You are here
Home > PC & Mobile > Mac > Apple’s MacBook event ရဲ့ ကြေညာချက်ကြီး ခြောက်ချက်

Apple’s MacBook event ရဲ့ ကြေညာချက်ကြီး ခြောက်ချက်

Touch Bar လို့ခေါ်တဲ့ feature အသစ်ပါဝင်ပြီး Macbook Air ထက်ပိုမိုပါးလွှာသော New MacBook Pros တွေ ထွက်ရှိလာပါပြီ။ function keys တွေနေရာမှာ အစားထိုးထားတဲ့ Touch Bar ဟာ အသုံးပြုနေတဲ့ ဆော့ဝဲလ်နဲ့ လိုက်ပြီး ပြောင်းလဲနေမှာဖြစ်ပါတယ်။ သတင်းတွေအများကြီး ယူဆောင်လာတဲ့ပွဲမဟုတ်ပေမယ့်လည်း laptop အသစ်တွေကတော့ စိတ်လှုပ်ရှားစရာပါပဲ။

The MacBook Pro has an all-new update

null
ဒီတပတ်ဟာဆိုရင် Apple ရဲ့ ပထမဆုံး laptop ဖြစ်တဲ့ original PowerBook ရဲ့ ၂၅နှစ်ပြည့်အထိမ်းအမှတ် ဖြစ်ပါတယ်။ MacBook Pro အတွက် update တွေပြုလုပ်မယ့်အချိန်လည်း ဖြစ်နေပါတယ်။ အရင်ထွက်ခဲ့တဲ့သတင်းတွေအတိုင်းပဲ new MacBook Pro မှာ Touch Bar လို့ခေါ်တဲ့ function keys အစားထိုး OLED touch ပါဝင်လာခဲ့ပါတယ်။

အရင် Retina MacBook Pro ထက် ပိုမိုသေးသွယ်ပြီး(Apple ကတော့ ၁၄-၁၇ ရာခိုင်နှုန်း ပိုပါးပြီး ပေါင်ဝက်လောက် ပေါ့သွားတယ်လို့ ဆိုပါတယ်) ၁၃လက်မနဲ့ ၁၅လက်မဆိုပြီး နှစ်မျိုးရနိုင်ပါတယ်။ silver နဲ့ space gray ဆိုပြီး အရောင်နှစ်မျိုး လာပါတယ်။ new MacBook Pro ဟာ Force Touch trackpad နဲ့ ၁၂လက်မ MacBook မှာပါဝင်တဲ့ ပြားကပ်ကပ်ကီးဘုတ်ဒီဇိုင်း butterfly switch တွေကိုလည်း သယ်ဆောင်လာပါတယ်။

၁၅လက်မမော်ဒယ်လ်မှာတော့ quad-core Core i7 processor ၊ AMD Radeon Pro graphics with up to 4GB of video memory၊ နဲ့ up to 16 GB of RAM တို့ထည့်သွင်းပေးထားပြီးတော့ ၁၃လက်မမော်ဒယ်လ်မှာတော့ Core i5 or i7 processors နဲ့Intel Iris GPU ပါဝင်မှာ ဖြစ်ပါတယ်။ USC-C Thunderbolt 3 ports လေးခုပါဝင်ပြီး အားသွင်းဖို့အတွက်လည်း သုံးနိုင်ပါတယ်။ 3.5mm headphone jack ပါဝင်ပြီး SD card slot တွေကတော့ အရင်မျိုးဆက်တွေအတိုင်းပဲ မပါရှိပါဘူး။

