You are here
Home > 2017 > January

Android ကနေ Wifi ကို လွယ်လွယ် Hack မယ်

ကဲ အားလုံးပဲ စောင့်မျှော်နေကြတဲ့ ပို့စ်တစ်ခုလို့ မျှော်လင့်ပါတယ်။ ပထမဆုံး Tool ကို မိတ်ဆက်မပေးခင် သိသင့် မှတ်သင့်တာလေးတွေကို အရင် သိအောင် ဖတ်ပေးပါ။ အွန်လိုင်းပေါ်မှာ Tool တွေကို ဘယ်သူမှ အလကားပေးလေ့မရှိပါဘူး။ အပင်ပန်းခံပြီး လုပ်ထားတဲ့အလုပ်တစ်ခုကို ဘယ်သူမှ အလကား ရက်ရက်ရောရော ပေးလေ့မရှိပါဘူး။ အရမ်းတန်ဖိုးရှိတဲ့ Tool ဆိုရင် ရောင်းစားကြပါတယ်။ Developer တော်တော်များများ ပြုလုပ်နိုင်တာဆိုရင် အခမဲ့ ပုံစံနဲ့ ကြော်ငြာထည့်ထားပါတယ်။ ကြော်ငြာက ငွေရှာတာပေါ့။ ဒါမှမဟုတ် ကျွန်တော်တို့ရဲ့ Information ကို ရယူဖို့ ဆောင်ရွက်ထားမယ်။ ပြီးရင် အဲဒီ Information တွေကို ပြန်ရောင်းစားမှာပေါ့။ ဒါက ကျွန်တော်တို့ Tool တစ်ခု သုံးမယ်ဆိုရင်

Android ဖုန်းတွေအတွက် လုံခြုံစိတ်ချရမှု မရှိတဲ့ VPN App ၁ဝ မျိုး


Virtual Private Network ( VPN) ဆိုတာ မိမိရဲ့လက်ရှိအသုံးပြုနေတဲ့ အိုင်ပီလိပ်စာတွေကို ဖျောက်ပြီး နေရာလွှဲ ကိုယ်ယောင်ဖျောက်နိုင်တယ်လို့ အတော်များများ သိထားကြပေမယ့် ဒါတွေက လက်ရှိမှာ အမှန်တစ်ကယ် လုံခြုံရဲ့လားဆိုတာပါ။ မိုဘိုင်းလ်အသုံးပြုသူအတော်များများကတော့ VPN app တွေနဲ့ မစိမ်းပါဘူး။ အများအားဖြင့် Google Play Store က မြန်မာနိုင်ငံကို ဒေါင်းလုပ်ဆွဲခွင့်မပေးထားတဲ့ App တွေကို VPN သုံးပြီး ဒေါင်းလုပ်ဆွဲအသုံးပြုနေကြတာပါ။ အမှန်တော့ VPN ရဲ့စွမ်းဆောင်ချက်နဲ့ ရည်ရွယ်ချက်က ဒီထက်ပိုမြင့်ပါတယ်။ ဒီမှာကတော့ ဂိမ်းတွေကို နိုင်ငံအိုင်ပီလိပ်စာဖျောက်ပြီး သုံးဖို့လောက်ဘဲ အသုံးပြုလေ့ရှိပါတယ်။ Data61, UC Berkeley, UNSW Sydney, နဲ့ မလေးရှား

