You are here
Home > PC & Mobile > Internet > အင်္ဂလိပ်စာ လေ့လာလိုသူတွေအတွက် Website ၁၀ ခု



Zawgyi Version




2. (www.englishclub.com)


3. (www.freeenglish.com)


4. (www.rong-chang.com)






7. (www.roseofyork.co.uk)




9. (www.worldenglish.com)





Unicode Version

Sayar Antony စုစည်းပေးထားတဲ့ အင်္ဂလိပ်စာ လေ့လာလိုသူတွေအတွက် Website ၁၀ ခု ကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။

1. (www.nonstopenglish.com)

ဒီ website ကတော့ အင်္ဂလိပ်စာသင်ကြားရေး နဲ့ ပတ်သက်ပြီး ကမ္ဘာ့အကောင်းဆုံး နံပါတ်(၁) website ဖြစ်ပါတယ်။ ဒီ website မှာ အသုံးပြုသူ User တွေ အနေနဲ့။ ကိုယ့်ရဲ့ English Grammer and Vocabulary Skill တွေကို Interactive Tests တွေနဲ့ စစ်ဆေးကြည့်လို့ ရပါတယ်။ ဒါ့အပြင် Register လုပ်ပြီး User log-in နဲ့ ဝင် မယ်ဆိုရင်လည်း သူ့ဆီက အခမဲ့ Email Test တွေ ရယူ ဖြေဆိုပြီး ကိုယ့်ရဲ့ရမှတ်ကိုလည်း ပြန်လည်ကြည့်ရှုလို့ ရပါတယ်။ ဒီ websites က သူ့ရဲ့ Tests တွေကို အပတ်စဉ် Update လုပ်ပေးပါတယ်။

2. (www.englishclub.com)

သူကတော့ ဒုတိယအကောင်းဆုံး Learning English websites ပါ။ ဒီ website မှာတော့ လူငယ်ကြိုက် လွတ်လပ်စွာ English သင်ကြားတဲ့ပုံစံကို ရယူနိုင်ပါတယ်။ ပြီးတော့ ကိုယ့်ရဲ့ကဗျာလေးတွေ၊ စာလေးတွေကို website ပေါ်မှာပြန်ပြီး Upload လုပ်လို့ရသလို ကိုယ့်ရဲ့ ထင်မြင်ချက် (Comments)တွေကိုလည်း website ပေါ်မှာ ရေးလို့ရပါတယ်။ ဒါ့အပြင် အင်္ဂလိပ်စာနဲ့ ပတ်သက်ပြီး မေးမြန်းတဲ့မေးခွန်းပြသနာတွေကိုလည်း အခမဲ့ email နဲ့ ဖြေကြားပေးပါသေးတယ်။

3. (www.freeenglish.com)

ဒီ website မှာတော့ အခမဲ့သင်ခန်းစာတွေ၊ English နဲ့ ပတ်သက်တဲ့ ebook တွေကို download ရယူ နိုင်ပါတယ်။

4. (www.rong-chang.com)

ဒီ website ကတော့ အင်္ဂလိပ်စာကို second language အဖြစ် လေ့လာတဲ့ သူတွေအတွက် အထူး လွှင့်တင်ထားတဲ့ website ပါ။ အထူးသဖြင့် ကျွန်မ တို့လို English ဘာသာ mother language မဟုတ်တဲ့ လေ့လာသူများအတွက် သင့်လျော်ပါတယ်။ လေ့ကျင့်ခန်း မျိုးစုံထဲက ကိုယ်နဲ့ကိုက်ညီမယ့် လေ့ကျင့်ခန်းတွေကို ရွေးချယ်လေ့ကျင့်နိုင်ပါတယ်။

5. (www.englishathome.com)

ဒီ website မှာတော့ Grammer, vocabulary, verbs and speaking games တွေနဲ့ English newsletter (သတင်းလွှာ) တွေကို အခမဲ့ရယူနိုင်ပါတယ်။

6. (www.mylanguageexchange.com)

ဒီ website ကတော့ နာမည်အတိုင်း မတူညီတဲ့ ဘာသာစကား နှစ်ခုကို မတူညီတဲ့ လူနှစ်ယောက် သင်ယူ တဲ့ နေရာမှာ ကူညီပေးပါတယ်။ ဥပမာ – ပြင်သစ်စကား သင်နေတဲ့Englishh speaker တစ်ယောက်နဲ့ အင်္ဂလိပ် စကားသင်နေတဲ့ french speaker တစ်ယောက် အပြန် အလှန် သင်ကြားတဲ့ပုံစံမျိုးပါ။

7. (www.roseofyork.co.uk)

ဒီ website ကိုတော့ the rose of york English college က လွှင့်တင်ထားတာပါ။ ဒီ site မှာ user တွေ အနေနဲ့ general English, business English, academic English, English speaking စတာတွေကို အခမဲ့သင်ကြား လေ့လာနိုင်ကြပါတယ်။

8. (www.expert-english.com)

ဒီ site မှာတော့ user တွေကိုယ်တိုင် ပါဝင် (participate) နိုင်တဲ့ program တွေနဲ့ အင်္ဂလိပ်ဘာသာကို သင်ကြားပေးထားပါတယ်။ ဥပမာ – one stop English perfection program မျိုးတွေနဲ့ပါ။

9. (www.worldenglish.com)

ဒီ website ကတော့ ကမ္ဘာတစ်ဝှမ်းမှာရှိတဲ့ English ဘာသာလေ့လာသူတွေအနေနဲ့ Highest quality English language resources တွေကို ရရှိကြစေနိုင်ဖို့ လွှင့် တင်ထားတယ်လို့ ဆိုပါတယ်။ သူ့ရဲ့ ထူးခြားချက်က မျက်စိမှုန်သူများနှင့် အသက်အရွယ် ကြီးရင့်သူတွေ အတွက်ပါ လေ့လာနိုင်ဖို့ font size အကြီး အသေးကို အဆင့် ၄ ဆင့်အထိ ပြောင်းလို့ရပါတယ်။ အင်တာနက် ပေါ်က စာလုံးသေးသေးလေးတွေကို ဖတ်ရတာ စိတ် ပျက်နေသူတွေအတွက် များစွာသင့်လျော်ပါတယ်။

10. (www.learnenglish.org.uk)

ဒီ website မှာတော့ English ဘာသာလေ့လာ ရာမှာ အထောက်အကူပြု quotes တွေ၊ films တွေ၊ music file တွေကို အခမဲ့ download ရယူနိုင်ကြပါတယ်။

Sayar Antony မူရင်းရဲ့ မူရင်း ပို့စ်မှာ အချို့ Link များ မှားနေပါသဖြင့် ပြန်လည်ဖြည့်စွက် ပေးထားပါသည်။

Thiha Bo Bo

Myanmar End User ကို အကောင်းဆုံးဖြစ်အောင် တင်ဆက်ပေးသွားပါ့မယ်… ကျွန်တော်နဲ့အတူ Blogger life ကို စိတ်ဝင်စားသူများ Guest blogger များကိုလည်း Myanmar End User မှာ ဝင်ရောက်ရေးသားဖို့ ဖိတ်ခေါ်ပါတယ်…
Facebook Profile: Fb/dev.thihabobo
Email: thihabobo@myanmarenduser.com

http://www.myanmarenduser.com

Similar Articles

Leave a Reply

Top
Skip to toolbar