You are here
Home > Hardware > Technology Explained > Hard Disk Drive ဘာေၾကာင့္ ပ်က္ရတယ္

Hard Disk Drive ဘာေၾကာင့္ ပ်က္ရတယ္

Hard Disk Drive ဘာေၾကာင့္ ပ်က္ရတယ္
Hard Disk Drive ဘာေၾကာင့္ ပ်က္ရတယ္

Zawgyi Version

HDD ဘာဆုိတာ သိၿပီးသားလုိ႕ ထင္ပါတယ္။ HDD ဆုိတာ Hard Disk Drive ကုိ ေျပာတာပါ။ Hard Disk ဘာေၾကာင့္ ပ်က္တတ္သလဲ။ သိထားသင့္တဲ့ အခ်က္ပါ။ Hard Disk ထဲမွာ သိမ္းဆည္းထားတဲ့ အခ်က္အလက္ေတြကုိ ကြန္ပ်ဴတာက Access လုပ္လုိ႕ မရႏုိင္ေတာ့ဘူးဆုိလ်င္ Hard Disk ပ်က္တယ္လုိ႕ ေျပာႏုိင္ပါတယ္။ အဲလုိပ်က္ရတဲ့ အေၾကာင္းအရင္းေတြက ဘာေတြလဲ။ အဲလုိသိထားမယ္ဆုိလ်င္ ကုိယ္က သတိထားလုိ႕ရတာေပါ့။

Hard Disk ပ်က္စီးေစႏုိင္တဲ့ အခ်က္အလက္ေတြကေတာ့

(၁) Firmware တစ္ပုိင္းတစ္စပ်က္ျခင္းႏွင့္ လုံး၀ပ်က္ျခင္း
(၂) Electronic ပုိင္းက Failure ျဖစ္ျခင္း
(၃) Mechanical ပုိင္းက Failure ျဖစ္ျခင္း
(၄) Logical ပုိင္းက Failure ျဖစ္ျခင္း စသည္တုိ႕ ျဖစ္ၾကပါတယ္။

Data Lost ျဖစ္တာကုိ အဓိကထားေျပာခ်င္တာေၾကာင့္ Logical Failure ကုိပါ ထည့္သြင္းေဖာ္ျပေပးထားတာ ျဖစ္ပါတယ္။ သုံးလုိ႕မရႏုိင္ေလာက္ေအာင္ ပ်က္စီးသြားတဲ့ Hard Disk ရွိသလုိ၊ Bac Sector ျဖစ္လုိ႕ Data ေတြ ဆုံး႐ႈံးသြားတဲ့ အေၾကာင္းကုိပါ ၿခံဳငုံၿပီးေတာ့ ေဖာ္ျပေပးမွာ ျဖစ္ပါတယ္။

Unicode Version

HDD ဘာဆိုတာ သိပြီးသားလို့ ထင်ပါတယ်။ HDD ဆိုတာ Hard Disk ကို ပြောတာပါ။ Hard Disk ဘာကြောင့် ပျက်တတ်သလဲ။ သိထားသင့်တဲ့ အချက်ပါ။ Hard Disk ထဲမှာ သိမ်းဆည်းထားတဲ့ အချက်အလက်တွေကို ကွန်ပျူတာက Access လုပ်လို့ မရနိုင်တော့ဘူးဆိုလျင် Hard Disk ပျက်တယ်လို့ ပြောနိုင်ပါတယ်။ အဲလိုပျက်ရတဲ့ အကြောင်းအရင်းတွေက ဘာတွေလဲ။ အဲလိုသိထားမယ်ဆိုလျင် ကိုယ်က သတိထားလို့ရတာပေါ့။

Hard Disk ပျက်စီးစေနိုင်တဲ့ အချက်အလက်တွေကတော့

(၁) Firmware တစ်ပိုင်းတစ်စပျက်ခြင်းနှင့် လုံးဝပျက်ခြင်း
(၂) Electronic ပိုင်းက Failure ဖြစ်ခြင်း
(၃) Mechanical ပိုင်းက Failure ဖြစ်ခြင်း
(၄) Logical ပိုင်းက Failure ဖြစ်ခြင်း စသည်တို့ ဖြစ်ကြပါတယ်။