အခုပဲ ကြည့်သင့်တဲ့ Hacking Movies ၁၁ ခု

အခုပဲ ၾကည့္သင့္တဲ့ Hacking Movies ၁၁ ခု

ဒီနှစ်ပိုင်းအတွင်းမှာပဲ ဟောလီးဝုဒ်မှာ ဟက်ကာတွေ အကြောင်း ရိုက်ပြထားတဲ့ ရုပ်ရှင်တွေ ထွက်ပေါ်ခဲ့ပါတယ်။ နည်းပညာ ဝါသနာပါသူများအတွက်တော့ ဟက်ကာတွေရဲ့ အံ့မခန်းနည်းလမ်းတွေကို လေ့လာရမှာပါ။ အောက်မှာတော့ အကောင်းဆုံး Hacking Movies ၁၁ ခုကို ဖော်ပြလိုက်ပါတယ်။ ၁။ Algorithm (2014) Algorithm ဇာတ်ကားကတော့ ထိပ်တန်းလျှို့ဝှက်ထားတဲ့ အစိုးရ ကန်ထရိုက်တစ်ယောက်ရဲ့ စီမံကိန်းနဲ့ ပတ်သက်တဲ့ ဒေတာများကို ခိုးယူသွားတဲ့ Freelance Computer Hacker တစ်ယောက်ဖြစ်တဲ့ Will ရဲ့ ဘဝဇာတ်ကြောင်းကို ရိုက်ကူးထားတာ ဖြစ်ပါတယ်။ ၂။ WarGames (1983) ဒီဇာတ်ကားကတော့ အစိုးရရဲ့ စူပါ ကွန်ပြူတာကို မတော်တဆ ဟက်ခဲ့မိပြီး တတိယကမ္ဘာစစ်ကို မီးမွှေးခဲ့တဲ့ အထက်တန်းကျောင်းသား လူငယ်ဟက်ကာတစ်ယောက်အကြောင်းကို ဖော်ညွှန်းထားပါတယ်။ ၃။

သင့်ရဲ့ Android Phone ကို Smart TV နဲ့ ချိတ်ဆက်နည်းများ


သင့်ရဲ့ Android Device မှ ဓါတ်ပုံ၊ ဗီဒီယိုများကို TV မှာ ကြည့်ချင်ရင် ချိတ်ဆက်နည်းများစွာ ရှိပါတယ်။ သင့်ရဲ့ဖုန်းကို စမတ်တီဗီများနဲ့သာ ဝိုင်ဖိုင်ဆက်သွယ်မှုကနေ ကြိုးမဲ့ ချိတ်ဆက်နိုင်တာ မဟုတ်ဘဲ သာမာန်တီဗီများနဲ့လည်း ကြိုးမဲ့ သို့မဟုတ် ကြိုးဖြင့် ချိတ်ဆက်နည်းများ ရှိပါတယ်။ WiFi သင့် တီဗီဟာ စမတ်တီဗီဆိုရင် ဖုန်းနဲ့ တီဗီကို ချိတ်ဆက်ရတာ လွယ်ကူပါတယ်။ ဖုန်းနဲ့ တီဗီကို တူညီတဲ့ ဝိုင်ဖိုင်ကွန်ရက်နဲ့ ချိတ်ဆက်လိုက်တာနဲ့ သင့်ဖုန်းမှ ဓါတ်ပုံ၊ ဗီဒီယိုများကို တီဗီမှာ ကြည့်နိုင်ပါပြီ။ အချို့ တီဗီထုတ်လုပ်သူများက သူတို့ရဲ့ တီဗီများမှာ Screen Mirroring ဆိုတဲ့ စွမ်းဆောင်ချက်ကိုထည့်ပေးထားပါတယ်။ ဒီစွမ်းဆောင်ချက်ကို သုံးရင် သင့်ဖုန်း

5BB Broadband မှ ဝန်ဆောင်မှုပေးထားသည့် Free Wifi နေရာများ


5BB Broadband မှာ Free Wifi များကို ဝန်ဆောင်မှုပေးလျက်ရှိရာ ယခုဆိုရင် နေရာပေါင်း ၂၁ နေရာ မှာ Wifi များကို အခမဲ့ အသုံးပြုနိုင်ပြီ ဖြစ်ပါတယ်။ 5BB ၏ Wifi Zone (၂၁) ခုတွင် Password မရှိပါ။ အောက်ပါအဆင့်များအတိုင်း အခမဲ့အသုံးပြုနိုင်ပါသည်။ ၁။ လူကြီးမင်း၏ Device တွင် Wifi ဖွင့်ပါ။ ၂။ 5BB_Free_Wifi_xxx ကိုရွေးချယ်ပါ။ ၃။ Browser ကိုဖွင့်ပါ။ ပုံပါအတိုင်းပေါ်လာပါမည်။ ၄။ "Accept" Button ကိုနှိပ်၍ စတင်အသုံးပြုနိုင်ပါသည်။ 5BB ၏ Wifi Zone (၂၁) ကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။ (1) ရွှေတိဂုံစေတီတော်မြတ် (2) ဆေးတက္ကသိုလ် (၁) (3) နိုင်ငံခြားဘာသာတက္ကသိုလ်

