You are here
Home > PC & Mobile > Internet > ကိုယ်ပိုင် Facebook Frame တစ်ခုကို ဘယ်လိုပြုလုပ်မလဲ??

ကိုယ်ပိုင် Facebook Frame တစ်ခုကို ဘယ်လိုပြုလုပ်မလဲ??

Facebook frame ပြုလုပ်တာ ခေတ်ထနေတဲ့အချိန် ကိုယ် ကိုယ်တိုင်ကလည်း Frame တစ်ခုတည်ဆောက်ပြီး သုံးတတ်ပြီလား။ ပြုလုပ်ရတာ လွယ်ပါတယ်။ Idea ရှိပြီး ဖန်တီးတတ်ရင် ဖန်တီးတတ်သလို Frame ကောင်းကောင်းလေး ဖန်တီးနိုင်ပါတယ်။ ဒါပေမယ့် Facebook frame ကို ပြုလုပ်ဖို့ကတော့ Mobile ကနေ ပြုလုပ်နိုင်မှာ မဟုတ်ပါဘူး။ Facebook ရဲ့ Mobile view က Support မပေးထားလို့ပဲ ဖြစ်ပါတယ်။ ဒါပေမယ့် စိတ်မပူပါနဲ့ Mobile ကနေ ပြုလုပ်လို့ရတဲ့ နည်းလမ်းရှိပါတယ်။

မှတ်ချက် – Mobile ဖုန်းကနေ ပြုလုပ်ချင်သူတွေအနေနဲ့ ပုံတွေကို Touch နဲ့ နေရာချလို့မရတဲ့ ပြဿနာရှိပါတယ်။ ဒါကိုဖြေရှင်းဖို့ ကျွန်တော် စမ်းကြည့်တဲ့အခါမှာ Mouse အသုံးပြုလို့ရပါတယ်။ Mouse ကို ဘယ်လိုသုံးမလဲဆိုတော့ Cable Mouse ကို သုံးမယ်ဆို OTG နဲ့ တွဲသုံးရမှာပါ။ USB Wireless mouse နဲ့လည်း ရပါတယ်။

ပထမဆုံး လိုအပ်တာတွေကို အရင်ကြည့်ရအောင် –

PC ကနေ ပြုလုပ်မယ်ဆိုရင်တော့ Photo Editor လိုပါလိမ့်မယ်။ (ဥပမာ – Photoshop) ဒီဇိုင်းပြုလုပ်ဖို့အတွက် ဖြစ်ပါတယ်။ Mobile ကနေ ဆိုရင်တော့ Image ကို Text ထည့်မယ်ဆိုရင် Image editor တစ်ခုခု သို့မဟုတ် ပေါင်းစပ်အသုံးပြုနိုင်ပါတယ်။ ဒါကိုတော့ ကိုယ့်စိတ်တိုင်းကျ Application ကို အသုံးပြုပြီး လိုသလို ဖန်တီးယူနိုင်ပါတယ်။

ကိုယ်လုပ်မယ့် Frame အတွက် ပုံတွေ ရပြီဆိုရင်တော့ အောက်ပါ Link ကို သွားပါ။

https://www.facebook.com/fbcameraeffects/

Mobile ကနေဆိုရင်တော့ အထက်ပါ Link ကို Copy လုပ်ပါ။ ပြီးပါက Browser ကို ဖွင့်ပြီး Link ကို Paste လုပ်ကာ ဖွင့်လိုက်ပါ။ https://m.facebook.com ကို ပြောင်းသွားပါက Browser ရဲ့ Setting မှာ Request desktop size ကို ဖွင့်ပါ။ ဒါဆို အပေါ်က Link ပြန်ပွင့်လာမှာပါ။ Browser မှာ Facebook အကောင့်ကို ဝင်ပါ။

(Unicode)






https://www.facebook.com/fbcameraeffects/


အကောင့် ဝင်ထားပြီးသား FBCameraEffects ရဲ့ Home ကို မြင်တွေ့ရတာဖြစ်ပါတယ်။ Frame အသစ်လုပ်ဖို့အတွက် Create a Frame ကို နှိပ်ပါ။ Lightbox အသစ်တစ်ခု ထပ်တက်လာပါလိမ့်မယ်… Start ကို နှိပ်လိုက်ပါ။


Start ကို နှိပ်ပြီးပါက အထက်ပါပုံကို တွေ့ရပါလိမ့်မယ်။ Upload Art မှ မိမိ အသုံးပြုမယ့် ပုံတွေကို Upload လုပ်ပါ။

Start ကို နှိပျပွီးပါက အထကျပါပုံကို တှေ့ရပါလိမျ့မယျ။ Upload Art မှ မိမိ အသုံးပွုမယျ့ ပုံတှကေို Upload လုပျပါ။

