You are here
Home > PC & Mobile > Android > မှတ်ပုံမတင်ရသေး၍ လိုင်းယာယီ ဖြတ်တောက်ခံရသော SIM Card များအတွက်

မှတ်ပုံမတင်ရသေး၍ လိုင်းယာယီ ဖြတ်တောက်ခံရသော SIM Card များအတွက်

မှတ်ပုံမတင်ရသေး၍ လိုင်းယာယီ ဖြတ်တောက်ခံရသော SIM Card များအတွက်
မှတ်ပုံမတင်ရသေး၍ လိုင်းယာယီ ဖြတ်တောက်ခံရသော SIM Card များအတွက်

Zawgyi Version



Unicode Version

ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနရဲ့ လမ်းညွှန်ချက်အရ ဧပြီ ၁ ရက်နေ့ကစပြီး မှတ်ပုံမတင်ရသေးတဲ့ ဆင်းမ်ကတ်များမှာ အဝင်ဖုန်းခေါ်ဆိုမှုသာရရှိမှာဖြစ်ပါတယ်။ သို့ဖြစ်ပါ၍ မိမိတို့၏ ဆင်းမ်ကတ်များကို ပုံမှန်ပြန်လည်အသုံးပြုနိုင်ရန်အတွက် ဆင်းမ်ကတ်မှတ်ပုံတင်ခြင်းကို အလျင်အမြန် ဆောင်ရွက်ဖို့အတွက် တိုက်တွန်းနှိုးဆော်ပါရစေ။

ယာယီလိုင်းပြတ်တောက်မှုများတွင် အဝင်ဖုန်းလက်ခံမှုကို ဖွင့်ပေးထားပါသဖြင့် အဝင်ဖုန်းများလက်ခံနိုင်ပါမည်။ မြန်မာနိုင်ငံမှာ အော်ပရေတာ ၄ ခုရှိသည့်အနက်မှ MEC ကတော့ အဝင်ဖုန်းလက်ခံမှုတစ်ခုတည်းကိုသာ ဖွင့်ပေးထားပြီး မှတ်ပုံတင်ရန် ၎င်းတို့ Website ကို ခေါ်ဆိုမှုကိုတောင် ပိတ်ထားပါတယ်။ အခြားသော အော်ပရေတာ ၃ ခုကတော့ ၎င်းတို့နှင့် သက်ဆိုင်သော ဆက်သွယ်မှုများကို ဖွင့်ပေးထားပါတယ်။ ါကြောင့် ၎င်းတို့ရဲ့ Website မှတ်ပုံတင်ရမည့် လိပ်စာများသို့ အလွယ်တကူသွားရောက်တင်နိုင်ပါတယ်။ သို့မဟုတ် သက်ဆိုင်ရာ အော်ပရေတာရဲ့ Mobile application တွေကနေ တဆင့်တင်နိုင်သလို ၎င်းတို့ရဲ့ လူမှုကွန်ယက်တွေကနေလည်း သတ်မှတ်ထားတဲ့အတိုင်း မှတ်ပုံတင်နိုင်ပါတယ်။ အောက်မှာတော့ ကျွန်တော်တင်ပေးပြီးသား မှတ်ပုံတင်နည်းတွေကို ပြန်လည်စုနည်း ဖော်ပြပေးလိုက်ပါတယ်။ ဒါ့အပြင် သက်ဆိုင်ရာ အော်ပရေတာတွေရဲ့ Mobile application တွေကိုလည်း Download ပြုလုပ်နိုင်အောင် စုဆည်းပေးလိုက်ပါတယ်။

Zawgyi Version





Unicode Version

MPT SIM Card မှတ်ပုံတင်ရန် နည်းလမ်းများ

MPT SIM Card မှတ်ပုံမတင်ရသေး၍ အဝင် Call ပဲ ရတော့တယ်ဆိုရန်

MPT SIM Card များကိုလည်း Messenger မှ မှတ်ပုံတင်နိုင်ပြီ

MPT SIM Card ကို အွန်လိုင်းကနေ Register လုပ်ပုံလုပ်နည်း

Zawgyi Version






Unicode Version

Telenor SIM Card မှတ်ပုံတင်ရန် နည်းလမ်းများ

Telenor SIM Card ကို Facebook ကနေ ဘယ်လိုမှတ်ပုံတင်မလဲ

Telenor SIM Card ကို Messenger မှ မှတ်ပုံတင်နိုင်ပြီ

Telenor SIM Card ကို အွန်လိုင်းမှ Register လုပ်ပုံလုပ်နည်း

တယ်လီနော်ရဲ့ My Telenor App ကို အောက်တွင် Telenor data ဖြင့် အသုံးပြုပါက Data ကုန်ကျမှုမရှိပဲ Download ရယူနိုင်ပါတယ်။

