You are here
Home > Lifestyle > Gaming > Dota 2 ကို Offline Server ထောင်ပြီး အဖွဲ့လိုက် ဘယ်လိုကစားမလဲ??
Dota 2 ကို Offline Server ထောင်ပြီး အဖွဲ့လိုက် ဘယ်လိုကစားမလဲ??
(Zawgyi)
(Unicode)
ဒီ Tutorial ဆောင်းပါးကို Dota 2 ဂိမ်းမာတွေ မျှော်လင့်တကြီး စောင့်စားနေကြမယ်လို့ ထင်ပါတယ်ဗျာ…
Dota 2 Offline mode ကို အင်တာနက်လိုင်း လုံးဝပြတ်တောက်သွားတဲ့အခါ၊ လိုင်းအရမ်းလေးတဲ့အခါ၊ Offline ပြိုင်ပွဲတွေ လုပ်တဲ့အခါမှာ ကစားနိုင်ပါတယ်။ Offline ပြိုင်ပွဲတွေဆိုတာ သာမန်ပြိုင်ပွဲတွေကို ပြောတာပါ။ အင်တာနက်မသုံးတော့ Lag တာတွေ မရှိတော့ဘူးပေါ့။
ကဲ… ဒါဆို ဘယ်လိုကစားရမလဲ ဆက်ကြည့်ရအောင်ဗျာ…
ပထမဆုံး Steam အကောင့်ဝင်ပါ…
ဒုတိယအနေနဲ့ကတော့ Console ဖွင့်ရမှာပါ။ သာမန်အားဖြင့် Console အသုံးပြုဖို့ ပိတ်ထားပါတယ်။ Console ဟာ Command တွေပဲ ရိုက်လို့ရပါတယ်။ ဒါကြောင့် နားလည်တဲ့ သူတွေအတွက် အသုံးပြုဖို့ ခွင့်ပြုထားတာပါ။ Console ကို သုံးမယ်ဆို ကိုယ်မသိတဲ့ Command တွေကို လျှောက်မရိုက်ဖို့ လိုအပ်ပါတယ်။ လျှောက်ရိုက်လို့ တခုခုဖြစ်ရင် ကိုယ့်အကောင့်ပဲ ဖြစ်မှာပါ။ 🙂
Steam login ဖြစ်သွားပြီဆိုရင် Offline mode ကစားဖို့အတွက် Steam က Go Offline ကို နှိပ်ပါ။
(Z) Offline mode ဖြစ်သွားပြီဆိုရင် Console ဖွင့်ဖို့အတွက် Dota 2 မှာ Right click ပေးပြီး Properties ကို ဖွင့်ပါ။
(U) Offline mode ဖြစ်သွားပြီဆိုရင် Console ဖွင့်ဖို့အတွက် Dota 2 မှာ Right click ပေးပြီး Properties ကို ဖွင့်ပါ။
(Z) Properties ထဲကို ရောက်ပြီဆိုရင်တော့ အောက်ပါ ပုံမှာ ပြထားတဲ့အတိုင်း Set Launch Options ကို ကလစ်နှိပ်ပါ။
(U) Properties ထဲကို ရောက်ပြီဆိုရင်တော့ အောက်ပါ ပုံမှာ ပြထားတဲ့အတိုင်း Set Launch Options ကို ကလစ်နှိပ်ပါ။
(U) Set Launch Options ကို နှိပ်လိုက်ပြီဆိုရင် Dota 2 ရဲ့ Launch option box တက်လာပါလိမ့်မယ်။ Box ထဲမှာ -console ကို ရိုက်ထည့်ပြီး OK ပေးလိုက်ပါ။ အောက်ပါပုံကို ကြည့်နိုင်ပါတယ်။
(U) Console ကို Offline ကစားမယ့် စက်တိုင်းက ဖွင့်ထားရမှာ ဖြစ်ပါတယ်။ Console ဖွင့်ပြီးပြီဆိုရင် Dota 2 ကို ဖွင့်ပါ။ Dota 2 ရဲ့ Settings ထဲက To Advanced Hotkeys option မှာ Console အတွက် ပေးထားတဲ့ Shortcut key ကို ကြည့်ပါ။ Default ကတော့ “\” ကို ပေးထားတာ ဖြစ်ပါတယ်။ သေချာအောင် စစ်ကြည့်ပါ။ ဒါမှမဟုတ် ကိုယ်နှစ်သက်ရာ key ကို ပေးနိုင်ပါတယ်။
(Z) ပြီးရင်တော့ Hotkey နှိပ်ပြီး Console ကို ခေါ်ပါ။
