Apple မှ AirPods အသစ်တွေကို ကြေညာထားတဲ့ရက်ထက် နောက်ကျမှထွက်မှာဖြစ်တဲ့အတွက် ဝယ်သူတွေအတွက် အဆင်သင့်မဖြစ်သေးခင်အချိန်နည်းနည်းလိုကြောင်း ပြောခဲ့ပါတယ်။ ကြိုးမဲ့ earphone တွေဘယ်ချိန်ထွက်လာမလဲဆိုတာနဲ့ ပတ်သတ်ပြီး အငြင်းပွားတဲ့ သတင်းတွေတောင်ထွက်လာခဲ့ပါသေးတယ်။
Barclays နောက်ဆုံးသတင်းအရ
Barclays ရင်းနှီးမြုပ်နှံမှုကုမ္ပဏီမှ နောက်ဆုံးသတင်းအရ AirPods တွေကို ဒီဇင်ဘာလမှာ ထုတ်လုပ်မှာဖြစ်တယ်လို့ သိရပါတယ်။ ဒါဆိုရင်တော့ အရင်သတင်းထွက်ထားတဲ့အတိုင်း အားလပ်ရက် ရှော့ပင်းရာသီအချိန်မီဖြစ်တဲ့ ၂၀၁၇ ဇန်နဝါရီလမှာဖြစ်ဖြစ် နည်းနည်းနောက်ကျမှဖြစ်ဖြစ်ထွက်မှာ ဖြစ်နိုင်ပါတယ်။
Barclays ကတော့ AirPods ထုတ်လုပ်မှုအရေအတွက်ကို နည်းနည်းလျှော့ပြီး ၁၀သန်းနဲ့ ၁၅သန်းကြားအရေအတွက်လောက်ပဲထုတ်မယ်လို့ ဆိုခဲ့ပါတယ်။ ကန့်သတ်အရေအတွက်ဖြစ်လို့ ဝယ်လိုအားပေါ်မူတည်ပြီး မြန်မြန်ကုန်သွားနိုင်တဲ့အတွက် သယ်ပို့တဲ့အချိန်နဲ့ ဆိုရင်တော့ iPhone အသစ်ထွက်မယ့်အချိန်လောက်သွားကြမှာပါပဲ။
ဝယ်ယူအားပေးသူတွေအနေနဲ့ AirPods တွေကို နိုဝင်ဘာ ၁၇ မှာရနိုင်မှာဖြစ်တယ်လို့ Apple reseller Conrad မှ ဝန်ထမ်းတစ်ဦးက ဒီတပတ်အစောပိုင်းလောက်မှာ ပြောခဲ့ပါတယ်။ ဒီဝန်ထမ်းရဲ့ သတင်းဟာလဲ မတိကျဘူးလို့ ယူဆရပါတယ်။ Apple ရဲ့စာရင်းထဲမှာတော့ AirPods တွေကို မကြာခင်ထွက်ရှိမှာဖြစ်ပြီး လက်ရှိမရနိုင်သေးကြောင်း ဝက်ဘ်ဆိုဒ်မှာဖော်ပြခဲ့ပါတယ်။