You are here
Home > PC & Mobile > Android > Samsung က Galaxy S8 နဲ့ S8 Plus ကို တရားဝင် မိတ်ဆက်

Samsung က Galaxy S8 နဲ့ S8 Plus ကို တရားဝင် မိတ်ဆက်

Samsung ရဲ့ Galaxy S8 အပေါ် ကောလာဟလသတင်းတွေ ကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်ခဲ့ပြီး Galaxy S8 နဲ့ Galaxy S8 Plus ကို Samsung က Galaxy Unpacked ပွဲမှာ ပွဲထုတ်မိတ်ဆက်ပေးလိုက်ပါတယ်။

Galaxy S8 က Screen size ၅.၈ လက်မ ရှိပြီး S8 Plus ကတော့ ၆.၂ လက်မ ဆိုပြီး ထုတ်လုပ်ထားတာ ဖြစ်ပါတယ်။ ထွက်ရှိလာတဲ့ ဒီဇိုင်းကတော့ အွန်လိုင်းပေါ် ပေါက်ကြားခဲ့တဲ့ ဒီဇိုင်းအတိုင်းပဲ ဖြစ်ပါတယ်။

Samsung Galaxy S8 ၏ နောက်ပိုင်းနဲ့ S8 Plus ရှေ့ပိုင်းကို မြင်ရပုံ
Samsung Galaxy S8 ၏ နောက်ပိုင်းနဲ့ S8 Plus ရှေ့ပိုင်းကို မြင်ရပုံ

Galaxy S8 နဲ့ S8 Plus မှာတော့ Home key ပါမလာတော့ပါဘူး။ ဘေးဘောင်ကိုလည်း မှန်အခုံးကို အပြည့်တပ်ဆင်ထားတဲ့အတွက် ဘောင်တန်း မရှိသလောက် ပျောက်သွားပါတယ်။ Screen နောက်ပိုင်းကို Home key နေရာအထိ အပေါ်ပိုင်းကို Samsung ဆိုတဲ့ စာတန်းကို မထည့်တော့ပဲ အဲဒီနေရာထိ သုံးထားတဲ့အတွက် ပိုမိုရှည်လျားတဲ့ Display ကို ခံစားရမှာပါ။ ဒီလို ရှည်လျားတဲ့ Display ကိုတော့ Samsung က Infinity display လို့ နာမည် ပေးထားပါတယ်။

Samsung Galaxy S8 နဲ့ S8 Plus ရဲ့ Infinity Display
Samsung Galaxy S8 နဲ့ S8 Plus ရဲ့ Infinity Display

Galaxy S8 နဲ့ S8 Plus နှစ်မျိုးလုံးမှာ Super AMOLED ဖြစ်ပြီး extra wide aspect ratio 18.5:9 အထိ သုံးနိုင်ပါတယ်။ Screen resolution ကလည်း တူညီပြီး 1,440 x 2,960px ဖြစ်ပါတယ်။ Gollira Glass 5 နဲ့ ဖုန်းပတ်ပတ်လည်ကို ဖုံးကာ ပေးထားတဲ့အတွက် အပွန်းအစင်းတွေဖြစ်ပေါ်မှုကို ကြံ့ကြံ့ခံပေးမှာ ဖြစ်ပါတယ်။ Home button ကို ဖြုတ်လိုက်ပြီး Home, Back, Multitasking ဆိုသည့် button ၃ ခုကို Screen ရဲ့ အောက်ခြေ ဖန်သားပြင်မှာ Pressure sensitive button အနေနဲ့ ထည့်သွင်းပေးထားပါတယ်။ ဒီနည်းပညာကိုတော့ Samsung က Invisible Home Button လို့ အမည်ပေးထားပါတယ်။ Screen တစ်ခုလုံးမှာ Pressure sensitive အနေနဲ့ ဖြစ်နေတာ မဟုတ်ပဲ Screen ရဲ့ button ပေါ်တဲ့ နားလေးလောက်မှာသာ Pressure sensitive ဖြစ်စေတာ ဖြစ်ပါတယ်။