Data Lost ဖြစ်တာကို အဓိကထားပြောချင်တာကြောင့် Logical Failure ကိုပါ ထည့်သွင်းဖော်ပြပေးထားတာ ဖြစ်ပါတယ်။ သုံးလို့မရနိုင်လောက်အောင် ပျက်စီးသွားတဲ့ Hard Disk ရှိသလို၊ Bac Sector ဖြစ်လို့ Data တွေ ဆုံးရှုံးသွားတဲ့ အကြောင်းကိုပါ ခြုံငုံပြီးတော့ ဖော်ပြပေးမှာ ဖြစ်ပါတယ်။

Zawgyi Version

Firmware ပ်က္ျခင္းႏွင့္ ပ်က္ရျခင္းအေၾကာင္း

Hard Disk ရဲ႕ Firmware ဆုိတာ ဘာကုိေျပာတာလဲ။ ကြန္ပ်ဴတာကေန Hard Disk ကုိ ခ်ိတ္ဆက္အသုံးျပဳတဲ့ေနရာမွာတိက်မွန္ကန္စြာ ခ်ိတ္ဆက္အသုံးျပဳႏုိင္ဖုိ႕ လုိအပ္တဲ့ Information ေတြ သိမ္းထားတဲ့ေနရာ ျဖစ္ပါတယ္။ ဒီေတာ့ တကယ္လုိ႕မ်ား Hard Disk ရဲ႕ Firmware က တစ္ပုိင္းတစ္စပဲျဖစ္ျဖစ္၊ အကုန္လုံးပဲျဖစ္ျဖစ္ ပ်က္သြားခဲ့လ်င္ ကြန္ပ်ဴတာကေန Hard Disk ကုိ လွမ္းၿပီး ခ်ိတ္ဆက္တဲ့အခါ မွန္ကန္စြာ ခ်ိတ္ဆက္အသုံးျပဳႏုိင္မွာ မဟုတ္ေတာ့ပါဘူး။

Hard Disk ရဲ႕ Firmware က ဘာေၾကာင့္ ပ်က္ရတာလဲ။

အခုေနာက္ပုိင္း Hard Disk ေတြမွာ Spindle အတြက္ Fluid Bearing နည္းပညာကုိ အသုံးျပဳလာပါတယ္။ ထုိ႕ကဲ့သုိ႕ Fluid Bearing နည္းပညာကုိ အသုံးျပဳျခင္းကပဲ Firmware ကုိ ပ်က္စီးေစတဲ့ အေၾကာင္းအရင္းပဲလုိ႕ ေျပာရမလားပါပဲ။ Fluid Bearing အေၾကာင္းကုိ အၾကမ္းဖ်င္းေလာက္ ရွင္းျပေပးပါမယ္။

(၁) Ball Bearing ထက္ ပုိမုိေကာင္းမြန္တဲ့ Shock Resistant ကုိ ေပးႏုိင္တယ္။
(၂) အသံမက်ယ္ဘူး။ ဆူညံမႈနည္းတယ္။

Unicode Version

Firmware ပျက်ခြင်းနှင့် ပျက်ရခြင်းအကြောင်း

Hard Disk ရဲ့ Firmware ဆိုတာ ဘာကိုပြောတာလဲ။ ကွန်ပျူတာကနေ Hard Disk ကို ချိတ်ဆက်အသုံးပြုတဲ့နေရာမှာတိကျမှန်ကန်စွာ ချိတ်ဆက်အသုံးပြုနိုင်ဖို့ လိုအပ်တဲ့ Information တွေ သိမ်းထားတဲ့နေရာ ဖြစ်ပါတယ်။ ဒီတော့ တကယ်လို့များ Hard Disk ရဲ့ Firmware က တစ်ပိုင်းတစ်စပဲဖြစ်ဖြစ်၊ အကုန်လုံးပဲဖြစ်ဖြစ် ပျက်သွားခဲ့လျင် ကွန်ပျူတာကနေ Hard Disk ကို လှမ်းပြီး ချိတ်ဆက်တဲ့အခါ မှန်ကန်စွာ ချိတ်ဆက်အသုံးပြုနိုင်မှာ မဟုတ်တော့ပါဘူး။

Hard Disk ရဲ့ Firmware က ဘာကြောင့် ပျက်ရတာလဲ။

အခုနောက်ပိုင်း Hard Disk တွေမှာ Spindle အတွက် Fluid Bearing နည်းပညာကို အသုံးပြုလာပါတယ်။ ထို့ကဲ့သို့ Fluid Bearing နည်းပညာကို အသုံးပြုခြင်းကပဲ Firmware ကို ပျက်စီးစေတဲ့ အကြောင်းအရင်းပဲလို့ ပြောရမလားပါပဲ။ Fluid Bearing အကြောင်းကို အကြမ်းဖျင်းလောက် ရှင်းပြပေးပါမယ်။

