You are here
Home > PC & Mobile > Security > လုံခြုံရေးကောင်းမွန်သော Password အလွယ်တကူပေးနည်း

လုံခြုံရေးကောင်းမွန်သော Password အလွယ်တကူပေးနည်း

ကျွန်တော်တို့ Internet ကို သုံးတော့မယ်ဆိုရင် အမျိုးမျိုးသော အကြောင်းအရာတွေရှိပါတယ်။ အဓိကကတော့ Sharing ပါပဲ။ လိုအပ်တာတွေကို Sharing လုပ်မယ်။ မလိုတာတွေကို ထိန်ချန်ထားမယ်။ ဒါပေမယ့် စီးပွားရေးသမားတွေ၊ နိုင်ငံရေးသမားတွေ၊ လူမှုရေးသမားတွေ၊ စပ်စုလိုသူတွေ၊ လမ်းကြုံလို့ ဆိုသူတွေ စသည့်အမျိုးမျိုးသော လူတွေဟာ သင် ထိန်ချန်ထားတဲ့ သင့် အချက်အလက်တွေကို လိုချင်ကြပါတယ်။ အဲဒီ ထိန်ချန်ထားတဲ့ အချက်အလက်များကို ကျွန်တော်တို့ နည်းပညာအရ Password နဲ့ ပိတ်ပြီး မိမိတစ်ယောက်တည်းသာ ကြည့်ရှုပြုပြင်ဖို့ ပြုလုပ်စီမံထားပါတယ်။ Password ကို မူရင်းအတိုင်း ဘာသာပြန်မယ်ဆိုရင်တော့ ဖြတ်ကျော်ဖို့ စကားလုံး၊ စကားစု၊ လျို့ဝှက်ကုဒ် ပေါ့။ ဒီတော့ ဒီစကားလုံးတွေ စကားစုတွေကို လုံခြုံဖို့၊ အလွယ်တကူ မခန့်မှန်းနိုင်ဖို့လိုအပ်လာပါတယ်။
သင့် Password ကို လိုချင်တဲ့ သူတွေဟာ အောက်ပါပုံစံနှစ်မျိုးဖြင့် အလွယ်တကူ ရယူနိုင်ပါတယ်။

– ခန့်မှန်းခြင်း
– Dictionary နဲ့ တိုက်စစ်ခြင်း

ခန့်မှန်းခြင်း

ခန့်မှန်းခြင်းကတော့ လွယ်ပါတယ်။ ဖုန်းနံပါတ်၊ အမည်၊ မှတ်ပုံတင်အမှတ်၊ ကဒ်နံပါတ်အမျိုးမျိုး၊ ချစ်သူအမည်၊ အရူးအမူးဖြစ်တတ်သော ကမ္ဘာကျော် ပုဂ္ဂိုလ်များ၏ အမည် စသည်တို့ကို ခန့်မှန်းခြင်းဖြစ်ပါတယ်။ သင်က ဖော်ပြပါ ပုံစံများထဲမှာ တစ်ခုခုကို Password အဖြစ်အသုံးပြုမယ်ဆိုရင် ဒါဟာ အလွယ်တကူ သင့် အချက်အလက်များကို ရယူသွားနိုင်ပါတယ်။

Dictionary နဲ့ တိုက်စစ်ခြင်း

ဒါကတော့ စကားလုံးအများကြီးရှိတဲ့အတွက် လူကိုယ်တိုင်တော့ တိုက်မစစ်နိုင်ပါဘူး။ အဲဒီအတွက် Program တွေရေးပါတယ်။ အဲလို Program တွေကို ပေါင်းစည်းပြီး Tools များအဖြင့် သတ်မှတ်ပါတယ်။ အဲလို Tools များဖြင့် တိုက်စစ်ခြင်းပဲ ဖြစ်ပါတယ်။ ဒီတော့ Dictionary ထဲမှာ ပါတဲ့ စကားလုံး၊ စကားစုမျိုးကို Password အဖြစ် အသုံးပြုခြင်းကို ရှောင်ကျဉ်သင့်ပါတယ်။

ကောင်းမွန်လွယ်ကူတဲ့ Password တစ်ခု တည်ဆောက်ခြင်း

ကျွန်တော်ဖော်ပြပေးမယ့် လုံခြုံရေးကောင်းမွန်တဲ့ Password အလွယ်တကူပေးနည်းဟာ နိုင်ငံတကာ လုံခြုံရေးသမားများ၊ လုံခြုံရေး သတင်း Website များမှ ဖော်ပြလေ့ရှိတဲ့ နည်းပဲ ဖြစ်ပါတယ်။
သတ်မှတ်ပုံ သတ်မှတ်နည်းက လွယ်ကူပါတယ်။
သင် ကြိုက်ပါတယ်ဆိုတဲ့ စာကြောင်းတစ်ကြောင်းကို ရွေးချယ်လိုက်ပါ။ အမြဲတမ်းအသုံးပြုပြီး မှတ်မိနေဖို့တော့ လိုပါလိမ့်မယ်။ မဟုတ်ရင် မေ့သွားပါက ကိုယ်တိုင်ပြန်ဖေါ်လို့မရ ဖြစ်တတ်ပါတယ်။

ဒီတော့ ကျွန်တော့်ဆောင်ပုဒ်နဲ့ ဥပမာ ပေးပါ့မယ်။

“Working to learn, Learning to work”