Galaxy S8 နဲ့ S8 Plus တွင် Invisible Home Button ကို မြင်ရပုံ
Galaxy S8 နဲ့ S8 Plus တွင် Pressure sensitive button ကို မြင်ရပုံ

Home button မပါဝင်တော့တဲ့အတွက် Fingerprint ကိုတော့ ဖုန်းနဲ့ နောက်ဖက် ကင်မရာဘေးနားမှာ ထည့်သွင်းပေးထားပါတယ်။

Galaxy S8 နဲ့ S8 Plus တို့ရဲ့ Fingerprint Sensor ပုံ
Galaxy S8 နဲ့ S8 Plus တို့ရဲ့ Fingerprint Sensor ပုံ

နည်းပညာအသစ်အနေနဲ့ Samsung Dex (Samsung Desktop Experience) လို့ခေါ်တဲ့ နည်းပညာ ပါဝင်လာပါတယ်။ ဒီနည်းပညာကြောင့် Galaxy S8 နဲ့ S8 Plus တွေကို PC တစ်လုံးလို အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ အသုံးပြုဖို့အတွက် Dex Dock လို့ခေါ်တဲ့ accessory လေးကို ကြားခံပေးရမှာ ဖြစ်ပါတယ်။ Samsung ရဲ့ Dex Dock ဆိုတဲ့ accessory မှာ Monitor ကို ချိတ်ဆက်ဖို့ HDMI ရယ် Keyboard နဲ့ Mouse ချိတ်ဆက်ဖို့ USB Port ၂ ပေါက် ပါဝင်ပါတယ်။ ဒါ့အပြင် Dock မှာ ဖုန်းကို အေးမြစေဖို့အတွက် Cooling fan လည်း ပါဝင်ပါသေးတယ်။

Dex dock နဲ့ ချိတ်ဆက်ပြီး PC အနေနဲ့ အသုံးပြုပုံ
Dex dock နဲ့ ချိတ်ဆက်ပြီး PC အနေနဲ့ အသုံးပြုပုံ

Galaxy S8 နဲ့ S8 Plus တွေမှာလည်းပဲ S7 မှာ စတင်ပါလာခဲ့တဲ့ Iris Scanner နည်းပညာဖြစ်တဲ့ မျက်လုံးကို Scan ဖတ်ပြီး Screen lock ကို ဖွင့်တာ အပြင် အွန်လိုင်းငွေပေးချေမှုနဲ့ ပြင်ပငွေပေးချေမှုများမှာလည်း Iris ကို အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် Google AI နဲ့ Apple ရဲ့ Siri ကဲ့သို့ အသံနဲ့အမိန့်ပေး စေခိုင်းလို့ရတဲ့ နည်းပညာကိုလည်း Galaxy S8 နဲ့ S8 Plus မှာ ထည့်သွင်းလာပါတယ်။ ၎င်း ကို Bixby လို့ ခေါ်ပါတယ်။

Samsung ရဲ့ Bixby
Samsung ရဲ့ Bixby

ကင်မရာပိုင်းအနေနဲ့ S7 ကအတိုင်း 12MP Dual Pixel sensor ကို သုံးထားပေမယ့် software ပိုင်းကို ပိုမိုကောင်းမွန်အောင် ဆောင်ရွက်ထားပါတယ်။ ဓာတ်ပုံအရည်အသွေးမြင့်မားဖို့အတွက် exposure အများအပြားနဲ့ ရိုက်ကူးနိုင်ပါတယ်။ ဒါကို Samsung က Multiframe Processing လို့ခေါ်ဆိုထားပါတယ်။ Selfie ကင်မရာကိုတော့ အဆင့်မြှင့်ထားပြီး 8MP sensor, autofocus တို့နဲ့ ရိုက်ကူးနိုင်ပါတယ်။

Galaxy S8 နဲ့ S8+ ဟာ Snapdragon 835 နဲ့ Exynos 8895 chipset တွေကြောင့် 1gigabit LTE နဲ့သုံးနိုင်မယ့် ပထမဆုံးဖုန်းတွေ ဖြစ်ပါတယ်။ နိုင်ငံအပေါ်မူတည်ပြီး ရရှိနိုင်မယ့် chipset တွေ ကွာခြားပေမယ့် ဒီ chipset နှစ်ခုစလုံးရဲ့ စွမ်းဆောင်ရည်က မကွာခြားဘူးလို့ သိရပါတယ်။

