You are here
Home > PC & Mobile > Internet > အကောင်းဆုံး DNS ၁၀ ခု စာရင်းနှင့် အသုံးပြုပုံ

အကောင်းဆုံး DNS ၁၀ ခု စာရင်းနှင့် အသုံးပြုပုံ

ကျွန်တော်တို့ အင်တာနက် မြန်နှုန်းတွေဟာ DNS (Domain Name Server) တွေပေါ်မှာလည်း မူတည်နေပါတယ်။ ဘာကြောင့်လည်းဆိုရင် DNS (Domain Name Server) တွေဟာ လွယ်လွယ်ပြောရမယ်ဆိုရင်တော့ သူ့အလုပ်က ကျွန်တော်တို့ခေါ်ဆိုလိုက်တဲ့ စာသားနဲ့လိပ်စာကို နံပါတ် (IP Address) အဖြစ်ပြောင်းလည်း ရှာဖွေပေးရတာပဲဖြစ်ပါတယ်။ ဒါကြောင့် လျှင်မြန်ပြီး၊ ကောင်းမွန်ပြည့်စုံတဲ့ DNS (Domain Name Server) ကြီးတွေကိုသာ ကျွန်တော်တို့ အသုံးပြုမယ်ဆိုရင် အင်တာနက်မြန်နှုန်းဟာ ပိုမိုကောင်းမွန်လာမှာ ဖြစ်ပါတယ်… ဒါကြောင့် ကောင်းမွန်တဲ့ DNS (Domain Name Server) ၁၀ ခုနှင့် အသုံးပြုနည်းကို ပုံနှင့်တကွ ဖော်ပြပေးလိုက်ပါတယ်။

Level3
Preferred DNS server – 209.244.0.3
Alternate DNS server – 209.244.0.4

Google
Preferred DNS server – 8.8.8.8
Alternate DNS server – 8.8.4.4

ScrubIT3: 
Preferred DNS server – 67.138.54.120
Alternate DNS server – 207.225.209.77

OpenNIC4: 
Preferred DNS server – 69.164.208.50
Alternate DNS server – 216.87.84.211

Public-Root5: 
Preferred DNS server – 199.5.157.131
Alternate DNS server – 208.71.35.137

Comodo DNS: 
Preferred DNS server – 8.26.56.26
Alternate DNS server – 8.20.247.20

OpenDNS: 
Preferred DNS server – 208.67.222.222
Alternate DNS server – 208.67.220.220

DNS Advantage: 
Preferred DNS server – 156.154.70.1
Alternate DNS server – 156.154.71.1

Norton DNS: 
Preferred DNS server – 198.153.192.1
Alternate DNS server – 198.153.194.1

SmartViper: 
Preferred DNS server – 208.76.50.50
Alternate DNS server – 208.76.51.51

အောက်မှာ ထည့်သွင်းအသုံးပြုပုံကို ပုံနှင့်တကွ ဖော်ပြပေးလိုက်ပါတယ်…

Search box သို့မဟုတ် Run box ကနေ ncpa.cpl လို့ ရိုက်ထည့်ပြီး Enter လုပ်ပါ…

Run box ကနေ Network connections ကို ခေါ်ပုံ
Run box ကနေ Network connections ကို ခေါ်ပုံ

ပုံမှာပြထားတဲ့အတိုင်း Local Area Connection ကို ကလစ်လုပ်ပြီး ဖွင့်ပါ…
(Wireless နဲ့ဆိုရင် Wireless Network Connection ဆိုပြီးတွေ့ရမှာပါ)
အောက်ကပုံတက်လာမှာပါ။

Wifi adapter ရဲ့ Properties ကို ဝင်ပုံ
Wifi adapter ရဲ့ Properties ကို ဝင်ပုံ

ပြီးရင်တော့ တက်လာတဲ့ Status က Properties ကို ဝင်ပါ…
အောက်ပါပုံ တက်လာမှာဖြစ်ပါတယ်…

IP v4 ရဲ့ Properties ကို ဝင်ပုံ
IP v4 ရဲ့ Properties ကို ဝင်ပုံ

ပုံမှာ ပြထားတဲ့အတိုင်း  Internet Protocol Version 4 (TCP/IPv4) ကို ကလစ်ပေးပြီး Properties ကို ဖွင့်ပါ… ( Internet Protocol Version 4 (TCP/IPv4) ကို Double Click လည်း ရပါတယ်) ဒီလိုဆိုရင်တော့ အောက်ကပုံ တက်လာမှာ ဖြစ်ပါတယ်…

Google ရဲ့ Public DNS ကို ထည့်သွင်းထားပုံ
Google ရဲ့ Public DNS ကို ထည့်သွင်းထားပုံ

ပုံမှာ ပြထားတဲ့အတိုင်း Use the following DNS addresses ကို Check ပေးပြီး အပေါ်က DNS တစ်ခုခုကို သူ့နေရာနဲ့သူ ထည့်ပေးလိုက်ပါ… ပြီးရင်တော့ OK တွေနဲ့သာ ထွက်လိုက်ပါ။ သာမန်ထက် ပိုမြန်လာမှာကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။

နောက်ထပ် ဆောင်းပါးတွေကို စောင့်ဖတ်ချင်တယ်ဆိုရင်တော့ Myanmar End User ရဲ့ Facebook page ကို Like ပြီး See first လုပ်ထားလိုက်ပါ။

Facebook မှ နည်းပညာ သတင်း၊ ဆောင်းပါးတွေ ဖတ်ချင်ရင်တော့ Facebook page >> www.facebook.com/MyanmarEndUser

နည်းပညာ အခက်အခဲတွေ ဆွေးနွေးဖို့ဆိုရင် Facebook group >> www.facebook.com/groups/myanmarenduser

နည်းပညာ သတင်း၊ ဆောင်းပါးတွေ ဖတ်ချင်ရင်တော့ Website >> www.myanmarenduser.com

Thiha Bo Bo
Myanmar End User ကို အကောင်းဆုံးဖြစ်အောင် တင်ဆက်ပေးသွားပါ့မယ်... ကျွန်တော်နဲ့အတူ Blogger life ကို စိတ်ဝင်စားသူများ Guest blogger များကိုလည်း Myanmar End User မှာ ဝင်ရောက်ရေးသားဖို့ ဖိတ်ခေါ်ပါတယ်...
http://www.myanmarenduser.com

Similar Articles

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.

Top