You are here
Home > PC & Mobile > Android > Smartphone ဖုန်းတွေမှာ Screenshot ကို ဘယ်လို ရယူမလဲ

Smartphone ဖုန်းတွေမှာ Screenshot ကို ဘယ်လို ရယူမလဲ

Screenshot ဆိုတာ Smartphone ရဲ့ Screen ကို ဓါတ်ပုံရယူတာ ဖြစ်ပါတယ်။ Screenshot ကို ဘာကြောင့် ရယူသလဲဆိုရင်တော့ အကြောင်းရင်းက မိမိရဲ့ ဖုန်း Screen ကို မျှဝေ သိမ်းထားချင်လို့ပါ။ ဥပမာ – Facebook က စာတွေကို ပုံအနေနဲ့ သိမ်းထားချင်လို့၊ သူငယ်ချင်းကို ပြချင်လို့ စသဖြင့် Screen ပေါ်က အကြောင်းအရာကို အလွယ်တကူ ရယူတာပဲ ဖြစ်ပါတယ်။ Smartphone အမျိုးအစား အများအပြားရှိတာကြောင့် Screenshot လုပ်နည်းကလည်း အများအပြားပါပဲ။

အချို့ Smartphone တွေမှာတော့ Status bar မှာ ထည့်သွင်းပေးထားပြီး အချို့ကြတော့ Floating button တွေမှာ ထည့်ပေးထားပါတယ်။ အချို့ Smartphone တွေမှာတော့ Shortcut အနေနဲ့ ထည့်မပေးထားပါဘူး။ အဲလို Smartphone မျိုးတွေဆိုရင် Home button နဲ့ Power button သို့မဟုတ် Power button နဲ့ Volume down button တွေကို ၃ စက္ကန့် တွဲနှိပ်ပေးရပါတယ်။ အောက်မှာ ပုံလေးတွေပြထားပေးပါတယ်။

Home button ပါဝင်သော ဖုန်းမှ Screenshot ရယူပုံ
Home button ပါဝင်သော ဖုန်းမှ Screenshot ရယူပုံ

Home button ပါဝင်တဲ့ ဖုန်းတွေဆိုရင် Screenshot ကို Default အနေနဲ့ Power button နဲ့ Home button ကို ၃ စက္ကန့် တွဲပြီး ဖိနှိပ်ပေးထားတာနဲ့ Screenshot ဖြစ်ပါတယ်။ Screenshot ကို Gallery ထဲမှာ ဝင်ကြည့်နိုင်ပါတယ်။

Home button မပါဝင်သော ဖုန်းများကို Screenshot ရယူပုံ
Home button မပါဝင်သော ဖုန်းများကို Screenshot ရယူပုံ

Home button မပါဝင်တဲ့ ဖုန်းတွေကိုတော့ Power button နဲ့ Volume down button ကို ၃ စက္ကန့် တွဲပြီး ဖိနှိပ်ပေးထားတာနဲ့ Screenshot ဖြစ်ပါတယ်။ Screenshot ကို Gallery ထဲမှာ ဝင်ကြည့်နိုင်ပါတယ်။

iPhone ကို Screenshot ရယူပုံ
iPhone ကို Screenshot ရယူပုံ

iPhone တွေမှာ Home button ပါဝင်တဲ့အတွက် Home button နဲ့ Power button ကို တွဲပြီး ဖိနှိပ်ပေးလိုက်တာနဲ့ Screenshot ဖြစ်ပါတယ်။ Screenshot ကို Gallery ထဲမှာ ဝင်ကြည့်နိုင်ပါတယ်။

Myanmar End User ရဲ့ ဆောင်းပါးများကို Facebook မှ ဖတ်ပါက MPT အသုံးပြုသူများ အခမဲ့ ဖြစ်ပြီး… အခြားအော်ပရေတာများကတော့ Data ကုန်ကျမှု မရှိသလောက်ပါပဲ… ဒါကြောင့် နည်းပညာဆောင်းပါးများဖတ်ဖို့ အကူအညီများ ရယူဖို့ Myanmar End User ရဲ့ Facebook page ကို Like လုပ်ထားလိုက်ပါ…

Facebook မှ နည်းပညာ သတင်း၊ ဆောင်းပါးတွေ ဖတ်ချင်ရင်တော့ Facebook page >> https://www.facebook.com/MyanmarEndUser

နည်းပညာ အခက်အခဲတွေ ဆွေးနွေးဖို့ဆိုရင် Facebook group >> https://www.facebook.com/groups/myanmarenduser

နည်းပညာ သတင်း၊ ဆောင်းပါးတွေ ဖတ်ချင်ရင်တော့ Website >> http://www.myanmarenduser.com

Thiha Bo Bo
Myanmar End User ကို အကောင်းဆုံးဖြစ်အောင် တင်ဆက်ပေးသွားပါ့မယ်... ကျွန်တော်နဲ့အတူ Blogger life ကို စိတ်ဝင်စားသူများ Guest blogger များကိုလည်း Myanmar End User မှာ ဝင်ရောက်ရေးသားဖို့ ဖိတ်ခေါ်ပါတယ်...
http://www.myanmarenduser.com

Similar Articles

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.

Top