You are here
Home > Hardware > Buying Guides > iPhone 5s အသစ်ကို ၁ လ ၂၉၀၀၀ ကျပ်ဝန်းကျင်နဲ့ ၁၈ လ အရစ်ကျ ဝယ်နိုင်

iPhone 5s အသစ်ကို ၁ လ ၂၉၀၀၀ ကျပ်ဝန်းကျင်နဲ့ ၁၈ လ အရစ်ကျ ဝယ်နိုင်

Brand New iPhone 5s အသစ်စက်စက်ကို ၁လ ၂၉၀၀၀ ကျပ်ဝန်းကျင်နဲ့ ၁၈ လ အရစ်ကျပေးသွင်းရုံဖြင့် ဝယ်ယူနိုင်မည့် သတင်းကောင်း 

iPhone 5S 16 Gb ကို အရစ်ကျ (Installment) ဖြင့် ဝယ်ယူနိုင်

In-Stock ထပ်မံရောက်ရှိလာမည့် iPhone 5s ကို စိတ်ဝင်တစား စောင့်မျှော်နေကြတယ့် Wai Yan Electronics Customer တွေအတွက် နိုဝင်ဘာလ (၁၂)ရက်နေ့မှာ စတင်ပြီး Wai Yan Electronics ဆိုင်ကြီးများမှာ စတင်ရောင်းချပေးနေပါပြီ ။ 1 Year Official Warranty ပါဝင်တဲ့ iPhone 5s ကို လက်ငင်းငွေပေးချေမှုဖြင့် ဝယ်ယူချင်ရင်တော့ ဈေးနူန်း ၄၁၉၀၀၀ ကျပ် ရောင်းချပေးသွားမှာဖြစ်ပြီး၊ Memory ကတော့ 16GB ၊ ကာလာ အနေနဲ့ Space Gray နဲ့ Silver ကာလာ နှစ်ရောင်ကို ရွေးချယ်ဝယ်ယူနိုင်မှာဖြစ်ပါတယ်။ iPhone 5s ကို ဝယ်ယူအားပေးတဲ့ customer တွေအတွက် Ooredoo ရဲ့၅ သောင်းကျပ်တန်ဖိုးရှိ နံပါတ်လှလှ sim card ကို လက်ဆောင်ပေးသွားမှာဖြစ်ပါတယ်။ လစဉ် ၁၀၀၀၀ ကျပ် ငွေဖြည့်ရုံနဲ့ ၁၇၀၀၀ ကျပ် (အင်တာနက်ပဲသုံးသုံး ၊ Ooredoo အချင်းချင်းဖုန်းပဲပြောပြော) ကို လစဉ် ၆ လဆက်တိုက်ရရှိမယ့် လက်ဆောင် အစီအစဉ်တွေနဲ့ရောင်းချပေးသွားမှာဖြစ်ပါတယ်။ Installment Plan နဲ့ ဝယ်ယူအားပေးတဲ့ customer တွေလည်း ယခုလက်ဆောင် အကျူံးဝင်ပါတယ်။

ကာလတိုးမြှင့်

အရစ်ကျဝယ်ယူချင်တဲ့ မိတ်ဆွေများအတွက် ၆လမှ ၁၂လ အထိ အရစ်ကျနဲ့ ဝယ်ယူရရှိနိုင်မည့် Installment Plan ကို ယခင်ကပြုလုပ်ခဲ့ပြီး ယခုအခါ ၁၈လ ထိ အရစ်ကျဝယ်ယူနိုင်တဲ့ အစီအစဉ်ကို တိုးမြှင့် ပြုလုပ်ပေးထားပါတယ်။ အရစ်ကျ ဝယ်ယူရန် လိုအပ်ချက်များကို ဒီမှာကြည့်ပါ

AYA SimplePay ဖြင့်လည်း ဝယ်ယူနိုင်

ဒါ့အပြင် iPhone 5s ကို AYA Bank ရဲ့ Credit Card နဲ့ချိတ်ဆက်ပြီး ရန်ကုန် ၊မန္တလေး ၊နေပြည်တော်မှာ ၆ လ မှ ၁၂ လ ထိ လစဉ်အရစ်ကျပေးဝယ်နိုင်မည့် AYA SimplePay အစီအစဉ်ကို နိုဝင်ဘာလ (၁၅)ရက်နေ့မှစတင်ပြီး ဝယ်ယူရရှိနိုင်မှာဖြစ်ပါတယ် ။ AYA SimplePay ကို ဒီမှာဖတ်နိုင်ပါတယ်

အားသာချက်

အခြားဆိုင်တွေနဲ မတူတဲ့ Wai Yan Electronics ဆိုင်တွေရဲ့ မြန်မာနိုင်ငံအတွက် Apple ၏ Authorised Reseller အနေဖြင့် အားသာချက်တွေကတော့

(၁) ကိုယ်တိုင်ကိုယ်ကျ ကြည့်ရှုခံစားနိုင်ဖို့နဲ့ လက်တွေ့ စမ်းသပ်နိုင်ဖို့ Live Display များထားရှိပေးထားခြင်း ၊
(၂) မြန်မာနိုင်ငံအတွက် သတ်မှတ်ထားတဲ့ Official Product အစစ်ကိုရရှိနိုင်ခြင်း
(၃) ဝယ်ယူသွားတဲ့ Customer တွေ အဆင်ပြေအောင် Apple ID အား ကူညီ၍ ဖွင့်ပေးခြင်း
(၄) Official Warranty One Year ပါဝင်ခြင်း (iServe Apple Authorized Service Provider များ ဖွင့်လှစ်ထားရှိခြင်း)
(၅) Color အလိုက် ဈေးနူန်းပြောင်းလဲခြင်းမရှိခြင်း

တို့ဖြစ်ပါတယ်။

Thiha Bo Bo
Myanmar End User ကို အကောင်းဆုံးဖြစ်အောင် တင်ဆက်ပေးသွားပါ့မယ်... ကျွန်တော်နဲ့အတူ Blogger life ကို စိတ်ဝင်စားသူများ Guest blogger များကိုလည်း Myanmar End User မှာ ဝင်ရောက်ရေးသားဖို့ ဖိတ်ခေါ်ပါတယ်...
http://www.myanmarenduser.com

Similar Articles

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.

Top