You are here
Home > Lifestyle > Creative > Windows မှ Wifi ပြန်လွှင့်နည်း

Windows မှ Wifi ပြန်လွှင့်နည်း

ဒီတခါတော့ ကျွန်တော် Windows  ကနေ Wifi ပြန်လွှင့်ဖို့ကို ဖော်ပြပေးချင်ပါတယ်။ Windows 7 နှင့် နောက်ပိုင်း Windows တွေမှာ ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။

Wifi ပြန်လွှင့်ဖို့အတွက်က သင်အသုံးပြုတဲ့ PC မှာ Wireless adaptor ရှိဖို့တော့ လိုအပ်မှာ ဖြစ်ပါတယ်။ ၂၀၁၀ ခုနှစ် နောက်ပိုင်း Laptop တွေကတော့ တော်တော်များများ Wireless ပါလာပြီးသားဖြစ်မှာပါ။

ပထမဆုံးကျွန်တော်တို့ အင်တာနက် ကွန်နက်ရှင်ကို မျှဝေပေးဖို့အတွက် Internet connection sharing (ICS) services ကို services ကနေ သွားဖွင့်ပေးဖို့လိုပါလိမ့်မယ်။

Run box ကို ခေါ်ရန် Win key နဲ့ R key ကို တွဲနှိပ်ရမည့်ပုံ
Run box ကို ခေါ်ရန် Win key နဲ့ R key ကို တွဲနှိပ်ရမည့်ပုံ

ICS ကို ဖွင့်ဖို့အတွက် Run box ကို ခေါ်ရမှာဖြစ်ပါတယ်။ Win key + R ကိုတွဲနှိပ်လိုက်ပါ။

Services.msc ကို Run Box မှ ခေါ်ပုံ
Services.msc ကို Run Box မှ ခေါ်ပုံ

ပြီးရင်တော့ Run box မှာ services.msc လို့ ရိုက်ထည့်ပြီး Enter ခေါက်လိုက်ပါ။

ဒါဆိုရင် Services windows ကျလာပါလိမ့်မယ်။

Services.msc မှာ Internet Connection Sharing ကိုတွေ့မြင်ရပုံ
Services.msc မှာ Internet Connection Sharing ကိုတွေ့မြင်ရပုံ

Services မှာ Internet connection sharing (ICS) ဆိုတာကို ရှာပါ။ တွေ့ပြီဆိုရင် Start ဖြစ်နေလား မဖြစ်နေဘူးလား စစ်ကြည့်လိုက်ပါ။ မဖြစ်ဘူး၊ Disable ဖြစ်နေတယ်ဆိုရင်တော့ Internet connection sharing (ICS) ကို select ပေး၊ ညာဘက် ကလစ်နှိပ် Properties ကိုဖွင့်ပါ။

Internet Connection Sharing ရဲ့ Properties တွင် Manual ရွေးချယ်ပုံ
Internet Connection Sharing ရဲ့ Properties တွင် Manual ရွေးချယ်ပုံ

Properties မှာ Status type: မှာ Manual ထားလိုက်ပါ။ Disable ကလွဲရင် နှစ်သက်ရာကို ထားနိုင်ပါတယ်။ ပြီးရင်တော့ Ok နဲ့ ထွက်လိုက်ပါ။

Internet Connection Sharing ကို Start ပြုလုပ်ပုံ
Internet Connection Sharing ကို Start ပြုလုပ်ပုံ

ပြီးရင်တော့ Internet connection sharing (ICS) ကို ပြန်ပြီး select ပေး၊ ညာဘက် ကလစ်နှိပ် ပြီး Start လုပ်ပေးဖို့တော့ လိုမှာ ဖြစ်ပါတယ်။ ဒါဆိုရင် Internet connection sharing (ICS) အလုပ်လုပ်နေပြီ ဖြစ်တဲ့အတွက် Services Windows ကို ပိတ်လိုက်လို့ရပါပြီ။ ပြီးရင်တော့ ကွန်ပျူတာကို Restart ပြုလုပ်လိုက်ပါ။ ကွန်ပျူတာ Restart ပြီးသွားရင်တော့ Internet Connection Sharing (ICS) အလုပ်လုပ်နေပြီ ဖြစ်ပါတယ်။

ဆက်ပြီးတော့ Virtual AP ပြုလုပ်ပုံကို ကြည့်ကြရအောင်ဗျာ။

Command Prompt ကို Run box မှ ခေါ်ပုံ
Command Prompt ကို Run box မှ ခေါ်ပုံ

ပထမဆုံး Command Prompt (CMD) ကို ဖွင့်ပါ။ (Win Key + R တွဲနှိပ်ပြီး Run-box ကို ခေါ်ပါ။

