You are here
Home > Hardware > Buying Guides > အွန်လိုင်း ရှော့ပင်းများနဲ့ ပတ်သက်ပြီး သင်မသိသေးသော အချက် ၆ ချက်

အွန်လိုင်း ရှော့ပင်းများနဲ့ ပတ်သက်ပြီး သင်မသိသေးသော အချက် ၆ ချက်

မြန်မာနိုင်ငံမှာ အွန်လိုင်းကနေ ဈေးဝယ်လို့ရတယ်ဆိုတာ လူတိုင်း သိပြီးလောက်မယ်လို့ ထင်ပါတယ်။ ပြီးခဲ့တဲ့ နှစ်နှစ်ကျော်လောကက်စပြီး မြန်မာနိုင်ငံမှာ ကိုယ်ရဲ့ ဖုန်းကနေတစ်ဆင့် ဈေးဝယ် လို့ရတာ တကယ်ရှိရဲ့ လား ဆိုတဲ့ လူတိုင်းရဲ့ ပါးစပ်က အံသြမှု မယုံသင်္ကာမှုနဲ့ ထွက်လာမယ့် အာမေဋိတ် စကားဖြစ်ခဲ့ပါတယ်။ နှစ်နှစ် အတွင်းမှာ အွန်လိုင်းဈေးရောင်းဈေးဝယ်ဆိုတဲ့ စကားလုံးနဲ့ သူရဲ့ ဆောင်ရွက်ပုံကို မသိသူမရှိသလောက် ဖြစ် လာခဲ့ပေမဲ့ မြန်မာနိုင်ငံက အွန်လိုင်းရှော့ပင်များနဲ့ ပတ်သက်ပြီးတော့ မသိသေးတဲ့ အချက် ခြောက် ချက်ကို မျှဝေပေးလိုက်တယ်…

ဖုန်းရှိရုံနဲ့ ဈေးဝယ်နိုင်

အွန်လိုင်းကနေ ဈေးဝယ်ဖို့အတွက် ဘာတွေလိုအပ်သလဲ သိပါသလား။ သင့်ရဲ့ ဖုန်းတစ်လုံးပဲ လိုအပ်ပါတယ်။ သင့်မှာ အင်တာနက်သုံးလို့ရတဲ့ ဖုန်းတစ်လုံးရှိမယ်ဆိုရင် အွန်လိုင်းကဈေးရောင်းဈေးဝယ်မှု ပြီးမြောက်နိုင် ပါတယ်။ ဖုန်း အင်တာနက်ကို ဖွင့်လိုက်ပါ။ ပြီးရင် သင်ကြားဖူးတဲ့ အွန်လိုင်းဈေးရောင်းဈေးဝယ် ဝက်ဆိုဒ်တစ်ခု ဖြစ်ရဲ့အင်္ဂလိပ်စာလုံးပေါင်း သင့်ရဲ့ဖုန်းကမှာရှိတဲ့ browser မှာ ရိုက်ထည့်လိုက်ပါ။ ဒါဆိုရင် ဈေးဝယ်ယူမှု စတင် နေပြီလို ပြောလို့ရပါပြီ။ အွန်လိုင်းကနေ ဈေးရောင်းဈေးဝယ်ဖို့ အီးမေးလ်တစ်ခုလောက်တော့လိုအပ်မှာ ဖြစ်ပေ မဲ့ သင့်အနေနဲ့ အီးမေးလ်မရှိဘူးဆိုရင်တောင် kaymu မှာဆိုရင် ဝန်ဆောင်မှုအဖွဲ့တွေထားရှိကာ ဖုန်းရှိရုံနဲ့ ဈေးရောင်းဈေး ဝယ်နိုင်အောင် လုပ်ပေး မှာဖြစ်ပါတယ်။

ငွေပေးချေကတ်မလိုို

မြန်မာနိုင်ငံမှာ အွန်လိုင်းကနေ ဈေးဝယ်ဖို့အတွက် ငွေပေးချေးကတ်တို့ ဘဏ် account တို့ မလိုတာ အွန်လိုင်း ကနေဈေးဝယ်ဖူးသူတိုင်း သိပါတယ်။ အထူးသဖြင့် အွန်လိုင်းဈေးရောင်းဈေးဝယ်လုပ်ငန်းတစ်ခုဖြစ်တဲ့ မှာဆိုရင် Master Card ၊ Visa ကတ်နဲ့ အခြားသော ဘဏ်ကတ်လို အဆင့်မြင့် ငွေပေးချေ စနစ်တွေ မလိုအပ်တာတွေ့ ရပါတယ်။

အိမ်ရောက်မှငွေချေပါ

အပြင်မှာ ဈေးဝယ်တဲ့အခါမှာ ပစ္စည်းသင့်လက်ထဲမရောက်ခင်မှာ သင်ဟာ ငွေရှင်းပြီး ဖြစ်ရပါမယ်။ မြန်မာ နိုင်ငံမှာ အွန်လိုင်းဈေးရောင်းဈေးဝယ် လုပ်ငန်းတော်တော်များများက ပစ္စည်းရောက်မှ ငွေချေးစနစ်ကို ကျင့် သုံးလေ့ရှိပါတယ်။