တင်ပြီးသား ပုံများကို မိမိစိတ်ကြိုက် နေရာချပါ… ပုံပေါ်ကို နှိပ်လိုက်ပါက Dropdown တုံးလေး တက်လာပါလိမ့်မယ်။ Dropdown တုံးလေးကို နှိပ်လိုက်ပါက ပုံမှာ မြင်ရတဲ့ Bring forward, Bring to Front တို့ကို လိုအပ်သလို ထားနိုင်ပါတယ်။ အောက်ဆုံးက Shrink with width နဲ့ height ကတော့ ပိတ်ထားတာကို တွေ့ရမှာပါ။ ပိတ်ထားတဲ့အတွက် Screen size တိုင်းမှာ အပြည့်ပေါ်မှာ ဖြစ်ပါတယ်။ ဖွင့်ထားရင်တော့ ပုံရဲ့ Size အတိုင်းပဲ Screen မှာ ပေါ်မှာပါ။ ပုံတွေ အားလုံးနေရာချပြီးရင်တော့ Next ကို နှိပ်ပါ။


ဒီအဆင့်ကတော့ Frame ရဲ့ နာမည်၊ အသုံးပြုမယ့် အချိန်၊ ရှာဖွေရင် ဖော်ပြနိုင်မယ့် စကားစု ကို သတ်မှတ်ပေးရမှာ ဖြစ်ပါတယ်။ ပုံမှာ နမူနာ ကြည့်နိုင်ပါတယ်။ သတ်မှတ်ပြီးပါက Next ကို နှိပ်ပြီး ဆက်သွားပါ။


ဒီနေရာကို ရောက်ရင် Share as Page ကို နှိပ်ပါ။ Done ကို နှိပ်ပါက Facebook Camera မှာ သာ မြင်ရမှာ ဖြစ်ပါတယ်။


Share as Page ကို နှိပ်လိုက်ပါက အထက်ပါပုံကို တွေ့ရမှာပါ။ Text မှာ မိမိ ရေးလိုတဲ့ Frame အကြောင်း စာသားကို ပို့စ်လုပ်ရန် ရေးပေးရမှာပါ။ Share မှာ ဖော်ပြရန် Image သို့မဟုတ် Video ဖိုင်တစ်ခုကို Image or Video ကနေ တစ်ခု ရွေးတင်ပါ။ ပြီးပါက Apple effect to image ကို အမှန်ခြစ်ပေးပါ။ Purpose မှာ Use this effect in the Facebook camera ဖြစ်နေပါလိမ့်မယ်။ အဲဒါ Camera frame အတွက်ပဲ ဖြစ်ပါတယ်။ Add this effect to a profile picture or video ကတော့ Video နဲ့ Profile picture မှာ သုံးနိုင်မှာဖြစ်ပါတယ်။ အားလုံးပြီးပါက Post ကို နှိပ်ပါ။


Share as Page ကနေ Post ကို နှိပ်ပြီးပါက မိမိဟာ Page admin တစ်ယောက် ဖြစ်ပါက အထက်ပါ Owner box ပေါ်လာမှာ ဖြစ်ပါတယ်။ မိမိ Dropdown ကနေ မိမိ သုံးချင်တဲ့ Page ကို ရွေးပေးနိုင်သလို၊ မိမိ အကောင့်ကို ရွေးပေးချင်လည်း ရပါတယ်။ ရွေးချယ်ပြီးရင်တော့ OK ကို နှိပ်လိုက်ပါ။ နောက်တစ်ဆင့်မှာ Done ကို နှိပ်လိုက်ပါ။ ဒါဆို သင်ရွေးချယ်ထားတဲ့ Page သို့မဟုတ် သင့် Timeline မှာ Frame ကို အသုံးပြုဖို့ အဆင်သင့်ဖြစ်နေပါပြီ။


Try it နဲ့ သုံးနိုင်သလို Profile picture မှာ Add Frame နဲ့လည်း မိမိ ပေးခဲ့တဲ့ Keywords နဲ့ ပြန်ရှာနိုင်ပါတယ်။ ဒါမှမဟုတ် Title နဲ့ ပြန်ရှာနိုင်ပါတယ်။ ဒီဇိုင်းကိုတော့ ကိုယ်ကြိုက်နှစ်သက်သလို ဖန်တီးပြီး ပြုလုပ်နိုင်ပါတယ်။


Thiha Bo Bo
Myanmar End User ကို အကောင်းဆုံးဖြစ်အောင် တင်ဆက်ပေးသွားပါ့မယ်... ကျွန်တော်နဲ့အတူ Blogger life ကို စိတ်ဝင်စားသူများ Guest blogger များကိုလည်း Myanmar End User မှာ ဝင်ရောက်ရေးသားဖို့ ဖိတ်ခေါ်ပါတယ်...
http://www.myanmarenduser.com

Similar Articles

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.

Top