Run-Box ကျလာပြီဆိုရင် cmd လို့ ရိုက်ထည့်ကာ Enter လုပ်လိုက်ပါ သို့မဟုတ် OK ကို နှိပ်ပါ။

Command Prompt (CMD) ကျလာပြီဆိုပါက အောက်ပါအတိုင်း ရိုက်ထည့်ပါ။ ပြုပြင်ရမယ့် နေရာတွင် အနီရောင်ဖြင့် ရေးသားပေးသွားမည် ဖြစ်ပါသည်။

Command Prompt မှာ Wifi setting command ကို မြင်ရပုံ
Command Prompt မှာ Wifi setting command ကို မြင်ရပုံ

netsh wlan set hostednetwork mode=allow ssid=”MySSID” key=”Mykey” keyUsage=persistent

MySSID နေရာမှာတော့ သင်နှစ်သက်ရာ နာမည်တစ်ခုခုကို ပြောင်းထည့်နိုင်ပါတယ်။

Mykey နေရာမှာတော့ လျှို့ဝှက်စကားလုံး တစ်ခုခုကို ထည့်ပေးရမှာ ဖြစ်ပါတယ်။ အနည်းဆုံး ၈ လုံးရိုက်ထည့်ပေးရပါမယ်။

အောက်မှာ ကြည့်လိုက်ပါ။

ဒါကို Enter ခေါက်လိုက်မယ်ဆိုရင် အောက်ပါအတိုင်း မြင်ရမှာ ဖြစ်ပါတယ်။

Wifi setting command ကို Enter ခေါက်ပြီးပါက မြင်ရမယ့်ပုံ
Wifi setting command ကို Enter ခေါက်ပြီးပါက မြင်ရမယ့်ပုံ

ဒါပြီးရင်တော့ Network Sharing Center က Devices တွေမှာ သွားကြည့်လိုက်ပါ။ သွားကြည့်ရမယ့် လမ်းကြောင်းကတော့ Control Panel\All Control Panel Items\Network Connections ပဲ ဖြစ်ပါတယ်။ Run-box ကနေ တိုက်ရိုက်ခေါ်ချင်တယ်ဆိုရင်တော့ ncpa.cpl လို့ ရိုက်ခေါ်နိုင်ပါတယ်။ Network Connections တွေရဲ့ ပုံကို အောက်မှာ ဆက်ကြည့်လိုက်ပါ။

napa.cpl သို့မဟုတ် Network connections ထဲသို့ရောက်နေပုံ
napa.cpl သို့မဟုတ် Network connections ထဲသို့ရောက်နေပုံ

ပုံမှာ အနီရောင်နဲ့ ပြထားတာကတော့ Microsoft Virtual Wifi ပဲ ဖြစ်ပါတယ်။ ကျွန်တော့်မှာတော့ Wireless Network Connection 2 ဆိုပြီး ပေါ်ပါတယ်။ ပုံမှာ မြင်ရတဲ့အတိုင်း Microsoft Virtual WiFi Miniport Adaptor ဆိုပြီး ပေါ်နေမှာ ဖြစ်ပါတယ်။ Not connected ဖြစ်နေတာကတော့ ကျွန်တော် Wifi ကို မဖွင့်ပေးရသေးလို့ပဲ ဖြစ်ပါတယ်။ အဲဒီအတွက် အဖွင့်အပိတ်ကို ဆက်ပြောပါ့မယ် ခင်ဗျာ။

ဖွင့်ဖို့အတွက်ကတော့ Command Prompt (CMD) ကို ခေါ်ပြီး အောက်ပါ Command ကို ရိုက်ထည့်ရမှာ ဖြစ်ပါတယ်။

netsh wlan start hostednetwork

Virtual Wifi ကို Command prompt မှ Command ဖြင့် ဖွင့်လိုက်ပုံ
Virtual Wifi ကို Command prompt မှ Command ဖြင့် ဖွင့်လိုက်ပုံ

Computer Restart ဖြစ်သွားတာဖြစ်ဖြစ် ပိတ်ပြီး ပြန်ဖွင့်တာဖြစ်ဖြစ် netsh wlan start hostednetwork ကို ပြန်ရိုက်ပေးဖို့ လိုအပ်ပါတယ်။

