You are here
Home > Tech News > တစ်ကမ္ဘာလုံးဖြန့်ချိတော့မည့် BBC ၏ Micro:bit

တစ်ကမ္ဘာလုံးဖြန့်ချိတော့မည့် BBC ၏ Micro:bit

BBC ၏ mini ကွန်ပျူတာ Micro:bit ကိုယူကေတစ်လွှားရှိ ကလေးငယ် တစ်သန်းထံသို့ ဖြန့်ချိခဲ့သည်။ ယခုအခါတွင် ကမ္ဘာတစ်ဝန်းရှိ ကလေးများကို code ရေးနည်းကို ပိုမိုသင်ယူလာကြစေရန် Micro:bit ကွန်ပျူတာကို ကမ္ဘာတစ်ဝန်းသို့ ဖြန့်ချိသွားမည် ဖြစ်ကြောင်း သိရသည်။

အရွယ်အစား

အကြွေးဝယ်ကတ် အရွယ်ရှိ Micro:bit ကို Samsung, Microsoft နှင့် ARM စသည့် နည်းပညာ ကုမ္ပဏီများအပြင် BBC တို့ပါဝင်သော Micro:bit ပညာရေးဆိုင်ရာ ဖောင်ဒေးရှင်းကို ဖွဲ့စည်း၍ ဖန်တီးခဲ့ခြင်း ဖြစ်သည်။ Micro:bit ကို တစ်ကမ္ဘာလုံးသို့ တင်ပို့မည် ဖြစ်ကြောင်းကို BBC ကအတည်ပြု သွားခဲ့သည်။ Micro:bit ကွန်ပျူတာကို ဆက်လက်ထုတ် သွားမည်ဖြစ်ကြောင်း BBC Learning အကြီးအကဲ ဆိုင်နိရော့ခ်က ပြောကြားခဲ့သည်။

ရည်မှန်းချက်

Micro:bit ဖောင်ဒေးရှင်း အကြီးအကဲဖြစ်သူ ဇတ်ချ်ရှယ်ဘီက Micro:bit ကိုဥရောပသို့ တို့းချဲ့တင်ပို့သွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။ နော်ဝေနှင့် ဒတ်ချ်တွင်လည်း ဝယ်လိုအားများပြားစေရန် coding tool များ ဖန်တီးသွားမည် ဖြစ်သည်။ လာမည့်နှစ်တွင် ဖောင်ဒေးရှင်းက hardware ကိ ုအဆင့်မြှင့်တင်၍ မြောက်အမေရိကနှင့် တရုတ်နိုင်ငံသို့ တင်ပို့ရောင်းချရန် ရည်မှန်းထားကြောင်း သိရသည်။

Ref: Engadget

Todaybago မှ ကူးယူဖော်ပြသည်

Thiha Bo Bo
Myanmar End User ကို အကောင်းဆုံးဖြစ်အောင် တင်ဆက်ပေးသွားပါ့မယ်... ကျွန်တော်နဲ့အတူ Blogger life ကို စိတ်ဝင်စားသူများ Guest blogger များကိုလည်း Myanmar End User မှာ ဝင်ရောက်ရေးသားဖို့ ဖိတ်ခေါ်ပါတယ်...
http://www.myanmarenduser.com

Similar Articles

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.

Top