You are here
Home > PC & Mobile > Internet > Smartphone ကနေ Facebook page ပြုလုပ်နည်း

Smartphone ကနေ Facebook page ပြုလုပ်နည်း

Zawgyi Version



Unicode Version

ခေတ်ရေစီးကြောင်းအရ လူမှုကွန်ယက်ကို စီးပွားရေးစားကျက်တစ်ခုအနေနဲ့ မဖြစ်မနေ သုံးစွဲလာရပါတယ်။ ဘာကြောင့်လည်းဆိုတော့ အင်တာနက်ပေါ်မှာ လူတိုင်းလူတိုင်းက လူမှုကွန်ယက်တွေပေါ်မှာပဲ ကျင်လည်နေကြလို့ပါပဲ။ လူမှုကွန်ယက်တွေ ပုံစံမျိုးစုံနဲ့ အများအပြားရှိပါတယ်။ ဒါပေမယ့် Facebook ကတော့ မြန်မာနိုင်ငံမှာ လူသုံးအများဆုံး လူမှုကွန်ယက်တစ်ခုဖြစ်ပါတယ်။ တချို့ဆို အင်တာနက်ဆိုတာ Facebook လို့တောင် ထင်မိနေတာပါ။ ဘာကြောင့်လည်းဆိုတော့ သူတို့အနေနဲ့ အင်တာနက်ဆိုတာ Facebook တစ်ခုတည်းနဲ့ ပြည့်စုံနေလို့ပါပဲ။ ဒါကြောင့် အင်တာနက်ကနေ စီးပွားရေးချဲ့ထွင်တဲ့အခါမှာ Facebook ကလည်းပဲ အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်လာပါတယ်။

အသေးစား စီးပွားရေးလုပ်ငန်းတစ်ခုအတွက် ဝဘ်ဆိုက်မရှိလို့ ဖြစ်ပါတယ်။ Facebook page တစ်ခုတော့ မရှိလို့ မဖြစ်ပါဘူး။ ဘာကြောင့်လည်းဆိုတော့ စားသုံးသူတွေနဲ့ ထိတွေ့ဖို့ Facebook page က အသေးစား စီးပွားရေးလုပ်ငန်းတွေအတွက် ကုန်ကျမှုမရှိပဲ ထိရောက်တဲ့ သတင်းအချက်အလက်တွေကို စားသုံးသူတွေကို ပေးနိုင်လို့ပဲ ဖြစ်ပါတယ်။ ဒါကြောင့် Mobile ကနေ Facebook page ကို ဘယ်လို ပြုလုပ်ရလည်းဆိုတာ ပုံတွေနဲ့တကွ ဖော်ပြပေးလိုက်ပါတယ်။

Zawgyi Version



Unicode Version

Facebook page ပြုလုပ်နည်း

Facebook page ပြုလုပ်တော့မယ်ဆိုရင် အရင်ဆုံး Facebook page မှာ အသုံးပြုမယ့် Profile နဲ့ Page cover ပုံတွေကို ဖန်တီးထားရပါမယ်။ Profile နဲ့ Cover တွေက စားသုံးသူတွေကို စွဲဆောင်မှုရှိစေဖို့ လိုအပ်ပါတယ်။ ဒါမှ စားသုံးသူများများ ရနိုင်မှာပါ။ ပြီးရင်တော့ Facebook app ကို ဖွင့်ပါ။

Facebook ရဲ့ Menu ကို သွားရန်ပြပုံ
Facebook ရဲ့ Menu ကို သွားရန်ပြပုံ


Facebook app ကို ပွင့်လာပြီဆိုရင် ပုံရဲ့ ညာဘက် အနီရောင်အကွက်ထဲက အတန်း ၃ တန်းနဲ့ ပြထားတဲ့ Setting ကို ဖွင့်ပါ။ အောက်က ပုံကို ဆက်ကြည့်ပါ။

Page ပြုလုပ်ရန် Create page ကို မြင်ရပုံ
Page ပြုလုပ်ရန် Create page ကို မြင်ရပုံ


အတန်း ၃ တန်းပါတဲ့ Setting ကို နှိပ်လိုက်ပါက ဒီပုံကို တန်းမြင်ရမှာတော့ မဟုတ်ပါဘူး။ အောက်ကို ဆွဲကြည့်ပါက ပုံမှာ အနီရောင်အကွက်ထဲက Create Page ကို မြင်တွေ့ရမှာပါ။ Page ပြုလုပ်ဖို့အတွက် Create Page ကို နှိပ်ပါ။ အောက်ကပုံကို ဆက်ကြည့်ပါ။