စာကြောင်းတစ်ကြောင်းရပြီဆိုတော့ ဒီစာကြောင်းထဲက ဘယ်လို စကားလုံးဖြစ်ဖြစ် မှတ်ရလွယ်ကူအောင် ထုတ်ယူလိုက်ပါ။
ဥပမာ – အရှေ့စာလုံးတွေကိုပဲ ထုတ်ယူမယ်ဆိုရင်
WtlLtw ဆိုတာကို ရပါလိမ့်မယ်။
ဥပမာ – အနောက်စာလုံးတွေကို ထုတ်ယူမယ်ဆိုရင်
gongok ဆိုတာကို ရပါလိမ့်မယ်။ ဒါကတော့ သင့်စိတ်ကြိုက်ထုတ်ယူနိုင်ပါတယ်။
ကျွန်တော်က ရှေ့စာလုံးတွေ ထုတ်ယူပါ့မယ်။ ဒါဆို အပေါ်က WtlLtw ဆိုတာ ရပါမယ်။ ပြီးသွားရင် နောက်စကားစု ထပ်တွဲပါ့မယ်။ ပထမအနေနဲ့ ဂဏန်းတွေကို ထည့်ရအောင်ပါ။ ကိုယ်နှစ်သက်တဲ့ ဂဏန်းကို ထည့်နိုင်ပါတယ်။ ကျွန်တော့်အနေနဲ့ ဗုဒ္ဓဘာသာရဲ့ ဘုရား၊ တရား၊ သံဃာ ဆိုတဲ့ ဂုဏ်တော်နံပါတ်တွေကို ထည့်သုံးပါမယ်။
ဥပမာအနေနဲ့ 9Wtl6Ltw9 ဆိုတာကို ရသွားပါပြီ။
ဒီလိုဆိုရင် ဘယ်လိုမှ မမှန်းနိုင်တော့တဲ့ အခြေအနေတစ်ခုကို ရသွားပါပြီ။

ပိုပြီး လုံခြုံလိုသူများအနေတဲ့ စာတွေ ဂဏန်းတွေ အပြင်ကို အက္ခရာတွေကိုပါ ထည့်သုံးနိုင်ပါတယ်။
ဥပမာအားဖြင့် <9Wtl6Ltw9; ကဲ့သို့ အသုံးပြုနိုင်ပါတယ်။

လွယ်ကူတဲ့ လက်ကွက်ဖြစ်ဖို့လို

နောက်ဆုံးတစ်ခုကတော့ Typing ပဲဖြစ်ပါတယ်။ Typing စာရိုက်တဲ့အခါမှာ မြန်ဖို့နဲ့ တစ်ဦးတစ်ယောက်ကြည့်နေတာကို မျက်ခြေဖြတ်နိုင်ဖို့လိုပါတယ်။ ဒီတော့ ဘယ်လိုအခြေအနေမျိုးတွေကိုသုံးမလဲ။
ပထမကတော့ Typing မြန်ဖို့ပါ။
ဒုတိယကတော့ ကိုယ်ရိုက်တဲ့ Key ကို ဖွက်နိုင်ဖို့ပါ။ Key ဖွက်ဖို့က keyboard ကို စနစ်တကျကိုင်တတ်သူတွေကတော့ အဆင်ပြေမှာပါ စနစ်တကျမကိုင်တတ်ရင်တော့ သင်ဟာ Typing မှာလည်း မြန်နိုင်မယ်မထင်ပါဘူး။ Key ဖွက်ဖို့က Shift Key ကို သုံးဖို့လည်း လိုပါလိမ့်မယ်။ ဥပမာအားဖြင့် – ZXCVBNM<>?ASDFJKL: ဆိုတဲ့ key ကွက်တွေဟာ သင် Keyboard ပေါ်လက်တင်လိုက်တာနဲ့ ကိုယ့်လက်ချောင်းလေးတွေနဲ့ အုပ်သွားပါတော့တယ်။ Shift key နဲ့ တွဲသုံးခိုင်းတာကတော့ Shift key ကို အသုံးပြုခြင်းက Key ကို တစ်ပြိုင်တည်း နှစ်ခုတွဲနှိပ်ရတဲ့အတွက် တော်ရုံ ချောင်းကြည့်သူရဲ့ မျက်လုံးကို လှည့်စားနိုင်ပါတယ်။
ဒီတော့ Password အဖြစ် အသုံးပြုမယ့် Key တွေဟာ သင့်လက်ချောင်းလေးတွေ အလှမ်းမှီတဲ့ Key တွေလည်း ဖြစ်နေရပါမယ်။ အကောင်းဆုံးနည်းကတော့ သင့် Password ရိုက်ဖို့ ကြုံလာပြီဆိုရင် တစ်ယောက်ယောက်ကြည့်နေရင် ကြည့်မနေဖို့ကို ကောင်းမွန်စွာတောင်းဆိုပါ။ CCTV နှင့် ကင်မရာမြင်ကွင်းများကို သတိထားပါ။ ကင်မရာကို ကွယ်ပြီး Password ကို ရိုက်ပါ။

Thiha Bo Bo
Myanmar End User ကို အကောင်းဆုံးဖြစ်အောင် တင်ဆက်ပေးသွားပါ့မယ်... ကျွန်တော်နဲ့အတူ Blogger life ကို စိတ်ဝင်စားသူများ Guest blogger များကိုလည်း Myanmar End User မှာ ဝင်ရောက်ရေးသားဖို့ ဖိတ်ခေါ်ပါတယ်...
http://www.myanmarenduser.com

Similar Articles

Leave a Reply

Top