နိုင်ငံအများစုမှာ 4GB RAM, 64GB storage နဲ့ ရရှိနိုင်ပေမယ့် တရုတ်နဲ့ ကိုရီးယားတို့မှာတော့ 6GB/128GB နဲ့ ရနိုင်မယ်လို့ဆိုပါတယ်။

S8 နဲ့ S8+ တို့ရဲ့ နောက်ထပ်ကွာခြားချက်တစ်ခုက ဘက်ထရီပါ။ S8 မှာ 3,000mAh ဘက်ထရီပါဝင်ပြီး Galaxy S8+ မှာတော့ 3,500mAh ဘက်ထရီ ပါဝင်ပါတယ်။ မော်ဒယ်နှစ်မျိုးစလုံးမှာ Samsung ရဲ့ Adaptive Fast Charging ကို ထည့်သွင်းပေးထားပါတယ်။ လျင်မြန်တဲ့ ကြိုးမဲ့စနစ်နဲ့အားသွင်းနိုင်ပြီး WPC ရော PMA ကိုပါ ထောက်ပံ့ပေးထားပါတယ်။ ရေစိုခံနိုင်မှုအဆင့်က IP68 အထိ ဖြစ်ပါတယ်။

Samsung Galaxy S8 နဲ့ S8+ ကို Midnight Black, Orchid Gray, Arctic Silver, Coral Blue နဲ့ Maple Gold စတဲ့ အရောင်များနဲ့ ရရှိနိုင်ပါတယ်။ တန်ဖိုးက S8 အတွက် ၈၀၉ ယူရို၊ S8+ အတွက် ၉၀၉ ယူရိုဖြစ်ပြီး ဧပြီ ၂၁ ရက်မှာ ရောင်းချသွားမယ်လို့ သိရပါတယ်။

Galaxy S8 နဲ့ S8 Plus တို့ရဲ့ အရောင်များ
Galaxy S8 နဲ့ S8 Plus တို့ရဲ့ အရောင်များ
Galaxy S8 နဲ့ S8 Plus ရဲ့ အသေးစိတ်ပြဇယား
Galaxy S8 နဲ့ S8 Plus ရဲ့ အသေးစိတ်ပြဇယား

Myanmar End User ရဲ့ ဆောင်းပါးများကို Facebook မှ ဖတ်ပါက MPT အသုံးပြုသူများ အခမဲ့ ဖြစ်ပြီး… အခြားအော်ပရေတာများကတော့ Data ကုန်ကျမှု မရှိသလောက်ပါပဲ… ဒါကြောင့် နည်းပညာဆောင်းပါးများဖတ်ဖို့ အကူအညီများ ရယူဖို့ Myanmar End User ရဲ့ Facebook page ကို Like လုပ်ထားလိုက်ပါ…

Facebook မှ နည်းပညာ သတင်း၊ ဆောင်းပါးတွေ ဖတ်ချင်ရင်တော့ Facebook page >> https://www.facebook.com/MyanmarEndUser

နည်းပညာ အခက်အခဲတွေ ဆွေးနွေးဖို့ဆိုရင် Facebook group >> https://www.facebook.com/groups/myanmarenduser

နည်းပညာ သတင်း၊ ဆောင်းပါးတွေ ဖတ်ချင်ရင်တော့ Website >> http://www.myanmarenduser.com

Thiha Bo Bo
Myanmar End User ကို အကောင်းဆုံးဖြစ်အောင် တင်ဆက်ပေးသွားပါ့မယ်... ကျွန်တော်နဲ့အတူ Blogger life ကို စိတ်ဝင်စားသူများ Guest blogger များကိုလည်း Myanmar End User မှာ ဝင်ရောက်ရေးသားဖို့ ဖိတ်ခေါ်ပါတယ်...
http://www.myanmarenduser.com

Similar Articles

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.

Top