ယေန႕ေခတ္ Hard Disk ထုတ္လုပ္သူအမ်ားစုက Fluid Bearing ကုိ Spindle အျဖစ္ အသုံးျပဳလာျခင္းဟာ အရင္တုန္းက Hard Disk ေတြမွာ အသုံးျပဳခဲ့တဲ့ Ball Bearing ထက္ ပုိေကာင္းတာေတြ ရွိပါတယ္။ ၎တုိ႕ကေတာ့

(၁) Ball Bearing ထက် ပိုမိုကောင်းမွန်တဲ့ Shock Resistant ကို ပေးနိုင်တယ်။
(၂) အသံမကျယ်ဘူး။ ဆူညံမှုနည်းတယ်။

Zawgyi Version

ဒါေပမယ့္ Fluid Bearing မွာ Hard Drive ကုိ စဖြင့္လုိက္တဲ့အခ်ိန္မွာ သူရဲ႕ Motor အစိတ္အပုိင္းေတြက ေအးေနတယ္ဗ်။ Bearing အတြင္းမွာရွိတဲ့ Fluid က Hard Drive ကုိ အေကာင္းဆုံး Performance မ်ဳိးရေအာင္ လုိအပ္တဲ့ အေျခအေနမ်ဳိးေရာက္ဖုိ႕ အခ်ိန္ယူရေသးတယ္။ ၎ကုိ Warm Up လုပ္ေနတဲ့ အခ်ိန္လုိ႕ ေခၚပါတယ္။

အဲလုိ Warm Up လုပ္ေနတဲ့အခ်ိန္ေလးမွာ Hard Drive ရဲ႕ Platters ေတြဟာ ေဒါင္လုိက္တုန္ခါမႈ Vertical Vibration ျဖစ္ေနတယ္ဗ်။ အဲလုိျဖစ္ေပၚေနတဲ့ တုန္ခါမႈေတြေၾကာင့္ Read/Write Error ေတြ ျဖစ္ေပၚေစပါတယ္။ Hard Drive ေတြ Fail ျဖစ္ရျခင္းေတြထဲက အခ်က္တစ္ခ်က္ေပါ့။ ဒါကလည္း အျမဲတမ္းျဖစ္ေနတယ္လုိ႕ ဆုိလုိတာ မဟုတ္ပါဘူး။ သုိ႕ေပမယ့္ ေဒါင္လုိက္တုန္ခါမႈေၾကာင့္ Hard Drive ေတြရဲ႕ Firmware ေတြနဲ႕ Service Area ေတြ ပ်က္စီးရတာ ျဖစ္ပါတယ္။ Vertical Vibration ျဖစ္ေပၚမႈ အမ်ားဆုံးေနရာဟာ Disks ရဲ႕ အျပင္ဘက္ဆုံး Area ျဖစ္ပါတယ္။ ၎ Area ဟာလည္း Hard Disk ရဲ႕ Service Track ရွိတဲ့ေနရာလည္း ျဖစ္ပါတယ္။ Service Track ဆုိတာကလည္း Hard Disk ရပ္ေနတဲ့အခ်ိန္ကေန ႐ုတ္တရက္ စက္ဖြင့္လုိက္လ်င္ဖြင့္ျခင္း အလုပ္စလုပ္ရတာဆုိေတာ့ ၾကာလာတဲ့အခါ Service Track မွာရွိတဲ့ အေၾကာင္းအရာ(Firmware) ေတြ တျဖည္းျဖည္း Lost ျဖစ္လာတာ ျဖစ္ပါတယ္။
ေနာက္ထပ္ဘာေတြ ျဖစ္လာႏုိင္ေသးသလဲဆုိေတာ့

(၁) Service Track ဖတ္လုိ႕မရလ်င္ Read/Write Head ဟာ သူ႕၀င္႐ုိးတစ္ေလွ်ာက္ ဂတ္ဂတ္ျမည္ေအာင္ ဖတ္ေနလိမ့္မယ္။ ၿပီးလ်င္ မဖတ္ေတာ့ဘဲ Parking သြားထုိးလိမ့္မယ္။
(၂) Read/Write Head မွာပါတဲ့ အစိတ္အပုိင္းထဲက (ေထာက္တုိင္) သေဘာမ်ဳိး အစိတ္အပုိင္းက ေကြးလာတတ္တယ္။
(၃) အဲ့သလုိ ေကြးလာတတ္လ်င္ ေနာက္တစ္ခါမွာ Head ဟာ မ်က္ႏွာျပင္မွာ ပြတ္တုိက္သြားတတ္တယ္။

