You are here
Home > PC & Mobile > Android > WOW နဲ့ ပုံစံတူ Crusaders of Light Mobile Game

WOW နဲ့ ပုံစံတူ Crusaders of Light Mobile Game

WOW နဲ့ ပုံစံတူ Crusaders of Light Mobile Game
WOW နဲ့ ပုံစံတူ Crusaders of Light Mobile Game

Zawgyi Version






Battle ပုံစံ




Game Download



APKPure App Download

Unicode Version

NetEase က နောက်ဆုံး ဖန်တီးထုတ်လုပ်လိုက်တဲ့ Crusaders of Light ဆိုတဲ့ MMO (Massively Multiplayer Online) game နဲ့ မိတ်ဆက်ပေးချင်ပါတယ်။

NetEase ဆိုတာ ကမ္ဘာ့နာမည်ကြီး PC game ဖြစ်တဲ့ World of Warcraft (WOW) ကို ဖန်တီးမွေးထုတ်ပေးခဲ့တဲ့ Blizzard ရဲ့ ပါတနာ ကုပ္မဏီ တစ်ခုပဲဖြစ်ပါတယ်။ Crusaders of Light ဟာလဲ WOW ကဲ့သို့ ခံစားမှုမျိုးတွေနဲ့ mobile ပေါ်မှာ ခံစားနိုင်အောင် ဖန်တီးပြုလုပ်ထားတဲ့ ဂိမ်း ဖြစ်ပါတယ်။ Crusaders of Light ကို Android နဲ့ iOS နှစ်မျိုးလုံးအတွက် App တွေ ဖန်တီးပေးထားပါတယ်။ Version 1.0 မှာ Android APK file size အနေနဲ့ 805.8 MB ရှိပါပြီး iOS အတွက်ကတော့ 1.03 GB တောင် ရှိပါတယ်။ ဂိမ်းထဲမှာ ကျား၊ မ အနေနဲ့ ခွဲထားပြီး WOW ကဲ့သို့ Class ၃ မျိုးပါဝင်ပါတယ်။ အကြမ်းအားဖြင့် warrior (orc), hunter (elf), mage (human) တွေပါ။ Class တစ်ခုစီမှာ talent ၃ မျိုး ပါဝင်ပါသေးတယ်။

ပြင်ဆင်မှုပိုင်း နဲ့ Social

ပြင်ဆင်မှုပိုင်းမှာ Item တွေ၊ လက်နက်တွေ၊ ဝတ်ရုံတွေ၊ စီးတော်တွေကလည်းပဲ WOW ကဲ့သို့ ရယူပြီး ဆင်မြန်းနိုင်မှာ ဖြစ်ပါတယ်။

Social အတွက် Chat ကို အသံစနစ်နဲ့ရအောင် ဖန်တီးပေးထားပါသေးတယ်။ Game ထဲမှာ ကိုယ့်ရဲ့ Hero ကို မိမိကြိုက်နှစ်သက်တဲ့ အနေအထားနဲ့ selfies ဆွဲပြီး Social ပေါ်မှာ ကြွားနိုင်ပါသေးတယ်။

Battle ပုံစံ

လူအယောက်ပေါင်း ၄၀ကျော် ပါဝင်နိုင်တဲ့ dungeon raids တွေ 1 vs 1 Arena, 3 vs 3 Arena တွေနဲ့ 5 vs 5 Arena တွေကို PvP battles အနေနဲ့ကစားနိုင်မှာပါ။ ဒါတင်ပဲလားဆိုတော့ မဟုတ်သေးဘူးပါဘူး 25-vs.-25 battleground fights တွေလည်း ပါဝင်ပါတယ်။ အဲ့အတွက် တိုက်ခိုက်ဖို့ အဖော်ကောင်းတွေ ဘော်ဒါကောင်းတွေ Game ထဲမှာရှာနိုင်မှာပါ။

အောက်ပါ Official website မှာ Preregister လုပ်ထားပါက Point တွေ Gift တွေ ရမှာ ဖြစ်ပါတယ်။ နောက်ပိုင်းမှာ WOW လိုပဲ Item တွေ အရောင်းအဝယ်ပုံစံမျိုး ဖြစ်လာနိုင်ပါတယ်။

Official website URL: https://crusadersoflight.com/

Game Download

APK Pure (Android) | Google Play store | iOS

APKPure App ကို ဒေါင်းဖို့လိုတာကတော့ APK Pure က Crusaders of Light ကို xapk ဖိုင်နဲ့ တင်ပေးထားတဲ့အတွက်ပဲ ဖြစ်ပါတယ်။ xapk ဖိုင်က OBB Cache Data တွေကို ပေါင်းထည့်ပြီးသား ဖြစ်လို့ပါ။ ဒါကြောင့် xapk ကို Install လုပ်ဖို့အတွက် xapk install support ပေးတဲ့ Application ဖုန်းမှာ ရှိရမှာ ဖြစ်ပါတယ်။ APKPure App က xapk ကို Install လုပ်လို့ရပါတယ်။ ဒါကြောင့် APKPure ကို အောက်မှာ ဒေါင်းယူပါ။

APKPure App Download

Thiha Bo Bo

Myanmar End User ကို အကောင်းဆုံးဖြစ်အောင် တင်ဆက်ပေးသွားပါ့မယ်… ကျွန်တော်နဲ့အတူ Blogger life ကို စိတ်ဝင်စားသူများ Guest blogger များကိုလည်း Myanmar End User မှာ ဝင်ရောက်ရေးသားဖို့ ဖိတ်ခေါ်ပါတယ်…
Facebook Profile: Fb/dev.thihabobo
Email: thihabobo@myanmarenduser.com

http://www.myanmarenduser.com

Similar Articles

Leave a Reply

Top
Skip to toolbar