You are here
Home > Tech News > Apple Music ဈေးနှုန်းကျဆင်းခြင်း

Apple Music ဈေးနှုန်းကျဆင်းခြင်း

Digital Music News ကို သတင်းပေးတဲ့သူများအရ Apple အနေနဲ့ Apple Music ဈေးနှုန်းကျဆင်းနေကြောင်း သိသိသာသာ သတိထားမိလာပါတယ်။ သတင်းပေးသူတွေဟာ Apple အတွင်းလူများမဟုတ်ပေမယ့် Music service နဲ့ပတ်သတ်ပြီး အလုပ်လုပ်သူများ ဖြစ်ကြပါတယ်။ Apple Music ဟာ ဒေါ်လာ ၉.၉၉ မှ ဒေါ်လာ ၇.၉၉ အထိ ကျဆင်းနေပြီး မိသားစုအစီအစဉ်အရတော့ ဒေါ်လာ ၁၄.၉၉ မှ ဒေါ်လာ ၁၂.၉၉ သာ လျော့ကျနိုင်ပါတယ်။

ဈေးနှုန်းလျော့ချ

အခုဈေးအသစ်တွေဟာ Christmas မှာ စတင်မှာဖြစ်ပြီး Digital Music News ကတော့ အားလပ်ရက်လျှော့ဈေးဖြစ်တယ်လို့ ဆိုပါတယ်။ ပုံမှန်နဲ့ မိသားစုအစီအစဉ်များကတော့ လျော့ကျဖွယ်ရှိပြီး တစ်လကို ဒေါ်လာ ၄.၉၉ နှုန်းရှိတဲ့ ကျောင်းသားနှုန်းကတော့ ပုံမှန်ဈေးပဲ ဖြစ်ပါလိမ့်မယ်။

Amazon နဲ့ တူညီ

အဲဒီဈေးအသစ်ဟာ Apple Music ကို တစ်လကို ဒေါ်လာ ၇.၉၉ ရှိတဲ့ Amazon ရဲ့ new Music Unlimited service နဲ့ သွားပြီးတူသွားစေပါတယ်။ ဒါပေမယ့်လည်း Amazon Echo device သုံးစွဲသူတွေအတွက်ကတော့ Amazon ဟာ တစ်လကို ဒေါ်လာ ၃.၉၉ အထိ လျှော့ထားပါတယ်။

iTunes Version အသစ်

မေလမှာ Apple ဟာ နှစ်နှစ်အတွင်း iTunes Music downloads ကို အဆုံးသတ်ဖို့ ရည်ရွယ်ထားတယ်လို့ Digital Music News က ပြောကြားခဲ့ပါတယ်။ ဒါပေမယ့်လည်း Apple က မဟုတ်မမှန်ကြောင်း တုံ့ပြန်ခဲ့ပါတယ်။ တစ်လအကြာမှာ က Apple ဟာ music downloads တွေကို အနာဂတ်မှာ ရပ်တန့်နိုင်တယ်လို့ ပြောပြန်ပါတယ်။ ပိုမိုလွယ်ကူစေမယ့် iTunes ဗားရှင်းအသစ်ကို WWDC မှာ ပွဲထုတ်မယ်လို့လည်း ဆိုထားပါတယ်။

Aung Phyo Oo (Myanmar Mobile App)

Thiha Bo Bo
Myanmar End User ကို အကောင်းဆုံးဖြစ်အောင် တင်ဆက်ပေးသွားပါ့မယ်... ကျွန်တော်နဲ့အတူ Blogger life ကို စိတ်ဝင်စားသူများ Guest blogger များကိုလည်း Myanmar End User မှာ ဝင်ရောက်ရေးသားဖို့ ဖိတ်ခေါ်ပါတယ်...
http://www.myanmarenduser.com

Similar Articles

Leave a Reply

Top