Unicode Version

ဒါပေမယ့် Fluid Bearing မှာ Hard Drive ကို စဖွင့်လိုက်တဲ့အချိန်မှာ သူရဲ့ Motor အစိတ်အပိုင်းတွေက အေးနေတယ်ဗျ။ Bearing အတွင်းမှာရှိတဲ့ Fluid က Hard Drive ကို အကောင်းဆုံး Performance မျိုးရအောင် လိုအပ်တဲ့ အခြေအနေမျိုးရောက်ဖို့ အချိန်ယူရသေးတယ်။ ၎င်းကို Warm Up လုပ်နေတဲ့ အချိန်လို့ ခေါ်ပါတယ်။

အဲလို Warm Up လုပ်နေတဲ့အချိန်လေးမှာ Hard Drive ရဲ့ Platters တွေဟာ ဒေါင်လိုက်တုန်ခါမှု Vertical Vibration ဖြစ်နေတယ်ဗျ။ အဲလိုဖြစ်ပေါ်နေတဲ့ တုန်ခါမှုတွေကြောင့် Read/Write Error တွေ ဖြစ်ပေါ်စေပါတယ်။ Hard Drive တွေ Fail ဖြစ်ရခြင်းတွေထဲက အချက်တစ်ချက်ပေါ့။ ဒါကလည်း အမြဲတမ်းဖြစ်နေတယ်လို့ ဆိုလိုတာ မဟုတ်ပါဘူး။ သို့ပေမယ့် ဒေါင်လိုက်တုန်ခါမှုကြောင့် Hard Drive တွေရဲ့ Firmware တွေနဲ့ Service Area တွေ ပျက်စီးရတာ ဖြစ်ပါတယ်။ Vertical Vibration ဖြစ်ပေါ်မှု အများဆုံးနေရာဟာ Disks ရဲ့ အပြင်ဘက်ဆုံး Area ဖြစ်ပါတယ်။ ၎င်း Area ဟာလည်း Hard Disk ရဲ့ Service Track ရှိတဲ့နေရာလည်း ဖြစ်ပါတယ်။ Service Track ဆိုတာကလည်း Hard Disk ရပ်နေတဲ့အချိန်ကနေ ရုတ်တရက် စက်ဖွင့်လိုက်လျင်ဖွင့်ခြင်း အလုပ်စလုပ်ရတာဆိုတော့ ကြာလာတဲ့အခါ Service Track မှာရှိတဲ့ အကြောင်းအရာ(Firmware) တွေ တဖြည်းဖြည်း Lost ဖြစ်လာတာ ဖြစ်ပါတယ်။
နောက်ထပ်ဘာတွေ ဖြစ်လာနိုင်သေးသလဲဆိုတော့

(၁) Service Track ဖတ်လို့မရလျင် Read/Write Head ဟာ သူ့ဝင်ရိုးတစ်လျှောက် ဂတ်ဂတ်မြည်အောင် ဖတ်နေလိမ့်မယ်။ ပြီးလျင် မဖတ်တော့ဘဲ Parking သွားထိုးလိမ့်မယ်။
(၂) Read/Write Head မှာပါတဲ့ အစိတ်အပိုင်းထဲက (ထောက်တိုင်) သဘောမျိုး အစိတ်အပိုင်းက ကွေးလာတတ်တယ်။
(၃) အဲ့သလို ကွေးလာတတ်လျင် နောက်တစ်ခါမှာ Head ဟာ မျက်နှာပြင်မှာ ပွတ်တိုက်သွားတတ်တယ်။

Zawgyi Version

အဲဒီေတာ့ ဒီလုိမပ်က္ရေလေအာင္ ဘယ္လုိလုပ္ရမလဲ

ဒါက ပ်က္႐ုိးပ်က္စဥ္ေတြထဲက သေဘာတစ္ခုပါ။ အခ်ိန္ၾကာလာလ်င္ ျဖစ္လာတတ္တာကုိ ေျပာျပတာပါ။