Touch Bar replaces the function keys with an interactive touchscreen

null
Touch Bar ကတော့ ဒီနေ့ရဲ့ လက်ခုပ်သံတွေကို အပိုင်စီးထားပါတယ်။ function keys တွေကို retina display bar နဲ့ အစားထိုးလိုက်ပြီး touch နဲ့ gestures တွေကို တုံ့ပြန်ပေးမှာ ဖြစ်ပါတယ်။ ဆော့ဝဲလ်နဲ့လိုက်ပြီးပြောင်းလဲမှာ ဖြစ်တဲ့အတွက် သုံးစွဲသူဟာ web browser အသုံးပြုနေတယ်ဆိုရင် bookmarks တွေ၊ tag အသစ်ဖွင့်တာတွေ၊ ရွှေ့တာတွေ၊ တခြားဝက်ဘ်ဆိုက်ကို ပြောင်းကြည့်တာတွေ စတာတွေကို Touch bar မှာ ပေါ်နေမှာ ဖြစ်ပါတယ်။ ပုံထဲမှာ ပြထားပါတယ်။ သုံးစွဲသူဟာ ပုံတွေကိုရွေးချယ်ဖို့၊ filter ပြောင်းဖို့နဲ့ ဆိုဒ်ချိန်ဖို့အတွက် Touch Bar ကို အသာအယာတို့ထိလိုက်ရုံနဲ့ စိတ်ကြိုက် ပြုပြင်နိုင်ပါတယ်။ ကီးဘုတ်က fn key ကို ဖိထားပြီးသုံးနိုင်တဲ့ system controls အပါအဝင် Touch Bar မှာ ဘယ်လိုအရာတွေပေါ်စေချင်သလဲဆိုတာကို သုံးစွဲသူအနေနဲ့ ထိန်းချုပ်နိုင်ပါတယ်။ touchscreen သုံုးစရာမလိုဘူးဆိုတာကို တခြားနည်းနဲ့ ပြသလိုက်တာလဲ ဖြစ်ပါတယ်။

Touch ID comes to the MacBook Pro

null
Touch ID ဟာ ပါဝါခလုတ်ရဲ့ ညာဘက်မှာရှိပြီး Touch Bar နဲ့ ကပ်ရက်မှာ ရှိပါတယ်။ iPhone 6S / 7 ရဲ့ second-gen Touch ID sensor ကို အသုံးပြုထားပြီး sapphire နဲ့ ဖုံးအုပ်ထားပါတယ်။ Apple ရဲ့ အွန်လိုင်းငွေပေးချေမှုဆိုင်ရာ လုံခြုံမှုရှိစေဖို့အတွက် လုံခြုံစိတ်ချရတဲ့ new T1 chip လည်း ပါဝင်လို့ စိတ်ချရပါတယ်။ ခလုတ်နှိပ်လိုက်တာနဲ့ သုံးစွဲသူအကောင့်တွေကို ပြောင်းလဲပေးနိုင်တဲ့အောင် Touch ID ကိုထုတ်လုပ်ထားတဲ့အတွက် အများသုံးစက်အဖြစ်လည်း အသုံးပြုနိုင်ပါတယ်။

Professional applications get updates

null
MacBook Pros အတွက် professional applications များစွာရဲ့ update တွေကိုလည်း ပြသခဲ့ပါတယ်။ new Final Cut Pro ဟာ Touch Bar ကို ထောက်ပံ့ပေးထားပြီး ဗွီဒီယိုကို မျက်နှာပြင်အပြည့်ဖွင့်ထားချိန်မှာ အသံ slider တွေကဲ့သို့ ထိန်းချုပ်မှုဆိုင်ရာခလုတ်တွေကို Touch Bar မှာ မြင်နေရမှာပါ။ Apple ဟာ Touch Bar ကို Adobe Photoshop နဲ့ DJ Pro တို့မှာ တွဲပြီး သုံးပြခဲ့ပါတယ်။ Microsoft Office ၊ Pixelmator ၊ Sketch ၊ နဲ့ DaVinci Resolve တွေမှာလည်း အသုံးပြုနိုင်တယ်လို့ ကြေညာခဲ့ပါတယ်။

LG UltraFine 5K Display

null
new Macbook Pro အတွက် LG မှ 5K display ကို တည်ဆောက်ပေးခဲ့ပါတယ်။ အားသွင်းနေချိန်မှာ တစ်ချိန်တည်း ပြသနိုင်တဲ့အတွက် Apple ရဲ့ အမှုဆောင်ဖြစ်သူ Phil Schiller ကတော့ “ultimate docking station” လို့ အမည်ပေးထားပါတယ်။ display အကြောင်းတော့ ကောင်းကောင်းမသိသေးပါဘူး။ ဒါပေမဲ့ Macbook Pro နှစ်လုံးထဲက တစ်လုံးကတော့ အဲဒါကို ရရှိနိုင်ပါတယ်။

