You are here
Home > Hardware > Buying Guides > iPhone 7/ 7 Plus ကိုအရစ်ကျပေးပြီးဝယ်ယူနိုင်ရန် AYA Credit Card (FREE) အခမဲ့လျှောက်ထားနိုင်

iPhone 7/ 7 Plus ကိုအရစ်ကျပေးပြီးဝယ်ယူနိုင်ရန် AYA Credit Card (FREE) အခမဲ့လျှောက်ထားနိုင်

iPhone 7 နှင့် iPhone 7 Plus ကို အရစ်ကျ ပေးပြီးဝယ်ယူနိုင်ရန် AYA Credit Card (FREE) အခမဲ့လျှောက်ထားနိုင်မည့် အထူး Promotion
(4.12.2016 နောက်ဆုံး)

SimplePay installment plan အကြောင်း

AYA Credit Card ဖြင့် လစဉ်အရစ်ကျပေးချေစနစ်ဖြစ်တဲ့ SimplePay installment plan နှစ်မျိုးမှာ 6-Month နှင့် 12-Month plan တို့ဖြစ်ပါတယ်။

6-Month Instalment Plan

AYA Credit Card ဖြင့် ဝယ်ယူပြီး 6 လတိတိ အရစ်ကျပေးချေပါက တစ်လလျှင် အတိုး 1% နှုန်းဖြင့် 6-Month အတွက် စုစုပေါင်းအတိုး 6% သာကျသင့်မှာဖြစ်ပါတယ်။

12-Month Instalment Plan

AYA Credit Card ဖြင့် ဝယ်ယူပြီး 12 လတိတိအရစ်ကျပေးချေပါက တစ်လလျှင် အတိုး 1% နှုန်းဖြင့် 12-Month အတွက် စုစုပေါင်းအတိုး 12% သာကျသင့်မှာဖြစ်ပါတယ်။

ဥပမာ ။ ။ 12-Month အရစ်ကျဝယ်ယူခြင်း

AYA Credit Card ဖြင့် iPh7 (32GB) အား 1,073,000 ကျပ် ဝယ်ယူပြီး AYA SimplePay 12-Month Plan နဲ့ လစဉ်အရစ်ကျပေးဆပ်ပါက အတိုးနှုန်းမှာ တစ်နှစ်စာ (12%) အတွက် 128,760 ကျပ်သာကျသင့်မှာဖြစ်ပါတယ်။

လစဉ်ဘဏ်သို့ပေးသွင်းရမည့်ငွေမှာ 100,147 ကျပ်(အတိုး 1% အပါအဝင်) ဖြစ်ပြီး 12 လ ပေးဆပ်ရမှာဖြစ်ပါတယ်။ လစဉ်ကျသင့်ငွေကို သင့် Credit Card statement လစဉ်ရှင်းတမ်းများတွင် ဖော်ပြထားမှာဖြစ်ပြီးလစဉ် ၂၀ရက်နေ့ မတိုင်မီပေးဆပ်ရမှာဖြစ်ပါတယ်။

AYA Credit Card ဖြင့် phone ဝယ်ယူပြီး AYA SimplePay အရစ်ကျစနစ်ဖြင့် ပြန်လည်ပေးဆပ်မည်ဆိုပါက AYA SimplePay ဖုန်းနံပါတ် 09-458588953 ရုံးဖွင့်ရက် (9)နာရီ မှ (5)နာရီ အတွင်း ဆက်သွယ်အကြောင်းကြားရန်လိုအပ်ပါတယ်။ 4.11.2016 မှစတင်ပြီး ဝန်ဆောင်မှုပေးသွားမှာဖြစ်ပါတယ်။ ဝယ်ယူမှုကို SimplePay သို့ပြောင်းလိုပါက လစဉ် Credit Card စာရင်းရှင်းတမ်းမထွက်မီ(လမကုန်ဆုံးမီ) အသိပေးရန်လိုအပ်ပါတယ်။

AYA Credit Card T&Cs applies.