Electronic ပ်က္ျခင္းႏွင့္ ပ်က္ရျခင္းအေၾကာင္း

Hard Disk ရဲ႕ Electronic အပုိင္းဆုိတာဘာပါလဲ။ Hard Disk ရဲ႕ ေအာက္ဖက္က Circuit Board ေလးပဲ ျဖစ္ပါတယ္။ အခုတင္ျပေနတဲ့ Hard Disk ရဲ႕ Electronic ပုိင္း Fail ျဖစ္တယ္ဆုိတာ အဲ့ဒီ Circuit Board ထိခုိက္သြားတာပဲ ျဖစ္ပါတယ္။ ဘာေၾကာင့္ ျဖစ္ရတာလဲဆုိလ်င္ေတာ့ ရွင္းပါတယ္။ Power ေၾကာင့္ပဲ ျဖစ္ပါတယ္။ Voltage မတည္ၿငိမ္တဲ့အခါေတြမွာ၊ Voltage ေဆာင့္တက္တဲ့အခါမ်ဳိးေတြမွာ ဘယ္လုိမ်ဳိးပဲျဖစ္ပါေစ Electrical ႏွင့္ ပတ္သက္ၿပီးေတာ့ပဲ ျဖစ္တတ္တာ ျဖစ္ပါတယ္။

ဒါမ်ဳိးကေတာ့ မ်ားေသာအားျဖင့္ Circuit Board မွာ Physically ထိခုိက္သြားတာကုိ ျမင္ေတြ႕ရမွာ ျဖစ္ပါတယ္။ ကၽြန္ေတာ္ဒီလုိမ်ဳိးျဖစ္သြားဖူးတဲ့ Hard Disk ေတြကုိ ေတာ္ေတာ္ေလးေတြ႕ဖူးပါတယ္။ ဒါေပမယ့္ ေကာင္းတဲ့အခ်က္က Circuit Board ကုိ ျဖဳတ္လဲလုိက္လုိ႕ေတာ့ ရပါတယ္။ Data ေတာ့ မဆုံးဘူးေပါ့။ ဒါေပမယ့္ လုပ္တာမွားသြားလ်င္လည္း Data ပါ Lost ျဖစ္သြားႏုိင္ပါတယ္။

Unicode Version

အဲဒီတော့ ဒီလိုမပျက်ရလေအောင် ဘယ်လိုလုပ်ရမလဲ

ဒါက ပျက်ရိုးပျက်စဉ်တွေထဲက သဘောတစ်ခုပါ။ အချိန်ကြာလာလျင် ဖြစ်လာတတ်တာကို ပြောပြတာပါ။

Electronic ပျက်ခြင်းနှင့် ပျက်ရခြင်းအကြောင်း

Hard Disk ရဲ့ Electronic အပိုင်းဆိုတာဘာပါလဲ။ Hard Disk ရဲ့ အောက်ဖက်က Circuit Board လေးပဲ ဖြစ်ပါတယ်။ အခုတင်ပြနေတဲ့ Hard Disk ရဲ့ Electronic ပိုင်း Fail ဖြစ်တယ်ဆိုတာ အဲ့ဒီ Circuit Board ထိခိုက်သွားတာပဲ ဖြစ်ပါတယ်။ ဘာကြောင့် ဖြစ်ရတာလဲဆိုလျင်တော့ ရှင်းပါတယ်။ Power ကြောင့်ပဲ ဖြစ်ပါတယ်။ Voltage မတည်ငြိမ်တဲ့အခါတွေမှာ၊ Voltage ဆောင့်တက်တဲ့အခါမျိုးတွေမှာ ဘယ်လိုမျိုးပဲဖြစ်ပါစေ Electrical နှင့် ပတ်သက်ပြီးတော့ပဲ ဖြစ်တတ်တာ ဖြစ်ပါတယ်။

ဒါမျိုးကတော့ များသောအားဖြင့် Circuit Board မှာ Physically ထိခိုက်သွားတာကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။ ကျွန်တော်ဒီလိုမျိုးဖြစ်သွားဖူးတဲ့ Hard Disk တွေကို တော်တော်လေးတွေ့ဖူးပါတယ်။ ဒါပေမယ့် ကောင်းတဲ့အချက်က Circuit Board ကို ဖြုတ်လဲလိုက်လို့တော့ ရပါတယ်။ Data တော့ မဆုံးဘူးပေါ့။ ဒါပေမယ့် လုပ်တာမှားသွားလျင်လည်း Data ပါ Lost ဖြစ်သွားနိုင်ပါတယ်။