Create Page ကို နှိပ်လိုက်ပါက ယခုပုံကို မြင်ရပုံ
Create Page ကို နှိပ်လိုက်ပါက ယခုပုံကို မြင်ရပုံ


ဒီပုံကတော့ ရိုးရှင်းပါတယ်… အပြာရောင် Button ဖြစ်တဲ့ GET STARTED ကို နှိပ်ပေးလိုက်ပါ။ အောက်ကပုံကို ဆက်ကြည့်ပါ။

Get Started ကိုနှိပ်လိုက်ပါက Page နာမည် တောင်းသည့်ပုံ
Get Started ကိုနှိပ်လိုက်ပါက Page နာမည် တောင်းသည့်ပုံ


GET STARTED ကို နှိပ်လိုက်ပါက Page နာမည်ကို စတင် ဖြည့်ပေးရပါတော့မယ်။ ပုံမှာ အနီရောင်နဲ့ ပြထားတဲ့အကွက်မှာ ကိုယ်ရဲ့ လုပ်ငန်းအမည်ကို ဖြည့်ပေးရမှာ ဖြစ်ပါတယ်။ ဖြည့်ပြီးပါက NEXT ကို နှိပ်ပါ။ အောက်ပုံကို ဆက်ကြည့်ပါ။

Page အမည် ဖြည့်ပြီးပါက Category ကို ရွေးပေးရပုံ
Page အမည် ဖြည့်ပြီးပါက Category ကို ရွေးပေးရပုံ


Page အမည် ဖြည့်ပြီးပါက Page အတွက် Category ကို ရွေးပေးရမှာပါ။ Category က မိမိရဲ့ Page က ဘယ်အမျိုးအစားလည်းဆိုတာ ခွဲပေးမှာ ဖြစ်ပါတယ်။ ဒါကြောင့် မိမိရဲ့ လုပ်ငန်းအမျိုးအစားအပေါ် မူတည်ပါတယ်။ အချို့ Category တွေက Subcategory ထပ်ဖြည့်ပေးရပါသေးတယ်။ သင့်တော်ရာကို ရွေးချယ်ဖြည့်သွင်းပါ။ ဖြည့်ပြီးပါက NEXT ကို နှိပ်ပြီး ရှေ့ဆက်သွားပါ။ အောက်ပုံကို ဆက်ကြည့်ပါ။

Category ရွေးပြီးပါက Website လိပ်စာဖြည့်ရမည့်ပုံ
Category ရွေးပြီးပါက Website လိပ်စာဖြည့်ရမည့်ပုံ


Category ရွေးပြီးပါက Website လိပ်စာ ဖြည့်ပေးရမှာ ဖြစ်ပါတယ်။ Website လိပ်စာရှိပါက ဖြည့်နိုင်ပါတယ်။ မရှိပါက NEXT ကို နှိပ်၍ ရှေ့ဆက်သွားပါ။ အောက်ကပုံကို ဆက်ကြည့်ပါ။

Website လိပ်စာဖြည့်ပြီးပါက Profile picture ထည့်ရမည့်ပုံ
Website လိပ်စာဖြည့်ပြီးပါက Profile picture ထည့်ရမည့်ပုံ


Profile picture ကို ဒီမှာ ထည့်ပြီး ဆက်သွားလည်း ရပါတယ်။ အဆင်သင့် မဖြစ်သေးလို့ ဒီမှာ မထည့်ချင်သေးဘူးဆိုရင်လည်း NEXT ကို နှိပ်ပြီး ဆက်သွားလို့ရပါတယ်။ အောက်ကပုံကို ဆက်ကြည့်ပါ။

Profile picture ထည့်ပြီးပါက Cover photo ထည့်ပေးရပုံ
Profile picture ထည့်ပြီးပါက Cover photo ထည့်ပေးရပုံ


Profile picture ထည့်ပြီးပါက Cover photo ကို ထည့်ပေးရမှာ ဖြစ်ပါတယ်။ Cover photo လည်း အဆင်သင့်မဖြစ်သေးပါက NEXT နဲ့ ဆက်သွားပြီး နောက်မှ ထည့်လည်း ရပါတယ်။ ဒါဆိုရင် Page create လုပ်တာ ပြီးသွားပါပြီ။ ဒါပေမယ့် လိုအပ်တာလေးတွေ ထပ်ဖြည့်ပါမယ်။ အောက်ပါ ပုံကိုဆက်ကြည့်ပါ။