ကျပ် ၃၀၀၀

အွန်လိုင်းကနေဈေးဝယ်မယ်ဆိုတဲ့ သူတွေအကြားမှာ အွန်လိုင်းကနေဈေးဝယ်တယ်ဆိုတာက ဈေးကြီးတဲ့ ပစ္စည်းတွေပဲ တင်ရောင်မယ်လို့ သိထားတာများကြပါတယ်။ တစ်ချို့လည်း အွန်လိုင်းကနေဝယ်တယ်ဆိုတာ ဈေးကြီးတယ်ဆိုပြီးတော့ ပြောဆိုနေကြတာတွေရှိပါတယ်။ အွန်လိုင်းမှာ ငွေကျပ် ၃၀၀၀ လောက်နဲ့ ဈေးဝယ်လို့ ရနိုင်ပါတယ်။ အွန်လိုင်းဈေးရောင်းဈေးဝယ်လုပ်ငန်းချင်းအလိုက် ဥပမာ Kaymu ၊ Yangononlinestore ၊ Myanmar Blog Shop ၊ shop.com.mm စတဲ့ အွန်လိုင်းဈေးတွေမှာ ရောင်းချတဲ့ပစ္စည်း အမျိုးအစားနဲ့ ဈေးနှုန်းအရေအတွက် ကွာခြားနိုင်ပေမဲ့ ကျပ် ၃၀၀၀ ထောင်လောက်ဆိုရင် ပစ္စည်းတစ်ခုခုတစ်ဝယ်ယူရရှိ နိုင်ပါတယ်။

အမြဲတမ်းဖောက်သည်

သင်အွန်လိုင်းမှာ ဈေးဝယ်ယူမှုတစ်ခုစတင်လိုက်ပြီဆိုတာနဲ့ သင်ဟာ အဲဒီ ဈေးရောင်းဈေးဝယ်ဝက်ဆိုဒ်ရဲ့ အမြဲတမ်း ဖောက်သည်တစ်ဦးဖြစ်သွားပါပြီ။ အွန်လိုင်းစီးပွားရေးလုပ်ငန်းတိုင်းဟာ ကိုယ်ရဲ့ ဝက်ဆိုဒ်ကို တစ်ကြိမ်တစ်ခါလာရောက်လည်ပတ်ပြီးတဲ့သူတိုင်းကို အမြဲမှတ်တမ်းထားရှိပြီး သင့်နဲ့ ကိုက်ညီမှုရှိတိုင်း ပစ္စည်းတိုင်းနဲ့ သူတို့ရဲ့ အရောင်းမြှင့်တင်ရေးနဲ့ ပတ်သက်တဲ့အခါတိုင်း သင့်ကို အကြောင်းကြားပေးနေမှာ ဖြစ်ပါတယ်။

လက်ကားဝယ်ယူခြင်း

အွန်လိုင်းကနေ ဝယ်ယူမှုရဲ့ ၉၉ ရာခိုင်နှုန်းလောက်က လက်လီဝယ်ယူကြတာဆိုတော့ အွန်လိုင်းက လက်ကားဝယ်ယူလို့မရဘူးလို့ထင်နေပါလိမ့်မယ်။ ဟုတ်ပါတယ် အွန်လိုင်းဈေးရောင်းဈေး ဝယ်လုပ်ငန်းများဟာ လက်လီဝယ်ယူမှုကို အထူးဦးစားပေးထားတဲ့အတွက်ပဲဖြစ်ပါတယ်။ အွန်လိုင်းက လက်ကား ဝယ်ဖို့ဆိုရင် လက်ကားဝယ်ယူရန်ကိုဆိုတဲ့ နေရာကတစ်ဆင့် ဝယ်ယူရမှာဖြစ်ပါတယ်။ တစ်ခါတစ်ရံမှာ ကိုယ်က ပစ္စည်းတစ်မျိုးထဲ အမြောက်အများလိုချင်တာမဟုတ်ဘူး ကိုယ်လိုချင်တဲ့ ပစ္စည်းတစ်ခုချင်းစီကို အွန်လိုင်းဈေး တစ်ခုမှာရှာပြီးတော့ အားလုံးပေါင်းပြီးမှ တစ်ခါထဲဝယ်ချင်တယ်မျိုးလည်းရှိပါတယ်။ ဒါမျိုးဈေးဝယ်ယူမှုကိုလည်း အွန်လိုင်းဈေးအများစုမှာ လုပ်နိုင်ပါတယ်။ ဒါကလည်း အများစုမ မသိသေးတဲ့ လုပ်ငန်းတစ်ခုဖြစ်ပါတယ်။ လက်လီဝယ်ယူတာဟာ ပေါ်ပြူလာဖြစ်ပေမဲ့ အစည်းလိုက်ဝယ်ယူခြင်းနဲ့ အမြောက်အများဝယ်ယူခြင်းဟာ ဈေးပိုမိုသက်သာစေမှာဖြစ်ပါတယ်။

Thiha Bo Bo
Myanmar End User ကို အကောင်းဆုံးဖြစ်အောင် တင်ဆက်ပေးသွားပါ့မယ်... ကျွန်တော်နဲ့အတူ Blogger life ကို စိတ်ဝင်စားသူများ Guest blogger များကိုလည်း Myanmar End User မှာ ဝင်ရောက်ရေးသားဖို့ ဖိတ်ခေါ်ပါတယ်...
http://www.myanmarenduser.com

Similar Articles

Leave a Reply

Top