Zawgyi Version

Mechanical ပုိင္းပ်က္ျခင္းႏွင့္ ပ်က္ရျခင္းအေၾကာင္း

Mechanical ပုိင္း ပ်က္တာက Electrical ပုိင္းပ်က္တာထက္ ပုိဆုိးတယ္ဗ်။ ဘာလုိ႕လဲဆုိေတာ့ Hard Disk ပ်က္ၿပီဆုိကတည္းက Hard Disk တစ္လုံးထပ္၀ယ္ရမွာပဲေလ။ Data ေတြ ျပန္ရဖုိ႕အတြက္ၾကေတာ့ ဘယ္လုိလုပ္မလဲ။ Mechanical ပုိင္းပ်က္တာက Hard Disk မွာ Electronic ပုိင္းပ်က္တာထက္ Data ျပန္ရဖုိ႕ သိပ္မလြယ္ဘူးဗ်။ ေနာက္ၿပီး Mechanical ပုိင္းပ်က္တာက ပ်က္ၿပီဆုိတာနဲ႕ခ်က္ခ်င္းသိလ်င္သိ၊ မသိလ်င္ေတာ့ ၾကာေလ Data ေတြ ပုိ Lost ျဖစ္ႏုိင္ေလပဲ။

Hard Disk ေတြရဲ႕ Mechanical ပုိင္းပ်က္တယ္ဆုိတာက အမ်ဳိးမ်ဳိးျဖစ္ႏုိင္ပါတယ္။ ဥပမာေျပာရလ်င္ Motor ပ်က္သြားတာလည္း ျဖစ္ႏုိင္တယ္။ Read/Write Head ေတြ ပ်က္သြားတာလည္း ျဖစ္ႏုိင္တယ္။ အမ်ားဆုံးျဖစ္ၾကတာကေတာ့ Head Crash ျဖစ္တာပါပဲ။ Head Crash ျဖစ္တယ္ဆုိတာကလည္း Head ႀကီးက Hard Disk ရဲ႕ မ်က္ႏွာျပင္ေပၚမွာ တစ္ခ်က္ကေလးသြားထိတာလည္း ျဖစ္ႏုိင္သလုိ၊ ေတာက္ေလွ်ာက္တစ္ရြက္တုိက္ ဆြဲခ်သြားတာလည္း ျဖစ္ႏုိင္တယ္။

ျဖစ္ရတဲ့အေၾကာင္းအရင္းေတြကေတာ့-

(၁) Shock ျဖစ္၍ေသာ္လည္းေကာင္း
(၂) ကြန္ပ်ဴတာအေရႊ႕အေျပာင္း၌ အခန္႕မသင့္၍ေသာ္လည္းေကာင္း
(၃) Static Charge (Electricity) ေၾကာင့္ေသာ္လည္းေကာင္း
(၄) Power မတည္ၿငိမ္မႈေၾကာင့္လည္းေကာင္း
(၅) Read Write Head က ခၽြတ္ယြင္းလာေသာေၾကာင့္လည္းေကာင္း ျဖစ္တတ္ၾကပါတယ္။

အဲ့သလုိျဖစ္လ်င္ ေဖာ္ျပမယ့္လကၡဏာကေတာ့ ကေတာက္ ကေတာက္ဆုိၿပီး အသံေတြ ျမည္လာတတ္ပါတယ္။ အကယ္၍ သင္ဟာ Hard Disk ထဲက Data ေတြအတြက္ အေရးတႀကီး စုိးရိမ္ပူပန္ခဲ့မယ္ဆုိလ်င္ ကြန္ပ်ဴတာကုိ ဆက္လက္မသုံးသင့္ေတာ့ပါဘူး။

Unicode Version

Mechanical ပိုင်းပျက်ခြင်းနှင့် ပျက်ရခြင်းအကြောင်း

Mechanical ပိုင်း ပျက်တာက Electrical ပိုင်းပျက်တာထက် ပိုဆိုးတယ်ဗျ။ ဘာလို့လဲဆိုတော့ Hard Disk ပျက်ပြီဆိုကတည်းက Hard Disk တစ်လုံးထပ်ဝယ်ရမှာပဲလေ။ Data တွေ ပြန်ရဖို့အတွက်ကြတော့ ဘယ်လိုလုပ်မလဲ။ Mechanical ပိုင်းပျက်တာက Hard Disk မှာ Electronic ပိုင်းပျက်တာထက် Data ပြန်ရဖို့ သိပ်မလွယ်ဘူးဗျ။ နောက်ပြီး Mechanical ပိုင်းပျက်တာက ပျက်ပြီဆိုတာနဲ့ချက်ချင်းသိလျင်သိ၊ မသိလျင်တော့ ကြာလေ Data တွေ ပို Lost ဖြစ်နိုင်လေပဲ။