ပိတ်ဖို့အတွက်ကတော့ start နေရာမှာ stop ကို ရေးရမှာ ဖြစ်ပါတယ်။ အောက်ပါအတိုင်း ဖြစ်ပါတယ်။

netsh wlan stop hostednetwork

ဒီလိုဆိုရင်တော့ ကွန်ယက် (Network) ချိတ်ဆက်နိုင်ပြီ ဖြစ်ပါတယ်။ ဒါပေမယ့် အင်တာနက်ကွန်ယက်ချိတ်ဆက်မှု (Internet Connection) တော့ ရဦးမှာ မဟုတ်ပါဘူး။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ အင်တာနက်ကွန်ယက်ချိတ်ဆက်မှု (Internet Connection) ကို မျှဝေ (share) လုပ်ပေးဖို့ လိုအပ်နေပါသေးတယ်။ အဲဒီအတွကိုတော့ ကျွန်တော်တို့ Control Panel ကနေ Network Connections ဆီကို အပေါ်မှာ သွားသကဲ့သို့ ထပ်သွားရပါဦးမယ်။ Control Panel\All Control Panel Items\Network Connections ပဲ ဖြစ်ပါတယ်။ Run-box ကနေ တိုက်ရိုက်ခေါ်ချင်တယ်ဆိုရင်တော့ ncpa.cpl လို့ ရိုက်ခေါ်နိုင်ပါတယ်။ Network Connections တွေရဲ့ ပုံကို အောက်မှာ ဆက်ကြည့်လိုက်ပါ။

Internet connection ကို Share ပေးထားပြီးပုံ
Internet connection ကို Share ပေးထားပြီးပုံ

Wireless Network Connection က ကျွန်တော့် Laptop က မူရင်း Wireless adaptor ပဲ ဖြစ်ပါတယ်ပါ။ အောက်မှာတော့ သုံးထားတဲ့ Connection SSID ဖြစ်တဲ့ LawKaNat.Hotel ပါ။ ပြီးတော့ ဘေးနားမှာ Shared ဆိုတာ တွေ့ရမှာ ဖြစ်ပါတယ်။ ဒါက Internet Connection Sharing လုပ်ထားတယ်ဆိုတာကို ဖေါ်ပြပေးတာပဲ ဖြစ်ပါတယ်။ အင်တာနက် ကွန်ယက်ချိတ်ဆက်မှု မျှဝေခြင်း (Internet Connection Sharing)အကြောင်း ဆက်ကြည့်ရအောင်ဗျာ။ ပထမဆုံးဆုံး အင်တာနက် ကွန်ယက်ချိတ်ဆက်မှု (Internet Connection) ရှိနေတဲ့ မူရင်း adaptor ကို ညာဘက်ကလစ်လုပ်ပြီး Properties ထဲကိုဝင်ပါ။ Properties ထဲက မျှဝေခြင်း (Sharing) ကို ဆက်သွားပါ။ အောက်ပါပုံအတိုင်း တွေ့ရမှာ ဖြစ်ပါတယ်။

Internet connection ကို Virtual Wifi သို့ Share ပေးပုံ
Internet connection ကို Virtual Wifi သို့ Share ပေးပုံ

ပုံမှာ အနီရောင်နဲ့ ပြထားတဲ့အတိုင်း Allow other network users to connect through this computer’s Internet connection ဆိုတာကို Check ပေးထားရမှာ ဖြစ်ပါတယ်။ ပြီးရင်တော့ Home networking connection: မှာ ပြထားတဲ့အတိုင်း ကလစ်လုပ်လိုက်ပါက Microsoft Virtual WiFi ဖြစ်တဲ့ Wireless Network Connection 2 ကို ရွေးပေးရမှာ ဖြစ်ပါတယ်။ ရွေးပေးပြီးရင်တော့ OK နဲ့ ထွက်လိုက်နိုင်ပါပြီ။ ဒီလိုဆိုရင် တစ်အိမ်လုံး Router သို့မဟုတ် Access Point ဝယ်စရာမလိုတော့ပဲ အင်တာနက် ကွန်ယက်ကို မျှဝေသုံးစွဲ နိုင်မှာ ဖြစ်ပါတယ်။

အသေးစိတ်နီးပါး ပုံနှစ်တကွ ဖေါ်ပြပေးထားတဲ့အတွက် မရှင်းမလင်းတာတွေ မရှိလောက်ဘူးလို့ ယူဆပါတယ်။ တကယ်လို့ မရှင်းမလင်းတာ သိချင်တာများ ရှိခဲ့ပါက Comment ထားခဲ့နိုင်ပါတယ်။ Facebook မှာ ဆိုရင်တော့ Message ပေးပို့ပြီး မေးမြန်းနိုင်ပါတယ်။

Thiha Bo Bo
Myanmar End User ကို အကောင်းဆုံးဖြစ်အောင် တင်ဆက်ပေးသွားပါ့မယ်... ကျွန်တော်နဲ့အတူ Blogger life ကို စိတ်ဝင်စားသူများ Guest blogger များကိုလည်း Myanmar End User မှာ ဝင်ရောက်ရေးသားဖို့ ဖိတ်ခေါ်ပါတယ်...
http://www.myanmarenduser.com

Similar Articles

Leave a Reply

Top