စတုထ္ထမြောက် Telecom အသစ်ရဲ့ CERO ဖြစ်သူ ဦးဇော်မင်း နှင့် တွေ့ဆုံမေးမြန်းခြင်း


ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနအနေဖြင့် ပြည်ပအော်ပရေတာနှစ်ခုဖြစ်သည့် Telenor Myanmar Limited နှင့် Ooredoo Myanmar Limited တို့အား ၅.၂.၂၀၁၄. ရက်နေ့တွင်လည်း ကောင်း၊ ပြည်တွင်းအော်ပရေတာအဖြစ် ယခင်နိုင်ငံတော်ပိုင်မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းအား စီးပွားရေးဆန်ဆန် ဆောင်ရွက်နိုင်ရေး ဂျပန်နိုင်ငံမှ KDDI နှင့်ပူးပေါင်း၍ Joint Operation လုပ်ငန်း အဖြစ် ပူးပေါင်းစေ၍ ၂၄.၃.၂၀၁၅. ရက်နေ့တွင်လည်းကောင်း Nationwide Telecommunication လိုင်စင်များထုတ်ပေး၍ ဆက်သွယ်ရေးကဏ္ဍတွင် ပါဝင်ယှဉ်ပြိုင်ဆောင်ရွက်ခဲ့ပြီးဖြစ်သည်။ ယခုအခါ စတုတ္ထမြောက်ပြည်တွင်းဆက်သွယ်ရေးအော်ပရေတာအဖြစ် Myanmar Telecom Holding Public Limited မှ၂၃ ရာခိုင်နှုန်း၊ Star High Co.,Ltd မှ ၂၈ ရာခိုင်နှုန်းတို့ ပူးပေါင်း၍ ပြည်တွင်းအစု ရှယ်ယာ ၅၁

Android ဖုန်းတိုင်းမှာ မရှိမဖြစ် ထည့်ထားသင့်တဲ့ Automatic Call Recoder

ဖုန်းကနေ ဖုန်းနံပါတ်၊ လိပ်စာ စသည်တို့ လှမ်းပြောတဲ့အခါ မှတ်ဖို့အတွက် စာအုပ်၊ ဘောပင် စသည်တို့ ရှာရတဲ့ ဒုက္ခကနေ ကင်းဝေးစေဖို့ Smartphone တိုင်းမှာ Automatic call recorder တစ်မျိုးမျိုးကို သွင်းထားဖို့လိုပါတယ်။ Automatic call recorder ကို သွင်းပြီး Run ထားခြင်းဖြင့် ဖုန်း ခေါ်ဆိုတိုင်းမှာ အလိုအလျောက် အသံ ဖမ်းထားမှာ ဖြစ်ပါတယ်။ တော်တော်များများ Automatic call recorder တိုင်းဟာ ဖုန်းခေါ်ပြီးပါက Save လုပ်ထားလို့လည်း ရပါသေးတယ်။ အခု ကျွန်တော် အသုံးပြုနေတဲ့ Automatic call recorder ဆော့ဝဲလ်ကတော့ Automatic call recorder

