You are here
Home > Hardware > Buying Guides > Digital ကင်မရာ အမျိုးအစားများ အကြောင်း

Digital ကင်မရာ အမျိုးအစားများ အကြောင်း

လူတော်တော်များများက ကင်မရာ တလုံး မဝယ်ခင်မှာ မေးတတ်ကြတဲ့ မေးခွန်းက ဘယ်ကင်မရာက အကောင်းဆုံးလဲ တဲ့။ ဒီတော့ ဘယ်ကင်မရာ အကောင်းဆုံးလဲ၊ ဘယ်လို ကင်မရာ ဝယ်သင့်သလဲ ဆိုတာ မစဉ်းစားခင် ကင်မရာ အမျိုးအစားတွေ သိထားဖို့တော့ လိုအပ်တာပေါ့။ အခု ပြောမှာတော့ ဈေးကွက်ထဲမှာ ရှိနေတဲ့ Digital ကင်မရာတွေ အကြောင်း ဖြစ်ပါတယ်။

(၁) Digital SLR

Digital SLR Camera
Digital SLR Camera

သူ့ကိုတော့ Digital Single Lens Reflex ဒါမှမဟုတ် DSLR အဖြစ် လူသိများပါတယ်။ လက်ရှိ ဈေးကွက်ဝင်နေတဲ့ Digital ကင်မရာတွေထဲမှာ နည်းပညာ အကောင်းဆုံး ကင်မရာတွေ ပါ။ သိသာတဲ့ အချက်က ကင်မရာ အရွယ်အစားရော Lens အရွယ်အစားပါ ကြီးမားတယ်၊ Canon EOS Rebel T6iနဲ့ Nikon D3400 တွေက ဈေးကွက်မှာ နာမည်ကျော် DSLR တွေပါ။ Auto Modeနဲ့လည်း ရိုက်နိုင်မယ်၊ Full Manual Modeနဲ့လည်း ရမယ်၊ Aperture ဦးစားပေး ပုံစံ၊Shutter ဦးစားပေး ပုံစံတွေနဲ့လည်း ရိုက်ကူးနိုင်မှာပါ။

ထူးသဖြင့်ကတော့ Exposure Setting ကို နိုင်နင်းအောင် ချိန်ညှိနိုင်ဖို့ လိုအပ်တာပဲ ဖြစ်ပါတယ်။ နောက်ပြီး ရိုက်ကူးမယ့် ပတ်ဝန်းကျင် အပေါ် အခြေခံပြီး Lens ကို လိုအပ်သလို ပြောင်းလဲ အသုံးပြုတတ်ရမယ်၊ ယေဘုယျ အနေနဲ့ 28 mm ရှိတဲ့ Lens ကနေ 200mm ရှိတဲ့ Lens တွေထိအောင် တပ်ဆင် ရိုက်ကူးနိုင်တယ်၊ Zoom လည်း စိတ်ကြိုက် လုပ်နိုင်ဦးမှာ ပါ။ ပြီးတော့ DSLR တွေနဲ့ Compact ကင်မရာတွေအကြား အဓိက ကွဲပြားမှုက Image Sensor ပါ၊ DSLR တွေရဲ့ Image Sensor က ပိုပြီး ရုပ်ထွက် ကောင်းစေပါတယ်။

(၂) Compact Digital Camera

Compact Digital Camera
Compact Digital Camera

သူ့ကို Point and Shoot ကင်မရာလို့လည်း လူသိများပါတယ်။ နည်းပညာ၊ ဈေးနှုန်း၊ ဒီဇိုင်း အများအပြား ရွေးချယ်နိုင်စရာ ထွက်ရှိပါတယ်။ ထူးခြားချက်ကတော့ Digital စနစ်နဲ့ ဖြစ်ပေမယ့် အရွယ်အစား သေးငယ်တာပဲ ဖြစ်ပါတယ်။ အိတ်ဆောင်အရွယ်ပဲ ရှိတယ်၊ Zoom က 3X လောက်ပဲ ရမယ်၊ အနည်းဆုံး ကင်မရာက 12 MP ကနေ အထက် ထုတ်လုပ်သူ အပေါ် မူတည်ပြီး ကွဲပြားချက် ရှိမယ်၊ MP အနည်း၊ အများအပေါ် မူတည်ပြီး ပုံကောင်းတွေ ဆိုရင် ၁၆×၂၀ လက်မ ပုံတွေ ထိအောင် ထုတ်ပေးနိုင်မယ်၊ ဒီနေ့ခေတ်မှာတော့ Auto စနစ်နဲ့ လုံး၀ အသုံးပြု ရိုက်ကူးနိုင်နေပါပြီ။ Landscape, Portrait, Sports နဲ့ Fireworks လို Mode တွေလည်း ရွေးချယ် ရိုက်ကူးနိုင်လာပါတယ်။ Manual နဲ့လည်း ရိုက်နိုင်ပေမယ့် အခြေခံ အသုံးတွေလောက်ပဲ ရပါတယ်။