Zawgyi Version






Unicode Version

Ooredoo SIM Card မှတ်ပုံတင်ရန် နည်းလမ်းများ

Ooredoo မှ SIM Card များ Self Registration Link မှ အလွယ်တကူ မှတ်ပုံတင်နိုင်

Ooredoo SIM Card ကိုလည်း Messenger မှ မှတ်ပုံတင်နိုင်ပြီ

Ooredoo SIM Card ကို အွန်လိုင်းကနေ Register လုပ်ပုံလုပ်နည်း

Ooredoo ကို မှတ်ပုံတင်ရန် အတွက် မိတ်ဆွေရဲ့ကိုယ်စား အူရီဒူးမှ မှတ်ပုံတင်ခြင်းပြုလုပ်ပေးသောနည်းလမ်းတခုအနေနဲ့ [email protected] သို့ မိတ်ဆွေရဲ့ ဖုန်းနံပါတ်နှင့် နိုင်ငံတော် အသိအမှတ်ပြု သက်သေခံကတ်ပြား ရှေ့ / နောက်ပုံ တို့ကို ဖြည့်သွင်းပြီး အီးမေးလ်ပို့ပေးရုံဖြင့်ဆင်းကတ်အား မှတ်ပုံတင်ခြင်းပြုလုပ်နိုင်ပါပြီ။ ၄၈ နာရီအတွင်း မှတ်ပုံတင်ခြင်း အောင်မြင်ကြောင်း အကြောင်းကြားစာ ကိုလည်းပေးပို့သွားမှာဖြစ်ကြောင်း Ooredoo Myanmar ရဲ့ တရားဝင် Facebook စာမျက်နှာမှာ ဖော်ပြထားပါတယ်။

Zawgyi Version








Unicode Version

MECTel SIM Card မှတ်ပုံတင်ရန် နည်းလမ်းများ

MECTel SIM Card များကို Mi Showroom များတွင် မှတ်ပုံတင်နိုင်

MECTel SIM Card များ ဖြန့်ဖြူးရာ ဆိုင်များတွင် မှတ်ပုံတင်ပြုလုပ်နိုင်

MECTel SIM Card များကို အင်းဝဘဏ်များတွင် မှတ်ပုံတင်ပြုလုပ်နိုင်

MecTel Viber ဖုန်းနံပါတ်မှတစ်ဆင့် ဆင်းကတ်မှတ်ပုံတင်နိုင်ပြီ

MEC SIM Card ကို Online မှ မှတ်ပုံတင်နိုင်ပြီ

မှတ်ချက် – MEC SIM Card ကို အွန်လိုင်းမှ မှတ်ပုံတင်ရာတွင် မည်သည့် အင်တာနက်လိုင်းဖြင့်မဆို ပြုလုပ်နိုင်ပါတယ်။ အဓိကမှာ ၎င်း Website ကို ခေါ်ယူနိုင်ဖို့ပင် ဖြစ်ပါတယ်။

သက်ဆိုင်ရာ Mobile application များ Download ပြုလုပ်ရန်

For MPT >> MPT4U

Google Play Store | Mediafire | iTune Apple store

For Telenor >> MyTelenor App

Telenor Myanmar (iOS available)

For Ooredoo >> My Ooredoo App

Ooredoo Myanmar (iOS available)





Myanmar End User ရဲ့ ဆောင်းပါးများကို Facebook မှ ဖတ်ပါက MPT အသုံးပြုသူများ အခမဲ့ ဖြစ်ပြီး… အခြားအော်ပရေတာများကတော့ Data ကုန်ကျမှု မရှိသလောက်ပါပဲ… ဒါကြောင့် နည်းပညာဆောင်းပါးများဖတ်ဖို့ အကူအညီများ ရယူဖို့ Myanmar End User ရဲ့ Facebook page ကို Like လုပ်ထားလိုက်ပါ…

Facebook မှ နည်းပညာ သတင်း၊ ဆောင်းပါးတွေ ဖတ်ချင်ရင်တော့ Facebook page >> https://www.facebook.com/MyanmarEndUser

နည်းပညာ အခက်အခဲတွေ ဆွေးနွေးဖို့ဆိုရင် Facebook group >> https://www.facebook.com/groups/myanmarenduser

နည်းပညာ သတင်း၊ ဆောင်းပါးတွေ ဖတ်ချင်ရင်တော့ Website >> http://www.myanmarenduser.com

Thiha Bo Bo

Myanmar End User ကို အကောင်းဆုံးဖြစ်အောင် တင်ဆက်ပေးသွားပါ့မယ်… ကျွန်တော်နဲ့အတူ Blogger life ကို စိတ်ဝင်စားသူများ Guest blogger များကိုလည်း Myanmar End User မှာ ဝင်ရောက်ရေးသားဖို့ ဖိတ်ခေါ်ပါတယ်…
Facebook Profile: Fb/dev.thihabobo
Email: [email protected]


Similar Articles

Leave a Reply

Top
Skip to toolbar