Apple Sidelines the MacBook Air

null
Apple ဟာ MacBook Air line ကို update မလုပ်နိုင်သေးကြောင်း ယနေ့ကြေညာခဲ့ပါတယ်။ Touch Bar မပါဝင်ဘဲ USB-C Thunderbolt 3 ports နှစ်ခုသာပါဝင်မဲ့ ၁၃လက်မ MacBook Pro ကို ဒေါ်လာ ၁၄၉၉ နဲ့ရရှိအောင် ပြုလုပ်နေလို့ပါ လို့လည်း ပြောကြားထားပါတယ်။ ဒါပေမဲ့ MacBook Air ထက် ပိုမိုပါးလွှာပြီး ပေါ့ပါးတဲ့ ၁၃လက်မ Pro အကြောင်းကြားလိုက်ရတဲ့အတွက် MacBook Air fans တွေအတွက်ကတော့ စိတ်သက်သာရာရသွားပါပြီ။ MacBook Air အဟောင်းကတော့ ဘဏ္ဍာရေးအခြေအနေကြောင့် ခတ္တ ဆိုင်းငံထားခြင်းခံထားရဦးမှာပါ။

Apple TV gets a unified “TV” app

null
Apple ဟာ သင့်ရဲ့ ဧည့်ခန်းမှာနေရာယူမဲ့ မီဒီယာနဲ့ဂိမ်းဆော့စရာတစ်ခုအဖြစ် မိတ်ဆက်ရတာကို ရှက်စရာကောင်းတယ်လို့ ဘယ်တုန်းကမှ မထင်ခဲ့ပါဘူး။ newest Apple TV ဟာလည်း Minecraft အပါအဝင် တခြားဂိမ်းပေါင်း ၂၀၀၀ ကျော်အသုံးပြုနိုင်တဲ့ TV ဖြစ်ပါတယ်။

ဒီထက်အရေးပါတာက Apple TV အတွက် “TV” app အသစ်ကို ကြေညာလိုက်တာပါပဲ။ TV app ဟာ single sign on method ကိုအသုံးပြုထားတဲ့အတွက် သင်သွင်းထားသမျှ app မှာ အလိုအလျှောက် sign in လုပ်ပေးသွားမှာပါ။ iPhone နဲ့ iPad မှာလည်း TV app ရနိုင်ပြီဖြစ်လို့ တစ်ပြိုင်နက်တည်း အသုံးနိုင်မှာ ဖြစ်ပါတယ်။ TV app ကို ဒီနှစ်မှာ free update ပေးသွားမယ်လို့လည်း သိရပါတယ်။

Apple ဟာ ကြည့်ရှုသူတွေကို ကူညီဖို့ Siri voice navigation လည်း ထည့်ထားပါသေးတယ်။ Siri ကို တခြားလိုင်းပြောင်းခိုင်းတာမျိုး၊ ကြည့်ချင်တဲ့အားကစားလိုင်းဖွင့်ခိုင်းတာမျိုးတွေလည်း ပြုလုပ်နိုင်မှာပါ။ တကယ်လို့ Chicago Bears game ကိုကြည့်ချင်တယ်လို့ ပြောလိုက်မယ်ဆိုရင် Siri ဟာ ဘယ် app မှာ ပြနေတယ်ဆိုတာကို သိရှိပြီး အဲဒီ app ကို ဖွင့်ပေးမှာ ဖြစ်ပါတယ်။ Siri ဟာ အားကစားပွဲချိန်တွေနဲ့ ရမှတ်တွေကို စာရင်းပြုစုပေးနိုင်ပါသေးတယ်။ TV app က သင်ကြည့်ချင်တာကို အမီကြည့်လိုက်ရဖို့အတွက် app တွေကို အပြေးအလွှားပြောင်းကြည့်နေတာမျိုးမဖြစ်ရအောင် Apple က သေချာထုတ်လုပ်ပေးထားတဲ့ app ကောင်း တစ်ခုဖြစ်ပါတယ်။

What’s next?

သေနိုင်လောက်တဲ့ feature တွေနဲ့ product အသစ်တွေ၊ function keys မပါဝင်တော့မှု၊ MagSafe ၊ SD card slot ။ new Touch Bar ကိုကြည့်ပြီးတဲ့နောက်မှာတော့ ကျွန်တော်တို့တွေဟာ သူတို့ကို မေ့သွားမှာပါ။

First look at the new MacBook Pro

Aung Phyo Oo (Myanmar Mobile App)

Thiha Bo Bo
Myanmar End User ကို အကောင်းဆုံးဖြစ်အောင် တင်ဆက်ပေးသွားပါ့မယ်... ကျွန်တော်နဲ့အတူ Blogger life ကို စိတ်ဝင်စားသူများ Guest blogger များကိုလည်း Myanmar End User မှာ ဝင်ရောက်ရေးသားဖို့ ဖိတ်ခေါ်ပါတယ်...
http://www.myanmarenduser.com

Similar Articles

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.

Top