismet to reduce spam. Learn how your comment data is processed.

    Top