Facebook မှာ Video တင်ပြီး ဝင်ငွေရှာနိုင်တော့မည်


Facebook က ရသမျှဝင်ငွေတွေကို အရင်က တစ်ဦးတည်းမူပိုင်သိမ်းနေပေမယ့် မကြာခင်မှာ Facebook က အသုံးပြုသူတွေကို ဝင်ငွေတွေ ပြန်လည်မျှဝေပေးတော့မှာ ဖြစ်ပါတယ်။ ဒီစနစ်ကို YouTube က အစောကတည်းက လုပ်ဆောင်ပေးနေခဲ့တာဖြစ်ပါတယ်။ ခုတော့ Facebook ကလည်း စတင်အကောင်အထည်ဖော်လို့ ဆုံးဖြတ်လိုက်ပါပြီ။ Facebook မှာ Video တင်ဆက်နေတဲ့ Facebook Cele တွေနှင့် Publisher တွေတော့ ဝင်ငွေကောင်းတော့မှာ ဖြစ်ပါတယ်။ Facebook က Video မှ ရတဲ့ ကြော်ငြာခ အကျိုးအမြတ် ၄၅ ရာခိုင်နှုန်းကိုသာ ရယူမှာဖြစ်ပြီး ၅၅ ရာခိုင်နှုန်းကိုတော့ Video တင်သူမှ ရရှိမှာ ဖြစ်ပါတယ်။ YouTube မှာကဲ့သို့ Copyright ကို ထိန်းချုပ်မှုရှိမရှိကိုတော့

အသစ်ပြေးဆွဲမည့် ၁ မှ ၆၀ အထိ ယာဉ်လိုင်းနှင့် လမ်းကြောင်းများ


ရန်ကုန်မြို့တော်အတွင်းမှာ အသစ်ပြန်လည်ပြေးဆွဲမယ့် ယာဉ်လိုင်း အမှတ် ၁ မှ ၆၀ အထိအသေးစိတ်လမ်းကြောင်းများကို ဖော်ပြပေးလိုက်ပါတယ်။ ယာဉ်လိုင်းနံပါတ် ၁ လှည်းကူးဈေးရှေ့၊ တာဆုံ၊ ဒရယ်ဖို - ပေါက်ကုန်း - ရဲမွန် - စီအိုဘီ - ဇရပ်ကွင်း(တာဆုံ) - အင်းတိုင် - တရုတ်ကုန်း - သနပ်ပင် - သင်္ဃန်းကျွန်း - ရွာသာကြီး (စီပွားရေးတက္ကသိုလ်) - တောင်မြောက်လမ်းဆုံ - စံပြဈေး - ဇဝန - သုမင်္ဂလာ - ရတနာလမ်း - မြင်သာ(ကညန) - စံပြဈေး ယာဉ်လိုင်းနံပါတ် ၂ ယုဇနယျာဉ်မြိုတော်မုဒ်ဦး - ပဲခူးမြစ်လမ်း - ဧရာဝဏ်လမ်း

MPT, Telenor, Ooredoo, MEC တို့ရဲ့ မှတ်ထားသင့်တဲ့ အသုံးဝင် USSD ကုတ်များ


လောလောဆယ်မှာ မြန်မာနိုင်ငံမှာ ဖုန်းအော်ပရေတာကြီး ၃ ခုရှိပါတယ်။ သူတို့ရဲ့ မှတ်ထားသင့်တဲ့ အသုံးဝင် USSD ကုတ်အချို့ကို စုစည်းပေးလိုက်ပါတယ်။ ကွင်းစကွင်းပိတ်နဲ့ ရေးထားတဲ့ (Call) နဲ့ (Send) တွေက နှိပ်ရမှာတွေ ဖြစ်ပါတယ်။ ၁။ ဖုန်းငွေချေးသုံးနည်း ၂။ ဖုန်းဘေလ်လွှဲနည်း ၃။ ဖုန်းနံပါတ်ပြန်ကြည့်နည်း ၄။ ဖုန်းပြန်ခေါ်စေနည်း (Call me back) ဖုန်းငွေချေးသုံးနည်း MPT : *800# (Call) Telenor : *500# (Call) Ooredoo : *125# (Call) - ၈၀၀ ကျပ် ချေးသုံးရန် Ooredoo : *127# (Call) - ၁၆၀၀ ကျပ် ချေးသုံးရန် ဖုန်းဘေလ်လွှဲနည်း MPT : *223*လွှဲမည့်ငွေပမာဏ* ငွေလက်ခံမည့်ဖုန်းနံပါတ်# (Call) Telenor :

Top