Hard Disk တွေရဲ့ Mechanical ပိုင်းပျက်တယ်ဆိုတာက အမျိုးမျိုးဖြစ်နိုင်ပါတယ်။ ဥပမာပြောရလျင် Motor ပျက်သွားတာလည်း ဖြစ်နိုင်တယ်။ Read/Write Head တွေ ပျက်သွားတာလည်း ဖြစ်နိုင်တယ်။ အများဆုံးဖြစ်ကြတာကတော့ Head Crash ဖြစ်တာပါပဲ။ Head Crash ဖြစ်တယ်ဆိုတာကလည်း Head ကြီးက Hard Disk ရဲ့ မျက်နှာပြင်ပေါ်မှာ တစ်ချက်ကလေးသွားထိတာလည်း ဖြစ်နိုင်သလို၊ တောက်လျှောက်တစ်ရွက်တိုက် ဆွဲချသွားတာလည်း ဖြစ်နိုင်တယ်။

ဖြစ်ရတဲ့အကြောင်းအရင်းတွေကတော့-

(၁) Shock ဖြစ်၍သော်လည်းကောင်း
(၂) ကွန်ပျူတာအရွှေ့အပြောင်း၌ အခန့်မသင့်၍သော်လည်းကောင်း
(၃) Static Charge (Electricity) ကြောင့်သော်လည်းကောင်း
(၄) Power မတည်ငြိမ်မှုကြောင့်လည်းကောင်း
(၅) Read Write Head က ချွတ်ယွင်းလာသောကြောင့်လည်းကောင်း ဖြစ်တတ်ကြပါတယ်။

အဲ့သလိုဖြစ်လျင် ဖော်ပြမယ့်လက္ခဏာကတော့ ကတောက် ကတောက်ဆိုပြီး အသံတွေ မြည်လာတတ်ပါတယ်။ အကယ်၍ သင်ဟာ Hard Disk ထဲက Data တွေအတွက် အရေးတကြီး စိုးရိမ်ပူပန်ခဲ့မယ်ဆိုလျင် ကွန်ပျူတာကို ဆက်လက်မသုံးသင့်တော့ပါဘူး။

Zawgyi Version

Logical ပုိင္းပ်က္ျခင္းႏွင့္ ပ်က္ရျခင္းအေၾကာင္း

Logical ပုိင္းပ်က္တယ္ဆုိတာ Hard Disk ကေကာင္းေနၿပီး အထဲက Data File ေတြ ျပန္ေခၚလုိ႕ မရေတာ့တဲ့ ပ်က္ျခင္းမ်ဳိးကုိေျပာတာ ျဖစ္ပါတယ္။ ဒီျပႆနာက ခုနကေျပာခဲ့တဲ့ ျပႆနာေတြထက္ ပုိလြယ္လိမ့္မယ္လုိ႕ေတာ့ ေျပာလုိ႕မရဘူး။ ေျပာရမယ္ဆုိလ်င္ အလြယ္ကူဆုံး အေျခအေနကေန အခက္အခဲဆုံး အေျခအေနထိ ျပႆနာက က်ယ္ျပန္႕တယ္။ ဥပမာ-ဖုိင္ေတြ Frag ျဖစ္တာမ်ားၿပီး ဖြင့္လုိ႕မရေတာ့တာမ်ဳိး၊ Directory Structure Error ျဖစ္ၿပီး ဖတ္မရတာမ်ဳိး စသည္ျဖင့္ေပါ့။ ဒါေပမယ့္ Data ကုိ အေရးမႀကီးတဲ့သူေတြအတြက္ကေတာ့ ျပႆနာမရွိပါဘူး။ Hard Disk ကုိ Partition ပုိင္း Format ခ်ၿပီး ျပန္သုံးလုိ႕ရတာပဲ။ ဘာလုိ႕လဲဆုိေတာ့ Hard Disk ဘက္က Physically ပ်က္တာမွ မဟုတ္တာ။ ဒီလုိအေျခအေနမ်ဳိးမွာ Hard Disk ေပၚက Data ေတြ ျပန္ရဖုိ႕ Recovery Software ေတြ အမ်ားႀကီး ၀ယ္ၿပီးအသုံးျပဳလုိ႕ရေနတာပဲ