Page တည်ဆောက်ပြီးပုံ
Page တည်ဆောက်ပြီးပုံ


Cover photo ထည့်ပြီးပါက Page တည်ဆောက်မှု ပြီးစီးသွားပါပြီ။ ပုံမှာတော့ Tutorial သဘောပြုလုပ်ထားတဲ့အတွက် ပုံတွေကို ထည့်မထားပါဘူး။ ပုံတွေထည့်က ခက်ခက်ခဲခဲလည်း မဟုတ်ပါဘူး။ ပုံကို တင်ပြီး Position ချပေးလိုက်ရုံပါပဲ။ ဆက်ကြည့်ရမှာကတော့ ADD A BUTTON မှာ Button တစ်ခု ထည့်ပေးရပါမယ်။ အဲဒီအတွက် ADD A BUTTON ကို နှိပ်ပါ။ အောက်ကပုံကို ဆက်ကြည့်ပါ။

ထည့်သွင်းနိုင် Button များကို ပြပုံ
ထည့်သွင်းနိုင် Button များကို ပြပုံ


ADD A BUTTON ကို နှိပ်လိုက်ပါက အပေါ်ကပုံကို မြင်ရမှာပါ။ သာမန် Page အတွက် လိုအပ်တဲ့ Button တွေကတော့ GET IN TOUCH က Call Now, Contact Us, Send Message, နဲ့ Send Email တို့ ပဲဖြစ်ပါတယ်။ ကိုယ်ကြိုက်နှစ်သက်ရာ Button တစ်ခုကို အသုံးပြုနိုင်ပါတယ်။ Call Now ဆိုရင် ဖုန်းနံပါတ် တစ်ခု ထည့်ပေးရမှာ ဖြစ်ပါတယ်။ Website ရှိတဲ့ သူတွေအတွက်သာ အသုံးဝင်ပါတယ်။ Send Message ကတော့ Facebook message ပဲ ဖြစ်ပါတယ်။ သာမန်အားဖြင့် Call Now နဲ့ Send Message ကို အသုံးပြုနိုင်ပါတယ်။ ဒီမှာတော့ Send Message ကို ရွေးချယ်လိုက်တဲ့အတွက် အောက်ပါပုံမှာ မြင်ရတဲ့အတိုင်း ADD A BUTTON နေရာမှာ SEND MESSAGE ပြောင်းသွားမှာ ဖြစ်ပါတယ်။ Call Now ကို ပြန်ပြောင်းချင်ရင်တော့ Admin အနေနဲ့ဆို SEND MESSAGE ကို နှိပ်၍ Choose a different Button ကို နှိပ်ပြီး ပြန်ပြောင်းနိုင်ပါတယ်။

ADD A BUTTON နေရာမှာ SEND MESSAGE ပြောင်းသွားပုံ
ADD A BUTTON နေရာမှာ SEND MESSAGE ပြောင်းသွားပုံ


ဒါဆိုရင် Page တစ်ခု ပြုလုပ်လို့ ပြီးပါပြီ။ အခြားသော အချက်အလက်များကိုတော့ မိမိကြိုက်နှစ်သက်သလို ဖြည့်သွင်းနိုင်ပါတယ်။ Contact info, Description, another page admin စသဖြင့် လိုအပ်သလို ဖြည့်သွင်းပါ။

Zawgyi Version





Unicode Version

Myanmar End User ရဲ့ ဆောင်းပါးများကို Facebook မှ ဖတ်ပါက MPT အသုံးပြုသူများ အခမဲ့ ဖြစ်ပြီး… အခြားအော်ပရေတာများကတော့ Data ကုန်ကျမှု မရှိသလောက်ပါပဲ… ဒါကြောင့် နည်းပညာဆောင်းပါးများဖတ်ဖို့ အကူအညီများ ရယူဖို့ Myanmar End User ရဲ့ Facebook page ကို Like လုပ်ထားလိုက်ပါ…

Facebook မှ နည်းပညာ သတင်း၊ ဆောင်းပါးတွေ ဖတ်ချင်ရင်တော့ Facebook page >> https://www.facebook.com/MyanmarEndUser

နည်းပညာ အခက်အခဲတွေ ဆွေးနွေးဖို့ဆိုရင် Facebook group >> https://www.facebook.com/groups/myanmarenduser

နည်းပညာ သတင်း၊ ဆောင်းပါးတွေ ဖတ်ချင်ရင်တော့ Website >> http://www.myanmarenduser.com

Thiha Bo Bo
Myanmar End User ကို အကောင်းဆုံးဖြစ်အောင် တင်ဆက်ပေးသွားပါ့မယ်... ကျွန်တော်နဲ့အတူ Blogger life ကို စိတ်ဝင်စားသူများ Guest blogger များကိုလည်း Myanmar End User မှာ ဝင်ရောက်ရေးသားဖို့ ဖိတ်ခေါ်ပါတယ်... Facebook Profile: Fb/dev.thihabobo Email: [email protected]

Similar Articles

Leave a Reply

Top
Skip to toolbar