(၃) Bridge Compact Digital Camera / Super Zoom Camera

Bridge Compact Digital Camera
Bridge Compact Digital Camera

သူတို့ကို နည်းပညာမြင့် Compact တွေ အဖြစ်လည်း လူသိများပါတယ်။ Compact တွေနဲ့ ကွဲပြားချက်ကတော့ Exposure Setting အများအပြား ချိန်ညှိ လာနိုင်ခြင်းပဲ ဖြစ်ပါတယ်။ Semi-Auto ပုံစံနဲ့ ဖြစ်လာတယ်၊ Aperture ဦးစားပေးပုံစံ၊ Shutter ဦးစားပေး ပုံစံနဲ့ Program အတိုင်း လုပ်ဆောင်ရိုက်ကူးနိုင်လာခြင်းတွေ ဖြစ်ပါတယ်။ Manual နဲ့ ရိုက်မယ် ဆိုရင် Comapct တွေထက် ချိန်ညှိနိုင်မှု ပိုအားကောင်းလာပါတယ်။ Zoom အကောင်းဆုံး ဆွဲယူရိုက်ကူးနိုင်မှု ရှိလာ တယ်၊ Canon Powershot SX530 HS ဆိုရင် 50X ထိအာင် Zoom ရတာ တွေ့နိုင်ပါတယ်။

DSLRတွေလိုတော့ Lens ကို ပြောင်းလဲ တပ်ဆင် အသုံးပြုလို့ မရပါဘူး။ ကိုယ်ထည် ဒီဇိုင်းတွေကတော့ DSLR တွေနဲ့ ဆင်ပါတယ်။ Zoom ကောင်းကောင်းဆွဲချင်သူနဲ့ Exposure ချိန်ညှိနိုင်မှု များများ လိုချင်သူတွေ အတွက် Bridge ကင်မရာတွေက အကောင်းဆုံးပါ။

(၄) Compact System Camera / Mirrorless Interchangeable Lens Camera

Mirrorless Interchangeable Lens Camera
Mirrorless Interchangeable Lens Camera

DSLR တွေနဲ့ အရမ်း ဆင်တူပါတယ်၊ Manaul နဲ့ရော Auto နဲ့ရော semi-Auto နဲ့ပါ အသုံးပြု ရိုက်ကူးနိုင်ပါတယ်။ ဒီကင်မရာ စနစ်ကို ထုတ်လုပ်သူ အပေါ် မူတည်ပြီး တချို့က Compact System လို့ပဲ အမည်တပ်ကြ သလို တချို့က Mirrorless လို့ ခေါ်ပါတယ်။ ဒါပေမယ့် အတူတူပါပဲ။

DSLRတွေလို Lens ကို ပြောင်းလဲ အသုံးပြုနိုင်ပါတယ်။ DSLR တွေနဲ့ အဓိက ကွဲပြားချက်က အခု ကင်မရာတွေ က အရွယ်အစား သေးငယ်တာပဲ ဖြစ်ပါတယ်။ Compact ကင်မရာတွေလောက်ပဲ အရွယ်ရှိပါတယ်။ ဒါကလည်း DSLR တွေလို ပြသ မျက်နှာပြင်စနစ် ထည့်သွင်း ဖန်တီးခြင်း မရှိတာကြောင့် ပါ။ DSLR တွေမှာ သုံးတဲ့ Lens ထက် အရွယ်အစား သေးငယ်တဲ့ Lens တွေ သုံးရပါတယ်။ Image Sensor တော့ ကြီးပါတယ်၊ DSLR တွေနဲ့ ရုပ်ထွက်ချင်း ဆင်တူနီးပါး ကောင်းမွန်အောင် ထုတ်ပေးနိုင်ပါတယ်။

Ref: easybasicphotography.com

By သက်နိုင်ဦး 12 March 2017 ( ဧရာဝတီဘားမားမှ ကူးယူဖော်ပြသည်။)

Thiha Bo Bo
Myanmar End User ကို အကောင်းဆုံးဖြစ်အောင် တင်ဆက်ပေးသွားပါ့မယ်... ကျွန်တော်နဲ့အတူ Blogger life ကို စိတ်ဝင်စားသူများ Guest blogger များကိုလည်း Myanmar End User မှာ ဝင်ရောက်ရေးသားဖို့ ဖိတ်ခေါ်ပါတယ်...
http://www.myanmarenduser.com

Similar Articles

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.

Top