ဒါေပမယ့္ သတိထားရမွာက မလုပ္တတ္လ်င္ Data ေတြကို Recovery ျပန္လုပ္လုိ႕ရေနတဲ့ အေျခအေနကေန လုပ္လုိ႕မရေတာ့တဲ့ အေျခအေနမ်ဳိး ျဖစ္သြားတတ္တယ္။ အထူးသျဖင့္ ဒီလုိအေျခအေနမ်ဳိးျဖစ္လာလ်င္ အျမဲတမ္း Scandisk Run ျခင္း၊ Chkdsk Run ျခင္းတုိ႕ဟာ မွန္တယ္လုိ႕ တရားေသေျပာလုိ႕ မရပါဘူး။

Unicode Version

Logical ပိုင်းပျက်ခြင်းနှင့် ပျက်ရခြင်းအကြောင်း

Logical ပိုင်းပျက်တယ်ဆိုတာ Hard Disk ကကောင်းနေပြီး အထဲက Data File တွေ ပြန်ခေါ်လို့ မရတော့တဲ့ ပျက်ခြင်းမျိုးကိုပြောတာ ဖြစ်ပါတယ်။ ဒီပြဿနာက ခုနကပြောခဲ့တဲ့ ပြဿနာတွေထက် ပိုလွယ်လိမ့်မယ်လို့တော့ ပြောလို့မရဘူး။ ပြောရမယ်ဆိုလျင် အလွယ်ကူဆုံး အခြေအနေကနေ အခက်အခဲဆုံး အခြေအနေထိ ပြဿနာက ကျယ်ပြန့်တယ်။ ဥပမာ-ဖိုင်တွေ Frag ဖြစ်တာများပြီး ဖွင့်လို့မရတော့တာမျိုး၊ Directory Structure Error ဖြစ်ပြီး ဖတ်မရတာမျိုး စသည်ဖြင့်ပေါ့။ ဒါပေမယ့် Data ကို အရေးမကြီးတဲ့သူတွေအတွက်ကတော့ ပြဿနာမရှိပါဘူး။ Hard Disk ကို Partition ပိုင်း Format ချပြီး ပြန်သုံးလို့ရတာပဲ။ ဘာလို့လဲဆိုတော့ Hard Disk ဘက်က Physically ပျက်တာမှ မဟုတ်တာ။ ဒီလိုအခြေအနေမျိုးမှာ Hard Disk ပေါ်က Data တွေ ပြန်ရဖို့ Recovery Software တွေ အများကြီး ဝယ်ပြီးအသုံးပြုလို့ရနေတာပဲ။

ဒါပေမယ့် သတိထားရမှာက မလုပ်တတ်လျင် Data တွေကို Recovery ပြန်လုပ်လို့ရနေတဲ့ အခြေအနေကနေ လုပ်လို့မရတော့တဲ့ အခြေအနေမျိုး ဖြစ်သွားတတ်တယ်။ အထူးသဖြင့် ဒီလိုအခြေအနေမျိုးဖြစ်လာလျင် အမြဲတမ်း Scandisk Run ခြင်း၊ Chkdsk Run ခြင်းတို့ဟာ မှန်တယ်လို့ တရားသေပြောလို့ မရပါဘူး။

Credit – မူရင္းေရးသားသူကို သိပါက အေၾကာင္းၾကားေပးပါရန္…

Credit – မူရင်းရေးသားသူကို သိပါက အကြောင်းကြားပေးပါရန်…

Thiha Bo Bo

Myanmar End User ကို အေကာင္းဆံုးျဖစ္ေအာင္ တင္ဆက္ေပးသြားပါ့မယ္… ကြ်န္ေတာ္နဲ႔အတူ Blogger life ကို စိတ္ဝင္စားသူမ်ား Guest blogger မ်ားကိုလည္း Myanmar End User မွာ ဝင္ေရာက္ေရးသားဖုိ႔ ဖိတ္ေခၚပါတယ္…
Facebook Profile: Fb/dev.thihabobo
Email: thihabobo@myanmarenduser.com

http://www.myanmarenduser.com

Similar Articles

Leave a Reply

Top
Skip to toolbar