(U) ပြီးရင်တော့ Hotkey နှိပ်ပြီး Console ကို ခေါ်ပါ။
(U) ကဲ… ဒါဆို Setting ကျတာ အားလုံးပြီးသွားပါပြီ။ ဆိုတော့ Server ထောင်မယ့် Client ချိတ်မယ့် အပိုင်းကို ရောက်လာပါပြီ။ ပထမဆုံး Server ထောင်မယ့် စက်ရဲ့ IP address ကို သိဖို့လိုပါတယ်။ အဲဒီအတွက် command prompt (cmd) ကို ခေါ်ပါ။ Start က Search box မှာ cmd လို့ ရိုက်ပြီး ရှာဖွင့်ပါ။ command prompt (cmd) မှာ ipconfig လို့ ရိုက်ပြီး IP address ကို ကြည့်နိုင်ပါတယ်။
(Zawgyi)
Server Commands
  • All Pick = 1
  • Captains Mode = 2
  • Random Draft = 3
  • Single Draft = 4
  • All Random = 5
  • INTRO = 6
  • Diretide = 7
  • Greeviling = 9
  • Tutorial = 10
  • Mid Only = 11
  • Least Played = 12
  • Limited Heroes = 13
  • Compendium = 14
  • Captains Draft = 16
  • Balanced Draft = 17
  • Ability Draft = 18
  • 1 VS 1 Solo-Mid = 21
  • All Pick (Ranked) = 22
Updated!!
Update End!!
Client Commands
(Unicode)
ပုံမှာ IPv4 Address: 192.168.0.34 ဆိုပြီး တွေ့မှာပါ။ ဒါဆို Server ရဲ့ IP က 192.168.0.34 လို့ သတ်မှတ်ပါတယ်။ IP သိပြီဆို Server စပြီးတော့ ထောင်ပါမယ်။ Dota 2 console ကို သွားပါ။
Server Commands
Server ထောင်ဖို့အတွက် Console မှာ အောက်ပါ Command တွေကို ရိုက်ထည့်ပါ။
sv_lan 1 (Server လို့ သတ်မှတ်လိုက်တာ ဖြစ်ပါတယ်)
dota_force_gamemode # ( # နေရာမှာ နံပါတ် အစားထိုးထည့်ပေးရမှာပါ… နံပါတ်တွေရဲ့ အဓိပ္ပါယ်ကိုတော့ အောက်မှာ ကြည့်ပါ..)
  • All Pick = 1
  • Captains Mode = 2
  • Random Draft = 3
  • Single Draft = 4
  • All Random = 5
  • INTRO = 6
  • Diretide = 7
  • Reverse Captains Mode = 8
  • Greeviling = 9
  • Tutorial = 10
  • Mid Only = 11
  • Least Played = 12
  • Limited Heroes = 13
  • Compendium = 14
  • Captains Draft = 16
  • Balanced Draft = 17
  • Ability Draft = 18
  • All Random Death Match = 20
  • 1 VS 1 Solo-Mid = 21
  • All Pick (Ranked) = 22
jointeam good/bad (good နဲ့ bad ကို တစ်ခုပဲ ရိုက်ရမှာ ဖြစ်ပါတယ်။ good ဆိုတာ Radiant team မှာ နေဖို့ပါ။ bad ဆိုတာ Dire team မှာ နေဖို့ပါ။ Team ခွဲထဲအခါ သုံးပါတယ်။ တကယ်လို့ jointeam ကို မရိုက်ဘူးဆိုရင် Map ထဲရောက်သွားတဲ့အခါ ရွေးချယ်နိုင်ပါတယ်)
map dota.bsp (ဒီ Command ကတော့ ဘယ် Map နဲ့ ကစားမလဲဆိုတာကို သတ်မှတ်ပေးရတာ ဖြစ်ပါတယ်)
Updated!!