AYA Bank မှ MPU,UnionPay, JCB Credit Card အားလုံးဖြင့် SimplePay အသုံးပြုနိုင်ပါတယ်။ SimplePay plan လျှောက်ထားနိုင်သော အသေးစိတ်အစီအစဉ်နှင့် အချက်အလက်များကို AYA Bank page မှ အချိန်နှင့်တပြေးညီ ဆက်လက်ကြေငြာသွားမည်ဖြစ်သလို ပွဲနေ့တွင်လည်း ရှင်းလင်းအသိပေးသွားမည်ဖြစ်ပါတယ်။

FREE Credit Card လျှောက်ထားနိုင်ပြီ။

iPhone 7 နှင့် 7 Plus တို့ကို ဝယ်ယူမည့် လူကြီးမင်းများအနေဖြင့် AYA Credit Card တပါတည်းလျှောက်ထားနိုင်ရန် ဧရာဝတီအဖွဲ့သားများမှ ယင်းဆိုင်များတွင် 6.11.2016 နေ့အထိ အသင့်ဝန်ဆောင်မှုပေးမည်ဖြစ်ပြီး ထိုရက်နောက်ပိုင်းတွင် အထူး Promotion လျှောက်လွှာများကို MDrive နှင့် Wai Yan Electronics, Myanmar Plaza တွင်ရယူနိုင်ပြီး လိုအပ်သောစာရွက်စာတမ်းများနှင့်အတူ ဧရာဝတီဘဏ်ရုံးချုပ်၊ ၄၁၆၊မဟာဗန္ဓုလလမ်းသို့ပေးပို့လျှောက်ထားနိုင်ပါတယ်။

iPhone 7/7 Plus အတွက် preorderမှာ စရံပေးသွင်းပြီးသူများ၊ ဝယ်ယူသူများCredit Card အခမဲ့လျှောက်ထားနိုင်ပြီး ပထမနှစ် Credit Card နှစ်စဉ်ကြေး Free ပါ စီစဉ်ပေးထားပါတယ်။

AYACreditCards လျှောက်ထားရန်လိုအပ်ချက်များ

လခစား ဝန်ထမ်း

၁။ Credit Card လျှောက်လွှာ
၂။ မှတ်ပုံတင်မိတ္တူ (သို့) နိုင်ငံကူးလက်မှတ်မိတ္တူ
၃။ အိမ်ထောင်စုစာရင်းမိတ္တူ
၄။ ရပ်ကွက်တွင်နေထိုင်ကြောင်းထောက်ခံစာ(မူရင်း)
၅။ အလုပ်ခန့်အပ်စာ(သို့မဟုတ်) ဝန်ထမ်းဖြစ်ကြောင်း ထောက်ခံစာ
၆။ လွန်ခဲ့သောသုံးလစာ Salary Payslip (သို့မဟုတ်) လွန်ခဲ့သောသုံးလစာ ဘဏ်စာရင်း ရှင်းတမ်း (အချက်(၅)တွင် လစာနှင့်ရာထူးဖော်ပြထားပါက အချက်(၆) မလိုပါ။)
၇။ ခြောက်လအတွင်း ရိုက်ကူးထားသော ပတ်စ်ပို့ဓါတ်ပုံ(၂)ပုံ
၈။ ထောက်ခံပေးသူနှစ်ဦး၏ မှတ်ပုံတင်မိတ္တူ/လက်မှတ်

ကိုယ်ပိုင်လုပ်ငန်းလုပ်ကိုင်သူများ

၁။ Credit Card လျှောက်လွှာ
၂။ မှတ်ပုံတင်မိတ္တူ (သို့) နိုင်ငံကူးလက်မှတ်မိတ္တူ
၃။ အိမ်ထောင်စုစာရင်းမိတ္တူ
၄။ ခြောက်လအတွင်းရိုက်ကူးထားသော ပတ်စ်ပို့ဓါတ်ပုံ(၂)ပုံ
၅။ ဘဏ်စာရင်း ရှင်းတမ်း
၆။လုပ်ငန်းလိုင်စင်
၇။လုပ်ငန်းအရှုံး/အမြတ်စာရင်း
၈။ထောက်ခံသူနှစ်ဦး၏ မှတ်ပုံတင်မိတ္တူ/လက်မှတ်
၉။အခြားဝင်ငွေအထောက်အထားများ(ရှိပါက)

အစိုးရဝန်ထမ်း

၁။ Credit Card လျှောက်လွှာ
၂။ မှတ်ပုံတင်မိတ္တူ
၃။ ဝန်ထမ်းကဒ်မိတ္တူ
၄။ ထောက်ခံသူတစ်ဦး၏ မှတ်ပုံတင်မိတ္တူ/လက်မှတ်

AYA Bank Facebook page မှာ ပြန်လည်ဖော်ပြသည်။

Thiha Bo Bo
Myanmar End User ကို အကောင်းဆုံးဖြစ်အောင် တင်ဆက်ပေးသွားပါ့မယ်... ကျွန်တော်နဲ့အတူ Blogger life ကို စိတ်ဝင်စားသူများ Guest blogger များကိုလည်း Myanmar End User မှာ ဝင်ရောက်ရေးသားဖို့ ဖိတ်ခေါ်ပါတယ်...
http://www.myanmarenduser.com

Similar Articles

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.

Top