map dota.bsp command ရိုက်ပြီးလို့ Loading တက်သွားပြီးရင် အခြား Player တွေကို စောင့်ရမှာပါ… အဲဒီအချိန်မှာ Time ကို ရပ်ထားဖို့လိုပါတယ်… မဟုတ်ရင် Gold တွေ ကုန်သွားနိုင်လို့ပါ… Time ကို ရပ်ထားဖို့က console မှာ dota_pause command နဲ့ ရပ်ထားရမှာပါ… အားလုံးပြီးလို့ Start loading ဖြစ်ပြီဆိုရင် console ကနေ dota_pause ကို ပြန်ရိုက်ပေးပါ… ဒါမှဆက်သွားမှာ မို့ပါ…
dota_start_ai_game 1 (Player မပြည့်လို့ Bot ထည့်ကစားမယ်ဆိုရင် ဒီ Command ကို သုံးပေးရမှာပါ)
dota_bot_set_difficulty # ( # နေရာမှာ 0,1,2,3,4 အစားထိုးပေးရမှာပါ… Bot ထည့်ကစားမယ်ဆိုရင် ဒီ Command ကို သုံးပေးရမှာ ဖြစ်ပါတယ်… မထည့်ဘူးဆိုရင် မလိုပါဘူး… အဓိပ္ပါယ်ကတော့ 0 = easy, 1 = medium, 2 = hard, 3 = unfair)
dota_bot_populate (၁၀ ယောက်ဆော့ဖို့ Player မပြည့်တဲ့အခါ လိုနေတဲ့ နေရာမှာ Bot ထည့်ဖို့ဆိုရင် ဒီ Command ကို သုံးပေးရမှာပါ)
Client Commands
Client အတွက် Command တွေကတော့ ရိုးရှင်းပါတယ်။ အောက်မှာ ကြည့်ပါ။
connect IP address (IP address နေရာမှာ Server ထောင်တဲ့ စက်ရဲ့ IP address ကို ရိုက်ထည့်ပေးရမှာပါ.. ဥပမာ – connect 192.168.0.34)
jointeam good/bad (good နဲ့ bad ကို တစ်ခုပဲ ရိုက်ရမှာ ဖြစ်ပါတယ်။ good ဆိုတာ Radiant team မှာ နေဖို့ပါ။ bad ဆိုတာ Dire team မှာ နေဖို့ပါ။ Team ခွဲထဲအခါ သုံးပါတယ်။ တကယ်လို့ jointeam ကို မရိုက်ဘူးဆိုရင် Map ထဲရောက်သွားတဲ့အခါ ရွေးချယ်နိုင်ပါတယ်)
jointeam spec (ပွဲကြည့်သူအနေနဲ့ Observer လုပ်ချင်ရင်တော့ ဒီ Command ကို သုံးနိုင်ပါတယ်)
Thiha Bo Bo
Myanmar End User ကို အကောင်းဆုံးဖြစ်အောင် တင်ဆက်ပေးသွားပါ့မယ်… ကျွန်တော်နဲ့အတူ Blogger life ကို စိတ်ဝင်စားသူများ Guest blogger များကိုလည်း Myanmar End User မှာ ဝင်ရောက်ရေးသားဖို့ ဖိတ်ခေါ်ပါတယ်…
Facebook Profile: Fb/dev.thihabobo
Email: [email protected]
http://www.myanmarenduser.com
Similar Articles
Leave a Reply
Top
Skip to toolbar